Sunday, March 23, 2014

“မြတ်စွာဘုရားကို ရှိခိုးပူဇော်တဲ့ အခါမှာ”


‘ဘယ်ဘုရားက ဆုတောင်းပြည့်သတဲ့၊ ဘယ်ဘုရားက အလိုတော်ပြည့်သတဲ့’ ဒီလို အညံ့စားစိတ်ဓာတ်လေးနဲ့ မပူဇော်သင့်ပါဘူး။

မြတ်စွာဘုရားရဲ့ ပုံတော်မှာ ဂုဏ်တော်တွေ ထုံမွှမ်းပြီး ရှိခိုးပူဇော်သင့်ပါတယ်။ ဘုရားဖူးသွားတဲ့ အခါမှာလည်း
‘ဒီဘုရားက ဘယ်လိုနာမည်ကြီးတာ၊ ဘယ်လို တန်ခိုးကြီးတာ’ ဒါမျိုးစိတ်ထားနဲ့ မဖူးမြော်သင့်ပါဘူး။

ဒီလို စိတ်ထားမျိုးနဲ့ ဆည်းကပ်ကိုးကွယ်နေခဲ့ရင် သဒ္ဓါတရား မစစ်မှန်သေးဘူးဆိုတာ ပြနေပါတယ်။

(မြစကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ)
(အမြုတေစိတ်ဓာတ် စာအုပ်မှ ကောက်နှုတ်ချက်)
(သာသနာနွယ် သာသနာနွယ်ဆရာတော်ထံမှ ယူပါသည်)

No comments:

Post a Comment