Sunday, March 23, 2014

ပရဟိတသမားတွေ မေတ္တာရှင်တွေဆိုတာ


တစ်ခါတုန်းကလူငယ်တစ်ယောက်ဟာ ပင်လယ်
ကမ်းစပ် သဲသောင်ပြင်က တစ်စုံတစ်ခုကို လိုက်
ကောက် ပင်လယ်ထဲကိုလွှင့်ပြစ်လိုက်လုပ်နေတာ
ကိုတွေ့ရတယ်။ အခြားသူတစ်ယောက်က လမ်း
လျှောက်နေရင်း တွေ့မြင်လို့သေသေချာချာကြည့်
လိုက်တဲ့အခါကမ်းစပ်မှာသောင်တင်နေတဲ့ခရုတွေ၊
ငါးငယ်လေးတွေကို လိုက်ကောက်ပြီး ရေထဲပြန်
လွှတ်နေတာဖြစ်နေတယ်။

အဲဒီလူက ကောင်လေးကိုပြောတယ်။
မင်းအခုလိုလုပ်တာ ပင်ပန်းရုံ ရှိမယ်။ ဒီကမ်းစပ်
တစ်လျှောက်မှာ အခုလို သောင်တင်နေတဲ့ ခရု
တွေ၊ ငါးတွေကအများကြီးရယ်။ ဘယ်လိုလုပ်ပြီး
မင်းအကုန် လုပ်နိုင်ပါ့မလဲကွာ၊ မထူးခြားသွားပါ
ဘူးလို့ပြောတော့လူငယ်က ငါးလေးနောက်ထပ်
တစ်ကောင်ကို လက်နဲ့ဖွဖွလေးဖမ်းပြီးတော့ ရေ
ထဲပြန်လွှတ်ရင်းအခုလိုပြန်ပြောလိုက်တယ်။

ဒီငါးလေးအတွက်တော့ ထူးခြားသွားပါတယ်ဗျာ
တဲ့။

ဒါကဘာပြောတာလဲဆိုတော့ ပရဟိတသမားတွေ
ဆိုတာ ပါရမီရှင်တွေလို ကြီးကြီးကျယ်ကျယ် လုပ်
နိုင်မှမဟုတ်ပါဘူး။ တစ်ပိုင်တစ်နိုင် ကိုယ်လုပ်နိုင်
သလောက် တစ်ဦးတစ်ယောက်ရဲ့ အကျိုးဆောင်
ရင်လဲ ပရဟိတသမားပဲဆိုတာကိုပါ။

တိပိဋကဓရဆရာတော် ဦးသုမင်္ဂလ
အရှင်ဝဏ္ဏသီရိစလေ၏
အလင်းရောင်ဆောင်းပါးများမှ

No comments:

Post a Comment