Sunday, March 30, 2014

ဘာသာရေးဆွေးနွေးခြင်း အပိုင်း(၁)



မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် မွတ်စလင်လင်လူမျိုး အစ္စလာမ်ဘာသာဝင် မော်လဝီပညာရှင်တစ်ဦးနှင့် ဘာသာရေးဆွေးနွေးခြင်း
အပိုင်း(၁)

****************************

သူငယ်ချင်းများအားလုံးပဲ …………… မင်္ဂလာပါဗျာ။

ကျွန်တော်တို့ ရဲ့ ဆွေးနွေးပွဲကို မူလအစက (၂၃-၂-၂-၁၄) နှင့် (၂-၃-၂၀၁၄) ရက်နေ့ မှာဆွေးနွေးဖို့ ရည်ရွယ်ထားခဲ့သော်လည်း ကျွန်တော်တင်ထားသော Face Book Status Post ကိုကြည့်ပြီး ထိုမော်လ၀ီဆရာနဲ့  ကျွန်တော့်ကိုဖိတ်ခေါ်ထားသော မွတ်စလင် သူငယ်ချင်းတို့ ရဲ့ ဆုံးဖြတ်ချက်အရ ရွေပြောင်းလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုရင် လူမျိုးရေး / ဘာသာရေး နှင့်ဆိုင်သော
လူစုလူဝေးများဖြစ်လာပြီး ပဋိပက္ခဖြစ်မှာကို မလိုလားတဲ့အတွက် မထင်မှတ်ပဲ ( ၂၆-၂-၂၀၁၄) မှာ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

ဆွေးနွေးပြောစကားများဟာ စကားနဲ့ပြောထားတာဖြစ်တဲ့အတွက် အလွန်ပဲများပြားပါတယ်။ ဒါကြောင့် တခြားသော အံလာပ သံလာပ စကားများနဲ့ Personal စကားများကိုချန်ထားပြီး ဆွေးနွေးပွဲစကားရဲ့  အဓိကလိုရင်းစကားများကိုသာ လိုတိုရှင်းတင်ပေးခြင်းဖြစ်ပါတယ်။

စတင်ဆွေးနွေးပါပြီ
========== 

(မော်လ၀ီဆရာ)
ငါ့တူက အလ္လာဟ်ရှင်မြတ် ရှိခြင်း မရှိခြင်း နဲ့  ၀ိညာဉ် ရှိခြင်း မရှိခြင်းကို ဘယ်လိုများဆွေးနွေးချင်လဲဆိုတာ ဦးလေးကိုပြောပြကြည့်ပါဦး။

(KMMS)
ဟုတ်ကဲ့ပါ ဦးလေး။ အရင်ဆုံး ကျွန်တော်တို့ မဆွေးနွေးခင်မှာ ကြိုတင်ပြီး
စကားခံထားရမယ့်အရာတွေရှိပါတယ်။ အခုလိုပြောရတဲ့ အကြောင်းကတော့ ကျွန်တော့်ရဲ့ အတွေ့ အကြုံအရလို့ ပဲ ပြောရမှာပါပဲ။ Online မှာ ဘာသာရေး ဆွေးနွေးတဲ့အခါ မွတ်စလင် တော်တော်များများက အကြောင်းအကျိုးအရ ယုတ်တိအရ ရှင်းပြတာတောင် သူတို့ တွေက အရမ်းငြင်းခုံကြတာကို တွေရလို့ပါပဲ ဦးလေး။ ဒါကြောင့် ဦးလေးလို မော်လ၀ီပညာရှင်က ကျွန်တော့်ကို
အပြင်မှာတွေ့ ဆုံပြီး ဘာသာရေးအသိပညာဆွေးနွေးဖို့  ကမ်းလှမ်းတာကို ၀မ်းသာမိပါတယ်။ နောက်တစ်ခုက အပြင်မှာဆွေးနွေးဖို့ ကို ကျွန်တော့်က လက်ခံတယ်ဆိုတာ ဗဒ္ဓဘာသာအရကြည့်ရင် ဓမ္မကထိကအဆင့်ရှိသူလည်း ဖြစ်သလို၊ လူကြီးလူကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်
အခုလိုဆွေးနွေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးဆွေးနွေးပွဲကို
စတင်တော့မယ်ဆိုရင် (ပညာရှိဆွေးနွေးခြင်းနဲ့ စစ်သူကြီးဆွေးနွေးခြင်း)
ဆိုပြီးပုံစံ ၂ မျိုး ရှိပါတယ် ဦးလေး။ ဦးလေးကိုကျွန်တော်က အရင်မေးပါရစေ။ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမှာလဲဆိုတာကို ဦးလေးကိုယ်တိုင်ပဲ ရွေးချယ်ပေးစေချင်ပါတယ်။

(မော်လ၀ီဆရာ)
ငါ့တူပြောတဲ့ (ပညာရှိဆွေးနွေးခြင်း နဲ့  စစ်သူကြီးဆွေးနွေးခြင်း) ဆိုတဲ့
ပုံစံ ၂ မျိုး အကြောင်းကို ဦးလေးကို ရှင်းပြပေးပါဦးကွယ်။ အရင်ဆုံး ဦးလေးဘက်က သိချင်လို့ ပါ။

(KMMS)
ဟုတ်ကဲ့ ရှင်းပြပေးပါ့မယ် ဦးလေး။ ပညာရှိဆွေးနွေးခြင်းပုံစံဆိုတာ
တစ်ဖက်လူက (ယုတ်တိရှိရှိ၊ သဘာဝကျကျ၊ လက်တွေ့ အရ၊ အကျိုး
အကြောင်းညီညွတ်စွာ ဖြေရှင်းပြပြီး ၊ ရှင်းလင်းချေပပြောဆိုနိုင်ပါလျှင်
ဟုတ်တိုင်းမှန်စွာလက်ခံပေးရပါလိမ့်မယ် ဦးလေး။ ထိုပုံစံသည် ပညာရှိများ လူတော်များ ဆွေးနွေးခြင်းပုံစံဖြစ်ပါတယ်။ နောက်တစ်နည်းက တစ်ဖက်လူက ပြောလိုက်တဲ့စကားတစ်ခွန်းသည် မိမိခံယူထားသော ယုံကြည်ချက်နဲ့ လွဲမှားနေတဲ့အတွက်၊ မိမိအယူအဆနဲ့ မကိုက်ခြင်း၊ အယူအဆမတူခြင်းများ ရှိသည့်အတွက် မိမိနှင့် မိမိယုံကြည်သော ဘာသာတရား၊ ဘုရားရှင်များကို
စော်ကားနေပါတယ်လို့ စိတ်ထဲမှာခံယူပြီး၊ (အမျက်ဒေါသထွက်ခြင်း၊ မချေမငံပြန်လည်ပြောဆိုခြင်း၊ တစ်ဖက်လူမှ အကျိုးသင့်အကြောင်းသင့် ယုတ်တိရှိရှိ ပြောဆိုနိုင်ပါသော်လည်း မိမိဘက်မှ အမှန်ကိုဝန်မခံနိုင်ဘဲ တစ်ယူသန်ကာ ငြင်းဆိုခြင်း) စသည့်ပုံစံမျိုးဟာ စစ်သူကြီး ဆွေးနွေးခြင်းပုံစံပဲ ဖြစ်ပါတယ်။

(မော်လ၀ီဆရာ)
အေး …… ငါ့တူ ပြောပြတာ ဗဟုသုတရလိုက်ပါတယ်ကွယ်။ တစ်ယောက်နဲ့ တစ်ယောက်ငြင်းခုံတာပဲဖြစ်ဖြစ်၊ ဆွေးနွေးတာပဲဖြစ်ဖြစ် ဒီအချက်(၂)ချက်ဟာ အမှန်တကယ်လိုအပ်တယ်ဆိုတာ ဦးလေးနားလည်လိုက်ပါပြီ ငါ့တူ။
ဒီတော့ ငါ့တူရော ဦးလေးရော (ပညာရှိဆွေးနွေးခြင်းပုံစံ) နဲ့ စတင်ပြီးဆွးနွေးကြရအောင်။

(KMMS)
ဟုတ်ကဲ့။ ဦးလေးဘက်က စတင်ပြီး ဆွေးနွေးပြီးပြောပါ။

(မော်လ၀ီဆရာ)
အော် …….. ခဏလေး နေပါဦးငါ့တူ။ ဦးလေးဘက်က အလ္လာဟ်ရှင်မြတ် ရှိမရှိကို သိသာစေဖို့ အတွက် ငါ့တူကို ဥပမာပေး နှိုင်းပြပုံဆောင်ပြပြီး
မေးခွန်းထုတ်တာမျိုးတွေကို အနည်းအကျဉ်းရှိတတ်ပါတယ်။ ဒီအခါမှာ ငါ့တူဘက်ကလည်း ပြန်လည်ဖြေရှင်းချေပပေးနိုင်ဖို့ လိုပါလိမ့်မယ် ဆိုတာကို ဦးစွာ ပြောဆိုချင်ပါတယ်။ ဘယ်လိုလဲ ငါ့တူ သဘောတူရဲ့ လား?

(KMMS)
ဟုတ်ကဲ့ ဦးလေး။ ကျွန်တော့်ကို မေးမယ့်မေးခွန်းများကိုလည်းကျွန်တော့်
ဘက်ကအတတ်နိုင်ဆုံး ယုတ်တိရှိစွာ၊ သဘာဝကျစွာ၊ အကျိုးအကြောင်းနဲ့  ညီညွတ်မျှတစွာ ပြန်လည်ဖြေဆိုနိုင်အောင် ကြိုးစားပါ့မယ်။ တကယ်လို့  ဦးလေးမေးခွန်းကို ကျွန်တော့်ဘက်က မဖြေနိုင်ဘူးဆိုရင်လည်း မဖြေနိုင်တဲ့ အကြောင်းကို ရိုးသားစွာနဲ့ ဝန်ခံပေးသွားပါ့မယ်လို့  ကတိပေးပါတယ် ။

(မော်လ၀ီဆရာ)
ကောင်းပြီ …………. ငါ့တူရဲ့ စိတ်ဓာတ်ကိုတော့သဘောကျပါတယ်။ ငါ့တူကို ဗဟုသုတအသိညာဏ်ဘယ်လောက်ရှိသလဲဆိုတာ အားစမ်းတဲ့အနေနဲ့  အခြေခံမေးခွန်း (၃) ခုလောက်ကို ဦးစွာ မေးကြည့်ချင်ပါတယ်။ အလ္လာဟ်ရှင်မြတ်ဆိုတာ ဘယ်အရာမှမရှိခင် အစကတည်းက တည်ရှိနေတဲ့ အရှင်မြတ်ဖြစ်တယ် ငါ့တူ။ ဒီတော့
မေးခွန်း (၁) ကိန်းဂဏန်းသင်္ချာမှာ ၁ ဂဏန်းမှစပြီး ရေတွက်ပါတယ်။
(၁) ဂဏန်းအရှေ့ မှာ ဘာရှိလဲ ငါ့တူ ? အလ္လာဟ်ရှင်မြတ်လည်း ထို့ အတူပါ။ အလ္လာဟ်ရှင်မြတ်အရှေ့ မှာ၊ သူ့ အရင်မှာ မည်သည့်အရာမှ မရှိနိုင်လို့ ပါ။ 
မေးခွန်း (၂) ငါ့တူရဲ့ ဦးနှောက်ကို မြင်ရလို့ လား ? ဖြေကြည့်ပေးပါဦး ?
မေးခွန်း (၃) အခုမေးမယ့်မေးခွန်းကိုတော့ ငါ့တူ စိတ်မဆိုးနဲ့ နော်။ ငါ့တူ
နားလည်အောင်ပုံဆောင်ပြပြီး မေးခွန်းထုတ်တဲ့သဘောပါ။
ငါ့တူရဲ့ အဖေကို ငါ့တူက အဖေပါလို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ?
ငါ့တူမမွေးခင်ကတည်းက ရှိနေတဲ့ အဖေကိုကျတော့ ငါ့တူတို့ က အဖေအစစ်ပါလို့ ယုံကြည်လက်ခံနိုင်သေးတာပဲလေ။ ငါ့တူတို့ နဲ့ အတူ ကမ္ဘာမြေကြီး၊ ကောင်းကင် နဲ့ အရာအားလုံး မရှိခင်မှာ ရှိနေပြီးဖြစ်တဲ့ အလ္လာဟ်ရှင်မြတ်ကို မရှိပါဘူးလို့ ငြင်းဆိုနေမယ်ဆိုရင် သဘာဝကျပါ့မလား? ယုတ်တိရှိပါဦးမလား?
ကဲ ….. အားစမ်းတဲ့အနေနဲ့ ဦးလေးမေးတဲ့ မေးခွန်း(၃) ခုကို ပြန်ချေပပြောဆို ကြည့်ပါဦးကွယ်။

(KMMS)
ဟုတ်ကဲ့ ဦးလေးမေးတဲ့ မေးခွန်း (၃) ခုကို ပြန်ဖြေပေးပါ့မယ်။
မေးခွန်း(၁) အတွက် ……………
ဦးလေးဘက်က သင်္ချာကိန်းဂဏန်းနဲ့ ဥပမာပေးပြီး ခိုင်းနှိုင်းပုံဆောင်ပြတဲ့
အတွက် ကျွန်တော့်ဘက်ကလည်း သင်္ချာကိန်းဂဏန်းအရ ပြန်လည်ဖြေရှင်းပေးပါ့မယ်။ သင်္ချာကိန်းဂဏန်းတွေမှာ ဦးလေးပြောသလို ရေတွက်ခြင်းမှာ များသောအားဖြင့် ၁ ဂဏန်းက စတင်တာများပါတယ်။ ဒါကို လက်ခံပါတယ်။ မငြင်းပါဘူး။ သို့ သော် ရေတွက်ခြင်းကသက်သက်ဖြစ်ပြီး၊ သင်္ချာကိန်းဂဏန်းတွေတည်ရှိနေပုံက သက်သက်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော့်က
ပြောပြရှင်းပြပေးပါ့မယ်။ အဆုံးအစမရှိတဲ့ တ်ကိန်းဂဏန်းတန်ဘိုးများမှ
လာတဲ့ (n) infinity ……………. -6 -5 -4 -3 -2 -1 တန်ဘိုးတွေပြီးတဲ့အခါ အလယ်ခေါင်မှာ (သုည)(Zero)(0) ဆိုတဲ့ ကိန်းဂဏန်းတန်ဘိုးရှိပါတယ်။ ထို (သုည)(Zero) တန်ဘိုးပြီးသွားတဲ့အခါမှာ +1 +2 +3 +4 +5 +6 ……………
……….. infinity (n) ဆိုပြီး အပေါင်းကိန်းဂဏန်းသင်္ချာတွေ
ဟာ အဆုံးအစမရှိတဲ့အထိသွားနေပါတယ်။ (အပေါင်း)(Plus)(+) ကို
ထည့်မရေးလည်းရပါတယ်။ ဒီတော့ ကျွန်တော်ပြောလိုတာက ဦးလေးပြောပြတဲ့ဥပမာအရ ဘယ်သင်္ချာကိန်းဂဏန်းက အစလဲဆိုတာကို ဦးလေးပြောပြနိုင်ပါသလား?
မေးခွန်း(၁)အတွက် နောက်ဆုံးပြောလိုတာက ဦးလေးပြောတဲ့
ဥပမာစကားအတိုင်းပါပဲ သင်္ချာကိန်းဂဏန်း တန်ဘိုးတွေက အစအဆုံးမရှိတဲ့အတွက် လောကမှာ အလ္လာဟ်ဆိုတာလည်း လုံးဝ မရှိဘူးဆိုတာ သိနိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ မေးခွန်း(၁)ကို ပြန်လည်ချေပပြီး ဖြေရှင်းထားတာကို ဦးလေးဘက်က ဘယ်လိုသဘောရပါသလဲ?

(မော်လ၀ီဆရာ)
ကောင်းပါပြီ ငါ့တူ။ မေးခွန်း(၁) အတွက် ဦးလေးဘက်က ဘာမှပြန်ပြောစရာ မရှိပါဘူးကွယ်။ မေးခွန်း (၂) နဲ့  (၃) ကို ဆက်ဖြေကြည့်ပေးပါဦး။

(KMMS)
ဟုတ်ကဲ့ မေးခွန်း (၂) ကို ဆက်ဖြေပေးပါ့မယ်။ ကျွန်တော့်ဘက်က တိုတိုနဲ့ လွယ်လွယ်သိနိုင်တဲ့အဖြေတစ်ခုကိုဖြေပေးပါ့မယ်။
X-Ray (or) CT Scan စက်များနဲ့  ဆရာဝန်တွေနဲ့ မိမိ ပါ Monitor Screen ဖန်သားပြင်မှာ ကိုယ်တိုင်ရော သူတပါးတွေပါ ကြည့်လို့ ရနိုင်ပါတယ်လို့ ပြန်ဖြေပေးလိုက်ပါတယ်။

(မော်လ၀ီဆရာ)
ဦးလေးဘက်က ငါ့တူကို တစ်ခု စောဒကတတ်ချင်သေးတာက သိပ္ပံပညာနဲ့ ဆေးပညာမပေါ်သေးခင်အချိန်မှာဆိုရင်ရော ဘယ်လိုပြန်ဖြေပေးမလဲ ငါ့တူ ?

(KMMS)
မေးခွန်း(၂) မှာမေးထားတာ ဦးလေးဘက်က ခန္ဓာဗေဒနဲ့ ပက်သက်ပြီး ဥပမာပေးမေးခွန်းထုတ်ထားတာကိုတွေ့ ရပါတယ်။ ကျွန်တော့်ရဲ့ ဦးနှောက်ကို မြင်ရလို့ လားဆိုပြီးမေးထားတာကိုတွေ့ ရပါတယ်။ ကျွန်တော့်ဘက်က ဦးလေးကိုပြန်ပြီး ချေပဖြေရှင်းချက်ပေးလိုတာက ခန္ဓာကိုယ်ဖွဲ့ စည်းမှုပုံစံမှာ မျက်လုံးသည် အရှေ့ မှာရှိနေပြီး ဦးနှောက်က အနောက်ဘက် အပေါ်ပိုင်းမှာ ရှိနေခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ဦးနှောက်ကို ဦးရေပြားနဲ့ ဦးခေါင်းခွံက ဖုံးအုပ်ထားခြင်းကြောင့်လည်း မမြင်တွေ့ နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီသဘောတရားအတိုင်း ကျွန်တော့်ဘက်ကပြောရမယ်ဆိုရင် ဦးနှောက်မှရယ်လို့ မဟုတ်ပါဘူး။ အပြင်ဘက်မှာရှိနေတဲ့ နားရွက်၊ နောက်စေ့၊ လည်ကုတ်၊ ကျောပြင် စတဲ့ အရေပြားအပြင်မှာရှိနေတဲ့ အစိတ်အပိုင်းတွေကိုတောင် မျက်လုံးက မြင်နိုင်စွမ်းမရှိပါဘူး ဦးလေး။ ဒီလိုမျက်လုံးအနောက်ဘက်မှာ
တည်ရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မိမိမျက်လုံးက မမြင်ရပေမယ့် သူတပါးမျက်လုံးများနဲ့ မြင်တွေ့ နိုင်ပါတယ် ဦးလေး။ မေးခွန်း ၂ နဲ့ ပက်သက်ပြီး နောက်ဆုံး ပြောလိုတာက ကျွန်တော့်ရဲ့ ဦးနှောက်ကို ကျွန်တော့်ရဲ့ မျက်လုံးက မမြင်ရတဲ့ ဥပမာပုံစံအရဆိုပါလျှင် ဦးနှောက်နေရာမှာ အလ္လာဟ်ဖြစ်ပြီး၊ မျက်လုံးနေရာမှာ ကျွန်တော်ကိုယ်တိုင်ပဲလို့  ဦးလေးဘက်က ပမာပေးပြီး
ခိုင်းနှိုင်းပြောမယ်ဆိုရင် ဦးနှောက်နှင့်တူသောတည်ရှိခြင်းဖြစ်တဲ့ အလ္လာဟ်ကို ကျွန်တော်မမြင်နိုင်ပေမယ့် အခြားသူတွေအားလုံးမြင်တွေ့ နိုင်မှာပဲဖြစ်ပါတယ် နောက်ပြီး X-Ray , CT Scan စက်တွေနဲ့ အတူ ဆရာဝန်တွေ၊ ပါရဂူတွေနဲ့  အတူ ကျွန်တော်ကိုယ်တိုင် Monitor Screen မှာမြင်တွေ့ နိုင်စွမ်း ရှိပါတယ်။ ကျွန်တော် ပြန်လည်ချေပပြောဆိုချက်ကို ဦးလေးဘက်က ဘယ်လိုသဘောရပါသလဲ? လက်ခံပါသလား ဆိုတာကိုပြောပြပေးပါဦး?

(မော်လ၀ီဆရာ)
ငါ့တူရဲ့ ဖြေရှင်းချက်ကို ဦးလေးလက်ခံပါတယ်။ ဖြေရှင်းချက်ကောင်းပါတယ်။ ဒီလိုမေးခွန်းကို ခန္ဓာဗေဒအရ သေချာစွာပြန်လည်ချေပနိုင်လို့ ပါပဲ။ မေးခွန်း (၃) ကို ဆက်လက်ဖြေကြည့်ပါဦး ငါ့တူ။

(KMMS)
ဟုတ်ကဲ့ မေးခွန်း (၃) ကို ဆက်လက်ပြီး ဖြေဆိုပေးပါ့မယ် ဦးလေး။
ဦးလေးမေးထားချက်က ပညာသား ပါပါတယ်။ မှတ်သားလောက်ပါတယ် ဆိုတာကို ၀န်ခံပါတယ်။ ဒီမေးခွန်းက ကျွန်တော် အတွေ့ အကြုံရှိထားတဲ့ မေးခွန်းတစ်ခုပါပဲ။ DNA , HNA စစ်ဆေးကြည့်လိုက်ရင် သိနိုင်ပါတယ်။

(မော်လ၀ီဆရာ)
ငါ့တူကို တစ်ခုပြောကြည့်ပါ့မယ်။ သိပ္ပံမပေါ်ခင်၊ ခောတ်သစ် ဆေးပညာတွေ မပေါ်ခင်ဆိုရင်ရော ဘယ်လိုပြန်ဖြေမလဲ ငါ့တူ?

(KMMS)
ကျွန်တော့်အဖေဟာ အဖေအရင်း၊ အဖေအစစ် ဖြစ်ပါတယ်ဆိုတာကို ကျွန်တော့်အမေကပြောပြလို့ သိရပါတယ်။ ဒါကြောင့်လက်ခံပါတယ်။

(မော်လ၀ီဆရာ)
ငါ့တူရဲ့ မိခင်က ငါ့တူကို အမှန်အတိုင်းပြောပါ့မလား၊ အမှန်အတိုင်းမပြောဘဲ လိမ်ထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ဖြေကြည့်ပါဦး ငါ့တူ။

(KMMS)
ဟုတ်ကဲ့ပါ ဦးလေး။ ဦးလေးအခု ပြောတဲ့အကြောင်းအရာက ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ မိခင်ဆိုတာက ကျွန်တော့်ကို ကိုယ်ဝန်စပြီး
ရှိကတည်းက (ပူ၊ ငန်၊ စပ်၊ ခါး)တွေကိုရှောင်ပါတယ်။ သန္ဓေသားထိခိုက်မှာ ကိုစိုးရိမ်ခဲ့ပါတယ်။ အရမ်းကို မေတ္တာစစ်နဲ့  ဂရုစိုက်ပြီး ကျွန်တော့်ကို မွေးဖွားပေးခဲ့တဲ့မိခင်ဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းက ၉လ ကျော်၊ ၁၀လ လောက်ကို အပင်ပန်း၊ အဆင်းရဲခံပြီး၊ တနေ့ ကို သင်္ချိုင်းကုန်းကို မျက်စောင်းထိုးရလောက်အောင် သေမင်းနဲ့ အပြိုင်စစ်ခင်းပြီး ဖြူစင်သန့် ရှင်းတဲ့ ၅၂၈သွယ် မိဘမေတ္တာနဲ့ လူလားမြောက်အောင် မွေးဖွားပေးခဲ့တဲ့ မိခင်က ကိုယ့်သားသမီးကို ဦးလေးပြောသလို လိမ်ညာလှည့်စားပါ့မလား။ ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင် မိခင်များကတော့ဒါမျိုးလုံးဝမရှိပါဘူး။ ဦးလေးတို့ အစ္စလာမ်မိခင်တွေက ဒါမျိုးရှိမယ်ဆိုရင်တော့ မပြောတတ်ပါ။

(မော်လ၀ီဆရာ)
ဟုတ်ပါပြီ ငါ့တူ။ ငါ့တူကို စကားကပ်တာတော့ မဟုတ်ပါဘူး။ စောဒက
တတ်ကြည့်မယ်နော်။ ငါ့တူရဲ့ မိခင်က ငါ့တူကို မွေးပြီးပြီးချင်းမှာ သေဆုံး
သွားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ ? ပြန်ဖြေကြည့်ပါဦး။

(KMMS)
ဟုတ်ကဲ့ ပြန်ဖြေပေးပါ့မယ်။ ကျွန်တော့် အဖေကို အဖေအရင်းပါလို့  ဘယ်လိုသိနိုင်မလဲဆိုရင် ကျွန်တော် မမွေးခင်ကတည်းက အဖေနဲ့ အမေဟာ သမီးရည်စားတွေဖြစ်ခဲ့ကြပါတယ်။ အဖေနဲ့ အမေ သမီးရည်းစားချစ်သူတွေ ဖြစ်နေတာကို ၂ဖက် သူငယ်ချင်းများ အားလုံးလည်း အသိဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ ၂ဖက် မိဘတွေကို ဖွင့်ပြောပြပြီး ၂ဖက် မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းများအလယ်မှာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ဒီလိုကျွန်တော့် အဖေနဲ့ အမေ ရဲ့ လက်ထပ်ထိမ်းမြားပွဲကို ( ၂ဖက် မိဘများ၊ ၂ဖက် ညီအစ်ကို မောင်နှမများ၊ ၂ဖက်ဆွေမျိုးအသိုင်းအ၀ိုင်းများ၊ သူငယ်ချင်းမိတ်ဆွေများ၊
ရပ်ကွက်လူကြီးမင်းများ၊ ရပ်ကွက်အိမ်နီးနားချင်းများအားလုံး တတ်ရောက်ကြပါတယ်။ ဒီတော့ ကျွန်တော့်အဖေကို အဖေပါလို့  အဘိုး၊ အဘွားများက ပြောဆိုကြပါတယ်။ အဘိုးအဘွားများတင်မကပါဘူး။ ဦးလေး အဒေါ်တွေက ပြောပေးကြပါတယ်။ ဒါမှအဖြေကို မကျေနပ်သေးရင် ၂ဖက် ဆွေမျိုးအသိုင်းအ၀ိုင်းက ပြောပေးကြပါတယ်။ ဒါမှမဟုတ်သေးရင် အဖေနဲ့ အမေရဲ့  သူငယ်ချင်းတွေက ပြောပေးကြပါတယ်။ ဒါမှမဟုတ်သေးရင် အိမ်နီးနားချင်းတွေက အားလုံးသိကြ၊ အားလုံးပြောပေးကြပါလိမ့်မယ်လို့  အဖြေကို ပေးလိုက်ပါတယ်။ ကျွန်တော်ဖြေဆိုထားချက်ကို ဦးလေးဘက်က
ဘာများ ပြောစရာ ရှိပါသေးလဲ?

(မော်လ၀ီဆရာ)
ငါ့တူရဲ့ ဖြေရှင်းချက်တွေကို ဦးလေးဘာမှပြန်မပြောတော့ပါဘူး။ ငါ့တူရဲ့ 
ဖြေရှင်းချက်တွေ ကောင်းပါတယ်။ ငါ့တူက အလ္လာဟ်ရှင်မြတ် မရှိပါဘူးလို့  ဘယ်လိုသက်သေအထောက်အထားနဲ့ ပြောနိုင်လို့ လဲ? ပြောကြည့်ပါဦး။

(KMMS)
ဟုတ်ကဲ့ ပြောပါ့မယ် ဦးလေး။ လောကမှာ ဖန်ဆင်းရှင် အလ္လာဟ် ဆိုတာ
လုံးဝမရှိတဲ့အတွက် ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းတော်မူလာခြင်းပဲ ဖြစ်ပါတယ်။
ဒါဟာ တစ်ခုတည်းသော၊ အကောင်းဆုံးသော သက်သေ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်တို့ မည်သည် တစ်ဘ၀လောက်ပဲကျင့်ကြံပြီး ဘုရားဖြစ်တာလုံးဝ မဟုတ်ပါဘူး။ ဘ၀ပေါင်းကို ကမ္ဘာနဲ့ ချီပြီး အသင်္ချေများစွာ ပါရမီတွေကို ဘ၀အဆက်ဆက် ဖြည့်ကျင့်ပြီးမှ ပွင့်ထွန်းလာတဲ့ဘုရားရှင်တွေပဲ ဖြစ်ပါတယ် ဦးလေး။ ဒါဟာ အဓိက ငြင်းဆိုချက်အများကြီးထဲကမှ
တစ်ခုကိုပဲ ပြောပြပေးလိုက်တာပါ ဦးလေးကို။

(မော်လ၀ီဆရာ)
၎ အသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ဆိုတာက ငါ့တူက တကယ်သိလို့ လား?
တကယ်ယုံကြည်တာပဲလား? ဘယ်လိုသက်သေပြပေးနိုင်မလဲ ငါ့တူ ?

(KMMS)
ဦးလေးက လူကြီးလူကောင်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆထားပါတယ်။ ဒါကြောင့် စကားကို ကပ်ပြီးမပြောဆိုသင့်ပါလို့ ထင်မိပါတယ်။ ဦးလေးပြောသလို ပြောကြေးဆိုရင် ဦးလေးကို ကျွန်တော် တစ်ခုပြောကြည့်ချင်ပါတယ်။ ဦးလေးကိုယ်တိုင်က မွေးကတည်းက အလ္လာဟ်ရှိပါတယ်လို့  သိလာခဲ့တာလား။ ဒါမှမဟုတ် အရွယ်ရောက်လာပြီး ကု၇်အာန်စာအုပ်ကို ဖတ်ပြီးမှ သိမြင်တာလား။ ကြားဖူးတာလား၊ ဦးလေးတို့ တမာန်တော်မိုဟာမက် ကိုယ်တိုင်တောင် မွေးမွေးချင်း အလ္လာဟ်ဆိုတဲ့စကားသံကို လုံးဝမကြားဖူးပါဘူး။ သိလည်း မသိခဲ့ပါဘူး ကျွန်တော် ပြောတာဟုတ်လား။တမာန်တော်မိုဟာမက် ကိုယ်တိုင်တောင် မွေးမွေးချင်းအလ္လာဟ်ဆိုတဲ့ အသံကိုလုံးဝမသိရ မကြားရဘဲ၊ အသက်၄၀လောက်မှကြားသိရတယ်ဆိုတာ
ဦးလေးငြင်းဆိုနိုင်မယ်မထင်ပါဘူး။ ဒီသဘောပါပဲ ဦးလေး။ ဦးလေးဘက်က အလ္လာဟ် ရှိပါတယ်ဆိုတာကို ကုရ်အာန်ကို ဖတ်ဖူးမှသိရတာပါ။ ကျွန်တော်လည်းထို့ အတူပါပဲ ဗုဒ္ဓရဲ့ ပိဋကတ်ကို ဖတ်ရှု့ ပြီးမှ ဒါတွေကိုသိခဲ့ရပါတယ်။ နောက်ပြီး ဗုဒ္ဓဘုရားရှင်နဲ့ ရဟန္တာတွေဆိုတာ ဘယ်တုန်းကမှလိမ်ညာရိုးထုံးစံ လုံးဝမရှိပါဘူး။ ဘုရားရှင်ဟာ သူကိုယ်တိုင် ဘုရားဖြစ်ကြောင်း ၀န်ခံထားပါတယ်။ ဘုန်းတန်ခိုးအရာမှာပဲဖြစ်ဖြစ်၊ ညာဏ်ပညာအရာမှာပဲဖြစ်ဖြစ် သီလ သမာဓိ ပညာ အရာမှာပဲဖြစ်ဖြစ် ဗုဒ္ဓထက်ကြီးမြတ်သူဆိုတာ
လောကမှာ အနန္တစကြာဝဠာမှာ လုံးဝ မရှိခဲ့ပါဘူး ဦးလေး။

(KMMS)
တကယ်လို့  ဦးလေးဘက်က ဦးလေးရဲ့ ကုရ်အာန်ကျမ်းသာ မှန်တယ်လို့ 
ပြောမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း ပိဋကတ်ရဲ့ မှန်ကန်ကြောင်းကို
သက်သေပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို လက်တွေ့ အရ
ကျွန်တော် နှိုင်းယှဉ်ပြပေးပါ့မယ်။ ဦးလေး သေချာစဉ်းစားသုံးသပ်ပေးပါ။

ဦးလေးက ပြောမယ်ဆိုပါတော့ …………

၁) ကုရ်အာန် ဆိုတာ ဖန်ဆင်းရှင်ရဲ့ ကောင်းကင်ကျကျမ်းပါလို့  ပြောရင်
၁) ပိဋကတ်ကျမ်းဆိုတာ ဘုရားဟောတရားဓမ္မတွေဖြစ်ပါတယ်။

၂) ကုရ်အာန်မှာ အာရဗီစကားလုံးပေါင်းက ထောင်ဂဏန်း လောက်ပဲ ရှိပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် သောင်းဂဏန်းပဲ ထားပါ။
၂) ဗုဒ္ဓပိဋကတ်တော်မှာက ပါဠိစကားလုံးပေါင်းက ၁၁၀၂၁၇၅၀
(တစ်ကုဋေ တစ်သန်း နှစ်သောင်းတစ်ထောင် ခုနှစ်ရာ့ငါးဆယ်) ရှိပါတယ်။

၃) ကုရ်အာန် ဘာသာပြန်စာအုပ်အထူက လက်၂လုံး၊ လက်၃လုံး အပြင်မရှိပါ
၃) ဗုဒ္ဓပိဋကတ်ကျမ်းက စာအုပ်ရေ ၄၀ လောက်ရှိပါတယ်။

၎) အစ္စလာမ်ဘာသာက လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ လောက်ကမှစတင် ပေါ်ပေါက်တာပါ။
၎) ဗုဒ္ဓဘာသာက ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာထက် စောပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကတည်းက ပေါ်ပေါက်နေပါတယ်။

၅) အစ္စလာမ်ဘာသာက ကုရ်အာန်ကျမ်းစကားအရ တမာန်တော်ပေါင်း
၁သိန်းခွဲ ၂သိန်း လောက် ရှိတယ်လို့ ပြောမယ်ဆိုရင်
၅) ဗုဒ္ဓဘာသာမှာက ဂင်္ဂါဝါဠု သဲစုမက ပွင့်တဲ့ ဘုရားရှင် အရေအတွက်အတိုင်း အဂ္ဂသာဝက၊ မဟာသာဝကပေါင်းဟာ သိန်း သန်း မကပါဘူး ရေတွက်လို့ တောင်မရနိုင်အောင် အလွန်ပဲ များလွန်းပါတယ်။

၆) အစ္စလာမ်ဘာသာဆိုတာ လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ မှ ပေါ်တာမဟုတ်ပါဘူး ကမ္ဘာဦးကတည်းက စတင်ပြီးပေါ်ပေါက်နေပြီလို့ ပြောမယ်ဆိုရင်
၆) ဗုဒ္ဓဘာသာမှာက ဒီကမ္ဘာတစ်ခုတည်းမှာတင်မကပါဘူး ဒီကမ္ဘာမတိုင်ခင် ကမ္ဘာပေါင်း အသင်္ချေ အနန္တ ရေတွက်လို့ မရတဲ့ကမ္ဘာပေါင်းမှာ ဗုဒ္ဓဘုရားရှင်အနန္တပွင့်တဲ့အတွက် ဗုဒ္ဓဘာသာကလည်း ပေါ်ပေါက်နေပြီးသား ဖြစ်နေပါတယ်။

ဒါကြောင့် ဦးလေးဘက်က ကျမ်းအရပဲ နှိုင်းယှဉ်၊ နှိုင်းယှဉ်၊ စတင်ပေါ်ပေါက်တာခြင်းပဲ နှိုင်းယှဉ်၊ နှိုင်းယှဉ် ကျွန်တော့်ဘက်ကအမြဲ ဖြေရှင်းပြပေးနိုင်ပါတယ်။ အစ္စလာမ်ဘာသာထက် အရာတိုင်းမှာ ဗုဒ္ဓဘာသာဟာ သာလွန် မြင့်မြတ်နေတယ်ဆိုတာ အပေါ်က အချက်တွေကို ကြည့်ခြင်းအားဖြင့် ဦးလေးကိုယ်တိုင် ငြင်းဆိုလို့ ရနိုင်မယ်လို့  မထင်ပါဘူး။ ကျွန်တော် ပြောတဲ့စကားကို လက်ခံပါသလား။ ဘယ်ပြောပေးပါဦး ။

(မော်လ၀ီဆရာ)
ဟုတ်ပါပြီ ငါ့တူ။ ထားလိုက်ပါတော့။ အခု ဦးဘက်က ပြောချင်တာက
မမြင်ရတဲ့အရာတွေကို ခဏထားပြီး လက်တွေ့ အရသိနိုင်မယ့်အရာ၊
စကားအရနဲ့ ပဲ အခုတွေ့ ဆုံတုန်းမှာ ပြောကြရင်မကောင်းဘူးလား ငါ့တူ။

(KMMS)
ဟုတ်ကဲ့ ကောင်းပါတယ်။ ကျွန်တော် အခုချိန်ထိ ဦးလေးကို ဘာမေးခွန်းမှ မမေးရသေးဘူးနော် ဦးလေး။ ကျွန်တော်အပြင်မှာ ဦးလေးလို မော်လ၀ီပညာရှင်တစ်ယောက်နဲ့ တွေ့ တယ်ဆိုတာ တိကျသေချာခိုင်မာတဲ့ဝန်ခံစကားကို လိုချင်လို့ ပဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မဖြေရှင်းနိုင်ခဲ့ရင်လည်း ဦးလေး တောင်းဆိုတဲ့အတိုင်း ကျွန်တော်က ပို့ စ်ကို အပြီးတိုင် ဖျက်ချပေးပါ့မယ်။ ကတိပေးပါတယ်။

(မော်လ၀ီဆရာ)
ငါ့တူကို အလ္လာဟ်ရှင်မြတ် တည်ရှိခြင်းပဲပက်သက်ပြီး အခြေခံအဆင့်
(၃)ကို ပမာပေးပြီးပုံဆောင်ပြ မေးခွန်းထုတ်ခဲ့ပြီးပြီနော်။ အခု ဒီတစ်ခုကို
ငါ့တူ ဘယ်လိုသဘောရလဲ ဖြေကြည့်ပါဦး?
နာရီ ၁လုံးဟာ ဒိုင်ခွက်ထဲမှာ စက်ကိရိယာတွေနဲ့ အပြည့်ပဲ။ နောက်ပြီး
နာရီလက်တံ၊ မိနစ်လက်တံ၊ စက္ကန့် လက်တံ ကအစ သူ့ အချိန်နဲ့ သူ
အံဝင်ခွင်ကျ တည်ဆောက်ထားတယ်၊ ဖန်တီးထားတယ် မဟုတ်လား။
နာရီ ဆိုတာ သူ့ အလိုအလျှောက်ပေါ်မလာနိုင်ဘူးဆိုတာ ကျိုးကြောင်း
ဆက်စပ်ခြင်းနဲ့ သိမြင်နိုင်ပါလိမ့်မယ် ငါ့တူ။ ဒါကြောင့် အလ္လာဟ်ရှင်မြတ်ကို ကြောင်းကျိုးဆက်စပ်ခြင်းဖြင့်သိနိုင်တယ်လို့  ပညာရှင်တွေက ပြောထားတာပေါ့ ငါ့တူ။ လ္လာဟ်ရှင်မြတ်တော်ကလည်း ပြောထားပါတယ်။ ဒီလို သေးသေးမွှားမွှားနာရီလက်တံတစ်ခုကိုတောင် ပြုလုပ်သူ၊ စီမံသူ တည်ဆောက်သူရှိတယ်ဆိုရင် ကမ္ဘာမြေကြီး၊ စကြာဝဠာ ကောင်းကင်၊ နေ၊ လ နက္ခတ်တာယာတွေဆိုတာ ဒီလောက်ကြီးမားပြီးဆန်းကြယ်တဲ့ အရာကို ပြုလုပ်သူ အနန္တတန်ခိုးရှင်မရှိဘူးလို့ ငြင်းဆိုလို့ ရနိုင်ပါဦးမလား ငါ့တူ ပြန်ဖြေကြည့်ပါဦးကွယ် ?

(KMMS)
ဟုတ်ကဲ့ ဦးလေး ပြောတဲ့စကားအရပဲ ကျွန်တော် လိုက်နေပါတယ်။
နာရီကို တီထွင်ဖန်တီးသူ ရှိလို့ ဖြစ်လာတယ်ဆိုတာကို လက်ခံပါတယ်။
ကျွန်တော် မငြင်းပါဘူး။ ကျွန်တော်က ဦးလေးယူဆပြီးပြောထားတဲ့စကား
ကိုပဲပြန်ယူပြီးပြောပေးရုံပါပဲ။ ကျွန်တော့်ရဲ့ ပြန်လည်ချေပချက်ကို နားထောင်ကြည့်ပါဦး ဦးလေး။

ပြန်ချေပချက် ၁) ။ ။ အလိုအလျှောက်ဖြစ်ပေါ်လာသော နာရီပြုလုပ်သူ
ကို ဒီလောကမှာ၊ ဒီကမ္ဘာမှာ ဘယ်သူက ကြားဖူးပါသလဲ? ကျွန်တော်အခု
ပြောလိုက်တဲ့အဓိပါယ်ကို ဦးလေးသဘောပေါက်လား မသိဘူး။
နာရီတစ်လုံးကိုပြုလုပ်လိုက်တဲ့သူက သူ့ ကိုမွေးဖွားခြင်းလည်းမရှိဘူး၊ ပညာတွေလည်း အလိုလိုတတ်မြောက်နေတယ်။ နောက်ပြီး ထိုနာရီ
ပြုလုပ်သူက အလိုလိုဖြစ်လာတယ်ဆိုတာ ဘယ်သူက ကြားဖူးသလဲ ဦးလေး။ ဒီသဘောတရားအတိုင်းပါပဲ။ သေးငယ်သော နာရီပြုလုပ်သူတောင် နာရီပြုလုပ်ဖို့ အတွက် ကုန်ကြမ်းတွေကို သူကရှာဖွေရပါတယ်။ နောက်ပြီး နာရီပြုလုပ်တဲ့အတတ်ပညာကို တတ်မြောက်သင်ကြားထားရပါတယ်။ ထိုနာရီပြုလုပ်သူကို သူ့ မိဘ က မွေးဖွားဖန်တီးပေးရပါတယ် ဦးလေး။ ထိုနာရီပြုလုပ်သူတောင်မှ ဒီလိုအခြေအနေရှိတယ်ဆိုရင် ကမ္ဘာ၊ စကြာဝဠာ၊ ကောင်းကင်၊ နေလ ကိုပြုလုပ်သူက အလိုလိုဖြစ်လာတယ်ဆိုတာကိုရော ဘယ်သူက ကြားဖူးပါသလဲ ဦးလေး ? ယုတ်တိတန် မတန် ကို ဦးလေးကိုယ်တိုင် စဉ်းစားဝေဖန်သုံးသပ်ပေးပါလို့ ပြောဆိုလိုက်ပါရစေ။

ပို့ စ်မဆန့် ပါသဖြင့် ဆက်ရန် ..

by Kaung Myat Min Soe

No comments:

Post a Comment