Sunday, March 30, 2014

“ ဒီဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ ရှင်းပြတော်မူပါဘုရား ”


“ ဒီဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ ရှင်းပြတော်မူပါဘုရား ”
.................................................................................

“ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတဲ့အခါ ဇောစေတနာတွေဖြစ် တယ်။

ဒီဇောစေတနာတွေက နာမ်တရားဖြစ်လို့ပျက်သွားတာမှန်

ပေမယ့် နောက်ဘ၀မှာ ကောင်းကျိုးဆိုးကျိုးဖြစ်စေမယ့်

အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ဒီစေတနာလို့ခေါ်တဲ့ ကံနဲ့

ခန္ဓာဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအ သစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး

ဘ၀အသစ်ဖြစ်အောင်ဖန်တီး လိုက်ကြတာပဲ။”

ဋီကာကျော်ကျမ်းမှာ ဘ၀သစ်ဖြစ်ပုံကိုဥပမာသုံးမျိုးပေးထားတယ်။ မီးတိုင်၊

တံဆိပ်တုံး၊ပဲ့တင်သံမီးတိုင် ဥပမာ ဖယောင်းတိုင်တစ်တိုင်

မီးထွန်းထားတယ်။နောက်တစ်တိုင်ထွ န်းချင်တဲ့ အခါ ပထမအတိုင်ကနေ

မီးကူးယူလိုက်တယ်။ဒီနေရာမှာစဉ်းစားရမှာကဒုတိယအတိုင်မှာ

တောက်လောင်နေတဲ့မီးဟာ ပထမအတိုင်ကကူးလာ

တဲ့မီးတွေလား။ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့မီးတွေ

လားဆိုတာပဲ။ တကယ့်အမှန်က ပထမဖယောင်းတိုင်ကမီးတွေဟာ

ဒုတိယဖယောင်းတိုင် ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က

မီးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင် မီးမတောက်နိုင်ပါဘူး။

ထို့အတူ ကျောင်းဒကာ အနာထပိဏ်ဘ၀က ရုပ်နာမ်တရားတွေ ဟာ

နတ်ပြည်ကိုတစ်ခုမှကူးမလာပါဘူး။ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့

ကင်းပြီးတော့ လည်းနတ်ပြည့်မှာ နတ်သားလာမဖြစ်လာပါဘူး။

အကြောင်းအကျိုးဆက်သွယ် မှုလောက်ပဲရှိတယ်လို့ ယူရမှာပေါ့။

တံဆိပ်တုံးဥပမာ တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ဒီသင်္ကန်းခေါက်ကို

ကြည့်လိုက်ပါ။သင်္ကန်းသား ပေါ်မှာဂဠုန်တံဆိပ်ထင်နေတယ်။သံပြားထူထူမှာ

ဂဠုန်တံဆိပ်ထွင်းအပူပေးပြီး သင်္ကန်ခေါက်ပေါ်ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ်

ထင်သွားတာပါပဲ။ဒီလိုထင်တဲ့နေ ရာမှာ သင်္ကန်းမှာထင်နေတဲ့ ဂဠုန်ရုပ်ဟာ

သံပြားက ဂဠုန်ရုပ်မဟုတ်ပါဘူး။ဒါပေ မယ့် သံပြားက

ဂဠုန်ရုပ်နဲ့ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့အတူ နတ်ပြည်က

နတ်သားဘ၀ဟာ လူ့ပြည်က ကျောင်းဒကာအနာထပိဏ်

မဟုတ်ပါဘူး။ရုပ်သစ်နာမ်သစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့်လူ့ပြည်

ကအနာထပိဏ် နဲ့ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။

ပဲ့တင်သံ ဥပမာ

ပဲတင်သံဥပမာကတော့လိုဏ်ဂူကြီးထဲမှာ ဟေးကနဲတစ်ချက်အော်လိုက်ရင်

ပထမအသံက လိုဏ်ဂူနံရံကိုရိုက်ပြီးဟေးဟေး ဆိုတဲ့ ဒုတိယ တတိယပဲ့

တင်သံများ ပေါ်လာပါတယ်။ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်

လိုက်တဲ့အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ဒါပေမယ့် ပထမအော်

သံနဲ့လည်းကင်းပြီးမဖြစ်နိုင်ပါဘူး။

အကြောင်းအကျိုးဆက်စပ်မှုကတော့ ရှိနေပါတယ်။

ထို့အတူနတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲံ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာ

ထပိဏ်ရဲ့ရုပ်နမ်နဲ့လည်းကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆိုရင်

ဝိညာဉ်ကောင်ပါမသွားဘဲ ဘ၀သစ်ဖြစ်ပုံကို

မင်းတို့နားလည် လောက်ပြီထင်တယ်။

“မှန်ပါနားလည်ပါပြီဘုရား။”

“တကယ်နားလည်သွားတယ်ဆိုရင်တော့ သိပ်ဝမ်းသွားတယ်။ ဘာဖြစ်လို့လဲ

ဆိုတော့ ရုပ်နာမ်တစ်ပါးပါးကို မပျက်မစီးအမြဲတည်တယ်လို့ အယူမှားတဲ့

သဿတဒိဋ္ဌိခံနေရင် ၀ိပဿနာအားထုတ်တောင် တရားမရဘူး ဖြစ်တတ်

တယ်။ အခုလိုရှင်းရှင်းလင်းလင်းနားလည်သွားတယ်ဆိုရင် မဂ်လမ်းဖိုလ်

လမ်းပွင်းသွားတာပေါ့။”

“တပည့်တော်တို့ သဿတဒိဋ္ဌိလွတ်ပါပြီဘုရား။”

“သာဓု သာဓု သာဓု။”

မှတ်ချက် ။ ။ ဒီဘ၀ကပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ငရဲခံရသည့်အခါ ဘယ်ခန္ဓာနှင့် သွားခံရမည်လဲ ? ဆိုသည့်မေးခွန်းကိုလည်း ဆရာတော် ဖြေကြားချက်များဖြင့် ချဲ့တွေးစဉ်းစား နိုင်ပါသည် ..။

_အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၃+၄စာအုပ်မှ _

No comments:

Post a Comment