Sunday, March 30, 2014

မျက် ရည် သောက် တဲ့ လူ


လူတွေအားလုံး
နေ့စဉ်နေ့တိုင်းအကြိမ်ကြိမ်
ရေသောက်ကြပါတယ်။

ရေသောက်တိုင်းရေသောက်တိုင်း
ရေအိုးထဲမှာရှိတဲ့ရေ၊
ရေခွက်ထဲမှာရှိတဲ့ရေကို
ကြည့်ပြီးတော့……

သြော်……
သံသရာတစ်လျှောက်
ငါကျခဲ့ရတဲ့ မျက်ရည်တွေဟာ
ဒီရေအိုးထဲကရေထက်၊
ဒီရေခွက်ထဲကရေထက်
အဆပေါင်းများစွာ များလှပါလား။

သံသရာ တစ်လျှောက်
ငါကျခဲ့တဲ့ မျက်ရည်တွေကို
ငါသောက်နေရတာပါလား။

အဲဒီလိုလေးများ တစ်ချက်လောက်
ဆင်ခြင်နှလုံးသွင်းလိုက်မယ်ဆိုရင်
သောက်လိုက်ရတဲ့ ရေနဲ့အတူ
မိမိတို့ရဲ့ နှလုံးသားထဲကို
သံဝေဂစွမ်းအားတွေ
စီးဆင်းပြီးတော့ သွားပါလိမ့်မယ်။

ကြိမ်ဖန်များလာပြီဆိုရင်
မိမိရဲ့ အသွေးအသားတွေဟာ
သံဝေဂ ဓာတ်တွေနဲ့
ထုံမွမ်းထားတဲ့
အသွေးအသားတွေအဖြစ်နဲ့
မြင့်မြတ်စွာ
ဖြစ်တည်နေတော့မှာပါပဲ။

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)

Credit to U Myomyat Thu.

No comments:

Post a Comment