Sunday, March 23, 2014

ခေါပုတ်


ခေါပုတ်ကလဲ ရှမ်းအစားအစာပါပဲရှင်…
တောင်ကြီးခေါပုတ်၊ကျောက်မဲခေါပုတ် စသည်ဖြစ်မြို.နာမည်တပ်ကာခေါ်ကြပါသည်၊
ခေါပုတ်ကိုကောက်ညှင်းဆန်နှင့်လုပ်သော ခေါပုတ်ဖြူနှင့် ငချိတ်နှင့်လုပ်သော ခေါပုတ်ရှိရာ ငချိတ်နှင့်လုပ်သောခေါပုတ်ကိုလူကြိုက်ပိုများသည်ပာုထင်ပါသည်။
ခေါပုတ်ကိုကင်ပြီးသော်လည်းကောင်း၊ကြော်ပြီးသော်လည်းကောင်း သကြားနှင့်တွဲစားကာ ကော်ဖီနှင့်လဲမနက်စာအဖြစ်တွဲစားကြပါသည်၊၊
အချို.က ပဲပြုတ် ၊ ဆီတိုပာူးနှင့်လဲစားကြသည်။
ကလောမှာတော.ခေါပုတ်ဖြူကို ထောင်းထောင်းပြီးချင်း ပူပူလေး(ခေါပုတ်နွေး)ကို နှမ်းထောင်း ထဲတွင်ထည်.ကာ အလုံးလေးတွေလုံးပြီး ထန်းလျက်ရည်လေးနဲ.စားကြပါတယ်..
ရှမ်းပြည်မှာတော.လက်ထောင်းပြင်ဆုံကြီးတွေနဲ.ထောင်းကြတယ်..အိမ်တွေမှာကျောက်ငရုပ်ဆုံ
နှင့်ထောင်းရတာကတော.သိပ်အဆင်မပြေလို.ထင်မိပါတယ်..

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် (သို.) ငချိတ် - 300 g ကိုရေစင်စင်ဆေးပြီး 30 မိနစ်ခန်.ရေစိမ်ထားပေးပါ၊
နှမ်းလုံး -100 g –(လှော်ပြီးထောင်းထားပါ ) နှမ်းလုံးမရှိကအနက်ေ၇ာင်နှမ်းပြားကိုသုံးနိုင်သည်၊
ပဲဆီ - အနဲငယ်
ဆား

ပြုလုပ်နည်း

ကောက်ညှင်းဆန်(သို.) ငချိတ်ကို ရေနွေးငွေ.နှင့်ကောက်ညှင်းဆန်စေ.ပျောက်သည်အထိပေါင်းပေးပါ။ ကောက်ညှင်းကျက်ပြီဆိုရင် မကပ်စေရန် ဆီနှင့် နှမ်းထောင်း သုပ်ထားသော ငရုပ်ဆုံထဲသို့ထည့်ကာ ပေါ်မှ နှမ်းထာင်းနှင့်ဆားအနဲငယ်ထည်.ကာ ဆန်လုံးပျောက်သည်အထိထောင်းပါ။ (မှတ်ချက်-ငရုပ်ကျဉ်ပွေ.ထိပ်တွင်လဲ ဆီနှင့်နှမ်းထောင်းနဲနဲစီ သုတ်ပေးရန်လိုပါသည်။)
ငရုတ်ဆုံ မရှိသူများလဲ သန်.သောပလပ်စတစ်အိတ်ကိုသုံးထပ်ထပ်ကာ အိပ်အတွင်းထဲဆီသုပ်၊ နှမ်းအနဲငယ်ဖြူးကာ ဆားအနဲငယ်နှင့်ကောက်ညှင်းဆန် ထည့်ပြီး စဉ်းလီတုန်းပေါ်တင်ပြီးထုလို.လဲရ ပါတယ်ရှင်..
ခေါပုတ်ပြားရန် ထောင်းထားတဲ.ကောက်ညှင်းကို လက်ကိုဆီသုပ်၊ လင်ပန်းထဲဆီသုပ်နှမ်းဖြူးကာ မိမိလိုချင်သောပုံစံ အ၀ိုင်းကြီး၊ အ၀ိုင်းသေးကြိုက်သလိုပြားနိုင်ပါတယ်..ပြားထာသောခေါပုတ်များကို
ဆီသုပ်ကာနှမ်းဖြူးထားသော ဗန်းထဲတွင် အေးသွားအောင်ထား လိုက်ရင်ခေါပုတ်ရပါပြီရှင်၊

ခေါပုတ်နွေးစားချင်ရင်တော.ထောင်းထောင်းပြီးချင်း ခေါပုတ်ကို နှမ်းနဲ.လုံးပြီးစားလို.ရပါတယ်.. ပူနေသေးတဲ.အတွက်မမာသေးတဲ.အတွက် ကင်စား။ကြော်စားစရာမလိုပဲ ပျော.ပျော.လေး နှင့်စားလိုကောင်းပါတယ်..
ခေါပုတ်များတစ်ခုနှင့်တစ်ခုထပ်ကာထားမည်ဆိုလျင်လဲ ဆီသုပ်၊နှမ်းဖြူးကာနိုင်သည်။

ကျွန်မသည် Professional မပာုတ်သောကြောင့် လိုအပ်သည်များရှိလျှင်ထပ်မံဖြည်.စွက်နိုင်ပါ တယ်ရှင်.

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment