Sunday, March 23, 2014

“တန်ဘိုး ရှိတဲ့ စကားနဲ့ တာဝန်ယူတဲ့ စိတ်”


ကိုယ်နဲ့ပဲ လုပ်လုပ်၊ နှုတ်နဲ့ပဲ ပြောပြော ၊ စိတ်နဲ့ပဲ ကြံကြံ၊သေသေချာချာ စဉ်းစားချင့်ချိန်နိုင်မှ ထိုအပြုအမူတွေဟာ တန်ဘိုးရှိတဲ့ အပြုအမူတွေဖြစ်တယ်။

တစ်ချို့က စကားကို လွယ်လွယ်လေး ပြောတတ်တယ်။ “လူတစ်ယောက်ရဲ့ ဘဝ”ကို “စကားတစ်ခွန်း” နဲ့ တန်ဘိုးဖြတ်ပြီးပြောတတ်တယ်။ ပြောတဲ့သူကတော့ ပြောပြီးပျောက်သွားရော။ လေထဲကလာတဲ့ အသံ လေထဲမှာ ပျောက်သွားတတ်တယ်။

♦ခံစားရတဲ့ တစ်ဘက်မှာတော့ အလွန်ထိခိုက်နာကျင်စွာ ခံစားရတတ်တယ်။
♦ဒါကြောင့် ပြောတဲ့ သူကလည်း စကားကို သေချာစဉ်းစားပြီး မည်သူ့ကိုမျှ မထိခိုက်နိုင်တာ သေချာမှ ပြောသင့်တယ်။
♦ကိုယ့်စကားကိုယ် တာဝန်ယူရဲမှ ပြောသင့်တယ်။

ကြားရတဲ့ သူကလည်း ကြားတဲ့ စကားကို သေချာသုံးသပ်လို့ တန်ဘိုးမရှိတဲ့ စကား၊ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စကားဆို
ကြားကာမတ္တ ပဲထားရမယ်။ခံစားနေစရာမလိုဘူး။

သူတပါးရဲ့ တန်ဘိုးမရှိတဲ့ စကားတွေနဲ့ ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ အလုပ်တွေ ၊ တန်ဘိုးရှိတဲ့ အချိန်တွေကို ဘာကြောင့် ဖြုန်းနေမလဲ။

ပြောသူက သူ့စကား သူတောင် တာဝန်မယူပဲ ပြောတဲ့စကားကို ကိုယ်က ဘာကြောင့် တာဝန်ယူနေမလဲ။အဲဒါလေး နှလုံးသွင်းတတ်ဖို့ လိုတယ်။


မေတ္တာဖြင့်
- [အရှင်တေဇာနန္ဒ(စေတနာပန်းခင်းဆရာတော်)]

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment