Sunday, March 23, 2014

မန္တလေးပဲကြော်


မန္တလေးပဲကြော် ကို ကိုယ်တိုင်ပထမဦးဆုံး
အကြိမ်ကြော်စားခြင်းဖြစ်ပါတယ်..အချို.ကတော.
Ready made Red Kidney Bean ဗူးကိုသုံးပြီး
ကြော်ကြသော်လည်း ကျွန်မကတော.ပဲနီ
ခြောက်ဝယ်ပြီးလုပ်ပါတယ်..ပဲနီများတာကြိုက်တဲ.အတွက်
ဆန်မှုန်.ကိုမထည်.ပဲ ကောက်ညှင်းမှုန်.ကိုလဲ လျော.ထည်.
ပြီးကြော်ထားပါတယ်..ပဲနီကိုလဲ မညှက်တစ်ညှက်ထောင်း
ကြော်တာကိုပိုကြိုက်ပါတယ်ရှင်..နည်းမတူရင်လဲပြောပြအုံးနော်..

မန္တလေးပဲကြော်အတွက်
-ပဲနီ - Red Kidney Bean ခြောက် (၂၅၀) g
-ဂျင်း - ၁"
-ကြက်သွန်ဖြူ - ၅မွာ
-ကောက်ညှင်းမှုန်. - ထမင်းစားဇွန်း(၅) ဇွန်း
-ဆား၊ အရသာမုန်. - လက်ဖက်ရည်ဇွန်း(၁)ဇွန်း
-ဆီ - 200 ml
ပြုလုပ်နည်း
-ပဲနီကို ရေဆေးကာ အနဲဆုံး (၂ )နာရီခန်.
ရေစိမ်ထားပြီး..ပဲများပွလာလျှင် အိုးတစ်လုံးထဲ
ထည်.ကာ မီးပြင်းပြင်းနှင့် ပဲများနူးအိ သည် အထိပြုတ်ပါ။
ပဲနူးလျှင် အအေးခံကာ မညှက်တစ်ညှက်ထောင်းထားပါ။
-ဂျင်းနှင့် ကြက်သွန်ဖြူကိုလဲ အခွံခွာကာ ရေဆေးပြီး
ထောင်းထားပါ။
-နယ်မည်.ဇလုံကြီးထဲသို. ထောင်းထားသော ပဲနီ၊ ဂျင်း၊ကြက်သွန်
ဖြူနှင့် ကောက်ညှင်းမှုန်.၊ဆား၊ အရသာမှုန်.၊ ရေဆန်ချိန်ခွက် တစ်ဝက်
ကျော်ကျော်ထည်.ပြီး စေးစေပျစ်ပျစ်ဖြစ်လာသည်အထိသမအောင်နယ်ထားပါ။
-ကြော်မည်အိုးထဲသို. ဆီထည်.ပြီး ဆီကျက်လျှင် နယ်ထားတဲ.
ပဲနီကို ထမင်းစားဇွန်းနှင့် တစ်ဇွန်းချင်းစီယူကာ အပြားလေးဖြစ်အောင်
လုပ်ပြီး ဆီအိုးထဲသို. တစ်ခုချင်းထည်.ကာ ဒယ်အိုးဆန်.သည်အထိထည်.ကြော်ပါ။
ထိုနောက်တစ်ဖက်ကနီညိုရောင်သန်းလာလျှင် တစ်ဖက်သို.လှည်.ကာကြော်ပြီး
နီညိုရောင်သန်းလာလျှင်ဆယ်ယူပြီး ဆီစစ်ကာ
မန်ကျီးချဉ်ရည်နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်..
- မီးအရမ်းပြင်းပြင်းနှင့်ကြော်လျှင် အပြင်ကနီညိုရောင်သန်းသော်လဲ
အတွင်းသားများမကျက်ပဲဖြစ်တတ်သည်။

မန်ကျီးချဉ်ရည်အတွက်

- မန်ကျီးသီးမှည်. - ထမင်းစားဇွန်း ၃ ဇွန်းခန်.ရေဆေးပြီးရေနွေးနှင့်စိမ်ထားပါ၊
- ကြက်သွန်ဖြူ - ၂ မွာ
- ဆား၊ ငံပြာရည်၊ အရသာမုန်.၊သကြား - အနဲငယ်စီ
- ငရုပ်သီးစိမ်း - ၃ တောင့်
- နံနပင် - ၂ ပင်
- ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်း ၁ဇွန်း
- ငရုပ်ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
-မန်ကျဉ်းသီးကို ချေကာ မန်ကျဉ်းသီးအနှစ်ကှိုဇကာနှင့် စစ်ပြီး
ပုဂံတခုထဲထည်.ထားပါ။
-ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ဓါးနှင့်ပါးပါးလှီးကာ မမှုန်.တမှုန်.ဖြစ်အောင်
တောက်တောက်စင်းပါ၊ နံနံပင်ကို နုတ်နုတ်လှီးကာ ဆား၊ ငံပြာရည်၊
အရသာမုန်.၊သကြား၊ငရုပ်သီးအကျက်မှုန်.၊ငရုပ်ဆီ တို.ကို မန်ကျည်းရည်
ပုဂံထဲထည်.ကာသေမအောင်မွေပြီး အပေါ. အငံ အချဉ် အချို
လိုတာထည်.ပြီး အကြာ်နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်..

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment