Sunday, March 23, 2014

မုန်လာဥဖြူ ဆန်မုန့်ပေါင်းကြော် (တရုတ်)


http://chawsufoodfriends.wordpress.com/2013/09/03/

** မုန်လာဥဖြူ ဆန်မုန့်ပေါင်း လုပ်ဖို့ လိုအပ်တာလေးတွေ…

ရေ – 250 ml
မှို (shiitake mushroom) – ၅ ပွင့်
ပုဇွန်ခြောက် – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
လက်ဝါးအရွယ် ဘေကွန် – ၃ ပြား (သို့) ဝက်ကြိတ်သား၊ ဝက်အူချောင်း ကြိုက်နှစ်သက်ရာကို သုံးနိုင်ပါတယ်
မုန်လာဥဖြူ – 800 g
ဆီ – ထမင်းစားဇွန်း ၄ ဇွန်း (60 ml)
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန်. (chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ပဲငံပြာရည် အကျဲ (light soya sauce) – ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန်. – လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆန်အစိမ်းမှုန့် (rice flour) – 200 g
corn starch – ထမင်းစားဇွန်း ၂ ဇွန်း
လှီးထားသော နံနံပင် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
လှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၂ ဇွန်းခန့်

ရေဆေးထားသော မှို နှင့် ပုဇွန်ခြောက်ကို ရေနွေး (250 ml) ထဲ ထည့်စိမ်ထားပါ။ (စိမ်ထားသောရေကို ပြန်သုံးမှာမို. ပြောင်အောင်ဆေးပြီးမှ စိမ်ပါ။)

၁ နာရီခန်.ကြာလျှင် (သို.) မှိုများ ပျော့သွားလျှင် မှို
ထဲမှ ရေများကို စိမ်ထားသည့်ရေထဲ ပြန်ညစ်ထဲ့ကာ ပါးပါးလှီးထားပါ။

ပုဇွန်ခြောက်များကိုပါ ဆယ်ပြီး အတုံးသေးသေးလှီးထားပါ။

ဘေကွန်ကိုလည်း အတုံးသေးသေးလေးများလှီးထားပါ။

မုန်လာဥဖြူကို အခွံခွါပြီး ခြစ်ထားပါ။

ဆန်မှုန့် နှင့် corn starch ကို ပုဇွန်ခြောက် နှင့် မှို စိမ်ထားသောရေ (250 ml) ဖြင့် ဖျော်ပေးထားပါ။ (ပုဇွန်ခြောက် နှင့် မှို က စုပ်လိုက်သဖြင့် စိမ်ထားသောရေ (250 ml) မရှိတော့လျှင် ရေအေးအနည်းငယ် ထပ်ရောပေးပါ။)

ဆီ နှင့် လှီးထားသော မှို၊ ပုဇွန်ခြောက်၊ ဘေကွန်၊ အရသာမှုန့်၊ ပဲငံပြာရည် အကျဲ၊ ဆား၊ ငရုတ်ကောင်းမှုန့် တို့ကို high heat ဖြင့် ၃ မိနစ်ခန့်ကြော်ပေးပါ။

ခြစ်ထားသောမုန်လာဥဖြူထည့်ကာ ၅ မိနစ်ခန့် (သို့) မုန်လာဥများနွမ်း သွားအောင် မွှေကြော်ပါ။

low heat သို့လျှော့ပြီး ဆန်မှုန့် နှင့် corn starch ရောဖျော်ထားသော အရည်၊ လှီးထားသော နံနံပင်၊ ကြက်သွန်ပင် တို့ကို ထည့်ကာ ပါဝင်ပစ္စည်းများ အားလုံးနှံ့သွားအောင် အရမ်းမပျစ်ခဲခင် အမြန်မွှေပေးပါ။

အားလုံးနှံ့သွားလျှင် ဆီသုတ်ထားသည့် ဗန်း (သို့) ခွက်ထဲ ထည့်ကာ မျက်နှာပြင်ညီအောင်ညှိပေးပါ။

မုန့်ထည့်ထားသောဗန်းကို ပေါင်းမည့်အိုးထဲထည့်ကာ အဖုံး ဖုံးပြီး ပွက်ပွက်ဆူအောင်တည်ထားသော ရေနွေးအိုးပေါ်တင်၍ medium high heat ဖြင့် ၁ နာရီ နှင့် ၁ နာရီ ၂၀ ကြား ပေါင်းပေးပါ။ (ပေါင်းချိန်ကြာသည့်အတွက် ပေါင်းအိုးအောက်ရှိ ရေနွေးအိုးထဲမှ ရေခမ်းသွားနိုင်သဖြင့် စပေါင်းကတည်းက ရေများများထည့်ထားပေးပါ။)

သွားကြားထိုးတံ (သို့) တူ ထိုးထည့်ပြီး မုန့်ကျက်၊ မကျက်စမ်းကြည့်လျှင် အနည်းငယ်ကပ်ပါလာသည့် မုန့်သားကို မြည်းကြည့်ပါ။ မုန့်စိမ်းအနံ့၊ အရသာမရတော့လျှင် မုန့်ကျက်ပါပြီ။

မုန့်ရလျှင် မီးဖိုပေါ်မှချကာ အအေးခံပြီး အေးသွားပြီးနောက် ပန်းကန်ပြားတစ်ခြပ်ပေါ်မှောက်ချပြီး ထုတ်ထားပါ။

ပြီးလျှင် ကြိုက်နှစ်သက်ရာပုံလှီးကာ ငရုတ်ဆီလေးဖြင့် တို့စားနိုင်သလို၊ ဒယ်အိုးထဲ ဆီ (ထမင်းစားဇွန်း ၂ ဇွန်း)ခန့် ထည့်ပြီးလည်း အိုးပူတိုက် ကြော်စားနိုင်ပါတယ်။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment