Sunday, March 30, 2014

" တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးသူ "


မြတ်စွာဘုရားသခင်ရဲ့
တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့
အဆုံးအမတွေကို
ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ
မလိုက်နာတာပါလား။

ဒို့ တစ်တွေဟာ ဘုရားရဲ့ အဆုံးအမကို
ဒါလေးတောင် မလိုက်နာဘူးဆိုရင်
တစ်ခြားဟာတွေလည်း
လိုက်နာမှာ မဟုတ်ဘူးလို့ 
အဓိပ္ပါယ်ဟာ အင်မတန်မှ ထင်ရှားတယ်။

ကြည့်လေ..။
ရွှေတိဂုံဘုရားပေါ်သွားကြည့်ကြည့် သွားဖူးဖူး၊
ဆူးလေးဘုရား သွားဖူးဖူး၊
ဗိုလ်တစ်ထောင် ဘုရား သွားဖူးဖူး၊
ဟို…ဘုရားပေါ် လှည့်ပတ်ကြည့် ဆူညံ့သွားကြတာများတယ်။

ဘုရားဟာ လှည့်ပြီးတော့ ဈေးထဲဝင်သလို
အတိုင်းအတာ တစ်ခုဖြစ်နေတယ်။
ရိုသေမြတ်နိုးမှုကို အင်မတန်မှ အားနည်းတယ်။
မြန်မာ လူမျိုးတွေရဲ့ အလေ့အထဟာ
အဲ့သလိုမျိုးပဲ။

အများစုဟာ အဲ့သလိုမျိုးပဲ။
လူတိုင်းကို မဆိုလိုပါဘူး။
ထပ်ပြီးတော့ ဘယ်သူက မှ သုတေသန လုပ်မကြည့်ဘူး။
တကယ် သုတေသန လုပ်ကြည့်လိုရှိရင်
နေ့ စဉ် ဘုရားပေါ်တက်လာသူ ဘယ်နှစ်ယောက်ရှိလဲ?၊
စကားမပြောပဲ ဘုရားကို မြတ်မြတ်နိုးနိုး ရှိခိုးပြီး သွားတဲ့လူက ဘယ်နှစ်ယောက်၊
စကားပြောပြီးတော့ လှည့်ပတ် လျှောက်ကြည့်တဲ့လူက ဘယ်နှစ်ယောက်၊
ဘုရားတောင်မှ ဦးမချပဲနဲ့ 
ထွေလာ ပွေလာ စကားတွေလျှောက်ပြောပြီး
ဘုရားပေါ်က ဆင်းသွားတဲ့လူက ဘယ်နှစ်ယောက်ဆိုတာ
နေ့ စဉ်မှာ သုတေသန လုပ်ကြည့်ဘို့ ကောင်းတဲ့
အနေအထားတစ်ခု။

ဘုန်းကြီးတို့ တစ်ခါ ဆူးလေ ဘုရားထဲမှာ
တရားသွားဟောတာ တရားဟောလို့ မဖြစ်ပါဘူး။
ဘုရားဖူးတွေက အပြင်ဘက်က
ဘုရားဖူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေက
ဘုရားပေါ် ဆူညံ ဆူညံနဲ့  လှည့်ပတ်ပြီးတော့
စကားပြောသွားတာ
စကားပြောသွားတော့
တရားဟောလို့ မဖြစ်ခဲ့ဘူး။

နောက်ဆို ဆူးလေဘုရားထဲက ပင့်တဲ့
တရားပွဲတွေဆို မသွားတော့ဘူး။
ဘာဖြစ်လို့ လဲဆိုတော့
ဘုရားကြိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု မရတော့
ဘုရား တရားဟောရန်
အင်မတန်မှ ခဲရင်းတဲ့ နေရာမျိုးဖြစ်ပါတယ်။

တစ်ခြားနိုင်ငံတွေမှာ
အတော်အံသြစရာ ကောင်းလောက်အောင်
တိတ်ဆိတ်ငြိမ်သက်မှု့ ကိုတွေ့ ရတယ်။
ပျင်းစရာကောင်းလောက်အောင်
တိတ်ဆိတ်တယ်လို့ ပြောရမယ်။
အဲ့သလို သူတို့ ဆီမှာလို
တိတ်ဆိတ်ငြိမ်သက်မှု့ ကို
ဘယ်သူကလုပ်ပေးလို့  ဘယ်သူက ဆုံးမလို့ 
ဒီလောက် ငြိမ်သက်ကြတာလဲ? ၊

ဒို့  နို်င်ငံမှာ ဗုဒ္ဓဘာသာလို့ ပြောပြီးတော့
ဘုရား က ဆုံးမရဲ့သားနဲ့ ဘာဖြစ်လို့ 
ဘုရားစကား နားမထောင်ကြတာလဲလို့ ။
ဘာဖြစ်လို့ တုန်းဆိုတော့
ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး။
ဘုန်းကြီးကျောင်းသွားလဲ မတိတ်ဆိတ်ဘူး။
ဘယ်နေရာမှ မတိတ်ဆိတ်ဘူး။
ဆူညံပြီးတော့ နေလေ့ ရှိကြတာ
အတော်အံသြစရာ ကောင်းတဲ့
အနေအထားတစ်ခုပဲတဲ့။

မစဉ်းစား မဆင်ချင်လို့ ရှိရင်
ဒီကိစ္စ မသိနိုင်ဘူး။
စဉ်းစား ဆင်ချင်ဘို့ ကောင်းတယ်။

ပြီးတော့ ဘာသာရေးပွဲတော်
လုပ်တာက ဘာသာရေးပွဲတော်
ဖွင့်တယ် ကက်ဆက်တွေ သီချင်းတွေ
ဖွင့်လိုက်တဲ့ သီချင်းတွေက ကာမ သီချင်းတွေဖွင့်တယ်။
ဘာသာရေးနဲ့ ကာမနဲ့  ဆန့် ကျင်ဘက် ဖြစ်တယ်။
ဘာသာရေးဆိုရင် ဘာသာရေးသီချင်းလေးကိုဖွင့်ပေါ့၊
အဲ့ဒီ စည်းကမ်းချက်လေးတောင်မှ ဒီမှာ မရှိဘူး။
မပီပြင်ဘူးပေါ့။

ဘုရားပေါ်ကလည်း ဖွင့်ချင်တာဖွင့်တာ။
ဖွင့်လိုက်တဲ့ နေရာက ဘုရား
ဖွင့်လိုက်တဲ့သီချင်းက နားမကြားသာ သီချင်းမျိုး။
ဒါတွေကို မစဉ်းစားကြဘူးလားလို့ 
တွေးတောမိတာပေါ့။

(ပါချုပ်ဆရာတော်ဘုရား
ဒေါက်တာ အရှင် နန္ဒာမာလာဘိဝံသ)

Credit to Thant Gyi.

No comments:

Post a Comment