Sunday, March 23, 2014

ဝက်သား ပာင်းထုပ် - ကြက်သွန်ပင်၊ ငှက်ပျောဖူး


ဒီတစ်ခါ ပာင်းထုပ်ကို ကြက်သွန်ပင်၊ ငှက်ပျောဖူးနဲ.လုပ်စားပါတယ်
ပာင်းထုပ်က ရှမ်းပြည်တောင်ပိုင်းအစားအစာတစ်ခုပါ၊ ဆန်လုံးစီ
(သို.) ကောက်ညှင်းခွက်ကြော်နှင့်တွဲစားလေ.ရှိသည်..

ဝက်သားဟင်းထုပ် -

- ကြက်သွန်ပင် 400 g ကို ရေစင်စင်ဆေးပြီး1” လောက်ဖြတ်ပါ ,
- ငှက်ပျောဖူးနှစ်ဖူးကိုကိုအခွံကြမ်းခွာ အူတိုင်ထုတ်ကာပါးပါး
လှီးဆားနှင့်ရေနဲ.ပြီးနယ်အဖန်ရည်ညှစ်ထုပ်ထားပါ။
-ဆန် မှုန်. 400g (သို.) ဆန်ကြမ်း ဆန်ချိန်ခွက်တခွက်ခွဲကို
ေ၇တစ်နာရီစိမ်ပြီးမညှက်တညှက်ထောင်း၊
-၀က်သားပြုတ်ကြော် -400g ကို ပါးပါးလှီးထားပါ
-ဆီ ၊ ဆား ၊ ဆနွင်း ၊ ငရုပ်သီး အစိမ်းမှုန်. - အနဲငယ်စီ -
ဂျင်း- 1 " နှင့် ကြက်သွန်ဖြူ - 3မွာကို အခွံခွာရေဆေးပြီး
ညှက်အောင်ထောင်းထားပါ။
-ရေ
-ခရမ်းချဉ်စီး ၁ လုံး ကိုပါးပါးလှီးထားပါ။
- 6” စီဖြတ်ထား သော ငပျောဖက် - 25 ရွက်
-သွားကြားထိုးတံ

-ဆန်လုံးစီ - 10 ခုခန်.ကြော်ထားပါ။
-ကြက်သွန်ဖြူဖတ်များများနှင့်ချက်ထားတဲ.ဆီချက်
-ငရုပ်သီးခြောက်မညှက်တစ်ညှက်ထောင်း - ထမင်စားဇွန်း 2
ဇွန်းခန်.ကို ပုဂံထံထည်.ကာ အပေါ်မှဆီပူလောင်းထည်.ထားပါ။
-ငရုပ်သီးလုံးကြော် - 10 တောင့်
-ဂျူးမြစ် (သို.) ဂျုးဖူး ကို ရေစင်စင်ဆေးထားပါ။

-ထိုနောက် ဇလုံကြီး တစ်လုံးတွင် ကြက်သွန်ပင်ကိုထည်.ပြီး တစ်လုံးကို
ငှက်ပျောဖူးကိုထည်.ကာ ဆန်.မုန်.၊ခရမ်းချဉ်သီး၊ ဂျင်းကြက်သွန်ဖြူထောင်းကိုတစ်ဝက်စီခွဲထည်.ပြီး ဆီ ၊ ဆား ၊ ဆနွင်း ၊ ငရုပ်သီး အစိမ်းမှုန်.တို.ကိုထည်.ကာ ရေကိုအရမ်းများမသွာစေရန် နဲနဲစီထည်.ပြီး ပျစ်ပျစ်
စီးစီးလေးဖြစ်သည်အထိသမအောင်မွေပါ။
-ထိုနောက် ငှက်ပျောဖက်ထဲကို ထဲကို 2 - 3 ဇွန်းထည်.ကာ အပေါ်မှ
ဝက်သားပြုတ်ကြော်ကို 3 လေးဖတ်ကိုတင်ပြီးထုပ်ကာ
သွားကြားထိုးတံနှင့် ပိတ်ပြီးေ၇ငွေ.နှင်. 30 minutes ခန်.ပေါင်းပြီး
-ကြက်သွန်ဖြူငရုပ်သီးဆီချက်၊ ငရုပ်သီးဆီပူလောင်း၊ ငရုပ်သီးကြော်
ဆန်လုံးစီ၊ဂျုးမြစ်(သို.)ဂျူးဖူးတို.နှင်.တွဲကာ အရသာရှိသော ကြက်သွန်ပင်နှင့်ံ ငှက်ပျောဖူးပာင်းထုပ်ကို သုံးဆောင်နိုင်ပါပြီရှင်..

ကျွန်မကတော.ခရမ်းချဉ်သီးထည်.တာမကြိုက်လို.ထည်.ပြီးမလုပ်ပါ... --
တချို.က ဂေါဖီထုပ်ပါထည်.ကြပါတယ်.၊
ဆန်ကြမ်း ကိုတသ်နာရီခန်.ရေစိမ်ပြီးမညှက်တညှက်ထောင်းပြီးထဲ.တာက ဆန်မှုန်.ထည်.တာထက် ပာင်းထုပ် ပိုပြီးကောင်းပါတယ်..
ရှမ်းမြောက်ပိုင်းမှာတော. မုန်ညှင်းညွန်.နဲ.လုပ်ပြီး မုန်ညှင်းပေါင်းခေါ်ကြတယ်၊
သက်သတ်လွတ်စားသူများ ၀က်သားမထည်.ပဲလုပ်စားနိုင်သည်။
ဂျူးရွက်၊ဂျူးဖူး .နဲ.လဲလုပ်စားလို.လဲရပါတယ်ရှင်...

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment