Saturday, March 22, 2014

ရွှေရင်အေး



ကျမကဒီလFood Magazine မှာ မုန့်လက်ဆောင်းဖတ်လုပ်နည်း ကိုတင်ထားမိတာရယ်၊ နောက်လသင်္ကြန်လဖြစ်နေတာရယ်ကြောင့်ရွှေရင်အေးလုပ်စားနိုင်ဖို့ အမှတ်တရအနေနဲ့မြန်မာ့ရိုးရာနှစ်သစ်ကူး အဖြစ် ရွှေရင်အေးစေကြရန်ဆုမွန်တောင်းရင်း ရေးပေးချင်ပါတယ်။ ကျမတို့အိမ်မှာက ကိုယ်တိုင်လုပ်မုန့်လက်ဆောင်းဖတ်ကအမြဲလိုလိုရှိနေတတ်ပါတယ်။ အော်ဒါလုပ်ရင်း အိမ်အတွက်ပါပို လုပ်ရပါတယ်။ ကျမသားအကြီးရော ကျမရော ဖာလူဒါအလွန်ကြိုက်ပါတယ်။ ကျမအမျိုးသားကရွှေရင်အေးကိုပိုကြိုက်ပါတယ်။ ရန်ကုန်ကျမတို့နေတဲ့ ၂၉လမ်းထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး(စကော့ဈေး)ရှိပါတယ်။ ကျမအမေဆိုင်ကပြန်လာရင် ညီအမတွေနေ့လည်စာမှာတဲ့အခါ ရွှေရင်အေးကို ဈေးထဲကိုကားပတ်ပြီးဝယ်ခဲ့ဖို့မှာတတ်ကြပါတယ်။ စကော့ဈေးက ဝက်သားတုတ်ထိုး၊ ရွှေရင်အေး နံမည်ကြီးတယ်လေနော်။ ဒီမှာတော့ဝယ်စားမရလို့ ကိုယ်တိုင်လုပ်စားရပါတယ်။ ကြည့်ရအောင်-

ပါဝင်ပစ္စည်းများ

သကြားရည်၊ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ ရေခဲ



ကျောက်ကျော



အုန်းနို့ကျောက်ကျေလုပ်နည်းဒီမှာကြည့်ပါာ

သာကူ

သာကူကိုလဲ မျက်စိပျောက်တဲအထိအရောင်ထဲ့ ပြီးကျိုပါ။ ပြီးရင်ဇကာထဲ သွန်ပြီးရေအေးနဲ့ဆေးပေးပါ။ သာကူများကပ်မနေစေရန်ဖြစ်ပါတယ်။ ကြိုက်ရင်အရောင်ထဲ့ပါ။

ကောက်ညင်းပေါင်း

ကောက်ညင်းဆန် ခွက်တခွက်နဲ့ ကောက်ညင်းထမင်းတည်ပါ။

သကြားရည်

သကြား တခွက်ကို ရေနဲနဲနဲ့ပျစ်အောင်ကျိုထားပါ။ အုန်းနို့ရည် အုန်းနို့၂ဗူးခန့်ကို သကြား ၁ဇွန်း(စားပွဲတင်) နဲ့ ၅မိနစ်ခန့်တည်ပြီးအအေးခံထားပါ။

ပေါင်မုန့်လေးများကိုလေးထောင့်လေးများညှပ်ထားပါ။ ရေခဲတုံးလေးများလဲအဆင်သင့်ရှိပါစေ။



အားလုံးစုံပြီဆိုရင်ပန်းကန်တစ်ခုထဲ သကြားရည်၊ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ ရေခဲတို့ကို တပွဲစာပြင်ဆင်ပြီး နောက်ဆုံးအုန်းနို့ရည်ဖြင့်မွမ်းမံကာ နွေပူပူမှာ ရွှေရင်မပူအောင် ရွှေရင်အေး အေးအေးလေး သုံးဆောင်နိုင်ပါပြီ။

Shared from
http://htetfamily.com/2013/03/16/%E1%80%B1%E1%80%9B%E1%82%8A%E1%80%9B%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%B8/

No comments:

Post a Comment