Sunday, March 30, 2014

မိမိစိတ်ကို ကောင်းစွာစောင့်ရှောက်ခြင်း


တစ်ခါတုန်းက ဘုရားအလောင်း ဟိရိတစ ရသေ့ဟာ ဟိမ၀န္ဆာ တော မှာ

သီတင်းသုံး နေပါတယ်။ တရား ကျင့် ရင်း ဈာန် အဘိညာဉ် သမာ ပတ်တွေ

လည်း ရထားပါတယ်။ တစ်နေ.တော့ ချဉ်စားမှီဝဲ ဖို. ဗာရာဏသီ ပြည်ကို

ထွက်ခဲ့ပါတယ်။ တောထဲမှာ အနေကြာရင် ဆားဓတ် နည်းလာ ပြီး

ဒူးခေါင်းတွေ ကြီးလာ ရတယ်လို. ဆိုပါတယ်။ ဒါကြောင့် တောထဲမှာ နေတဲ့

ရသေ.တွေဟာ ခန္ဓာကိုယ်မှာ ဆားဓတ် နည်း လာပြီ ဆိုရင် မြို.တက်ပြီး

အလှူခံလေ. ရှိပါတယ်။

ဟရိတစ ရသေ.ဟာ မြို.ရောက်တော့ ဗာရာဏသီ မင်းရဲ့ နန်းတော် ကို

သွားပြီး ချဉ်ဆား အလှူ ခံပါတယ်။ ဗာရာဏသီမင်းက ဟရိတစ ရသေ. ကို

မြင်မြင်ချင်း ကြည်ညိုသွားပြီး နန်းတော်ထဲက ဥယျာဉ်ထဲမှာ

သိတင်းသုံးစေပါတယ်။

တစ်နေ.မှာ ဗာရာဏသီမင်းက စစ်ထွက်ဖို. ကြုံလာပါတယ်။ ဒါကြောင့်

စစ်ထွက်ခါနီးမှာ ဆရာရသေ.ကို ကောင်းကောင်းလုပ် ကျွေးဖို. မိဖုရားကို

မှာခဲ့တယ်။

မိဖုရားက မင်း မှာတဲ့ အတိုင်း

ဆွမ်း ဘောဇဉ်ကို ကောင်းကောင်းပြင်ပြီး ရေချိုး နံ့သာရည်

လိမ်းပြီး စောင့်နေ လိုက်ပါတယ်။ ရသေ.ကို စောင့်ရင်းနဲ့ အမှတ်တမဲ့

ကုတင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ မိဖုရား အိပ်ပျော်နေစဉ်မှာပဲ ရသေ.က

ဈာန် နဲ့ပြူတင်းပေါက်က ၀င် လာ ပါတယ်။ မိဖုရားက

လျှော်တ သင်္ကန်းသံကြားလို. အမှတ်တစ်မဲ့ အမြန်ထလိုက်တာ ၀တ်ထားတဲ့

ဝတ်ရုံက အောက်လျောကြ သွားပါတယ်။ ရသေ.က မိဖုရားရဲ့ ၀ိသဘာဂ

အာရုံကို မြင်လိုက်တော့ ကိုယ်တွင်းမှာ ငြိမ်သက်စွာ တည်နေတဲ့

ကုေ ဋ နှစ်သိန်းလောက် ရှိတဲ့ ကိလေသာ တွေဟာ တစ်ခါတည်း

ထကြွလာတယ် လို. ဆိုပါတယ်။ ရထားတဲ့ ဈာန်လည်း ကိလေသာနဲ့ အတူ

ကွယ်ပျောက် သွားပါတယ်။ နောက်ဆုံး မိဖုရားနဲ့ မှားယွင်းတဲ့

အထိ ရောက်သွားပါတယ်။

ဗာရာဏသီမင်း ပြန်ကြွလာတော့ ဒီအကြောင်းကို အမတ်တွေက

တိုင်ကြပါတယ်။ ဒါပေမဲ့ မင်းက မယုံဘူးလို.ဆိုပါတယ်။ အမတ်တွေက

တစ်ယောက် မက တိုင်လာတော့ မင်းက မိဖုရာကို “ သင်ရသေ.နဲ့

မှားယွင်းနေတယ် ဆိုတာ ဟုတ်သလား ” လို. မေးကြည့်ပါတယ်။

မိဖုရားကလည်း မှန်ပါတယ် လို. ၀န်ခံပါတယ်။ ဒါပေမဲ့ မင်းက

မယုံပြန်ပါဘူးတဲ့ ။ နောက်ဆုံး ရသေ.ကို တိုက်ရိုက် သွားမေးတော့

ဟုတ်ပါတယ် မင်းကြီးလို. ပြောလိုက်ပါတယ်။ ဒီတော့မှ မင်းက

ယုံသွားပါတယ်။

ပြီးတော့ ဟရိတစ ရသေ.က ကိုယ့်စိတ်ကိုယ် ပြန်ဆောက်တည် ယူပါတယ်။

ငါဟာ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ပြီ၊ ငါ့အမှားကို ငါကိုယ်တိုင်ပဲ

တည်ဆောက် ယူလို.ရမယ်။ မင်းကြိးလည်း တည်ဆောက်ပေးလို. မရဘူး၊

မိဖုရားကြီးလည်း တည်ဆောင်ပေးလို. မရဘူး၊ ကိုယ့်အမှား ကိုယ် သိတဲ့

သူဟာ ပြုပြင်ယူဖို. မခဲယဉ်းပါဘူး။

ရသေ.က ၊ အဲဒီလို ဆင်ခြင်ပြီး မင်းကြီးကို “ မင်းကြီးရေ ငါ့ကိုခွင့်လွတ်ပါ

၊ငါဟာ မနေသင့်တဲ့ အရပ်မှာ နေခဲ့လို. လူတွေရဲ့ ပါးစပ်ဖျားမှာ ကဲ့ရဲ့ စရာ

ဖြစ်ကုန်ပြီ ၊ မိန်းမနံ ကင်းတဲ့ တောဆီကိုပဲ ပြန်ပါရစေတော့

လို. ပြောပြီး တော ကို ပြန်ကြွ သွားပါတယ်။

ပြောလက်စနဲ့ အများကြားဖူးတဲ့ ဓမ္မ ၀တ္တုလေး တစ်ပုဒ်ကိုလည်း

ခပ်ကျဉ်းကျဉ်း ထပ်ပြော လိုက်ပါရစေဦး။ အာရုံးနိုးတဲ့ အနေနဲ့ပေါ့ ။

ကဿပ ဘုရားရှင် လက်ထက်က ရဟန်းတစ်ပါး ရှိပါတယ်။ အဲ့ဒီ ရဟန်းက

သီလလည်း တော်တော် စင်ကြယ်ပါတယ်။ တစ်နေ.တော့ သူ.ကျောင်းကို

အာဂန္တု ကိုယ်တော်တစ်ပါး ရောက်လာပါတယ်။ သူ.ရဲ့ ဆွမ်းကပ်နေကျ

ဒကာက ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်နေတယ် ဆိုတာ

သိရတော့ မနက်ကျရင် အာဂန္တု ရဟန်းကိုပါ ပင့်ခဲ့ဖို. ဖိတ်သွားပါတယ်။ အဲဒီ

အချိန်မှာ ကျောင်းထိုင် ကိုယ်တော် ရဲ့ စိတ်ဟာ အာဂန္တု ရဟန်းကို မနာလို

ဝန်တိုတဲ့ စိတ်တွေက တစ်ဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒီတော့

မနက်ဆွမ်းစား သွားခါနီးမှာ

လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုး နိုးခဲ့ပါသတဲ့.။ အိမ်ရောက်တော့

ဒကာကို သင့်ကိုယ်တော်ကြီး အအိပ်ကြီးနေတယ် ၊ ခေါင်းလောင်း

ထိုးနိုးတာတောင် မနိုးဘူးလို. မိန်.ပါတယ်။

ဒကာကတော့ ရိပ်မိလိုက်ပြီ။ ဒါကြောင့် အာဂန္တု ကိုယ်တော် အတွက်

ဆွမ်းထည့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျောင်းထိုင်ကိုယ်တော် က

ဒုတိယအကြိမ် မနာလို ၀န်တိုစိတ်တွေ ထပ်ဝင်လာပြန်ရော။ ဒီတော့

ဆွမ်းကိုလမ်းမှာပဲ သွန်ပစ်ခဲ့ပါတယ်။ အဲဒီ မကောင်းတဲ့ စိတ်ဟာ သူ.ဘ၀ရဲ့

တစ်သံသရာလုံးကို ဒုက္ဖပေးခဲ့ ပါတယ်။ သူတင်မကဘူး၊ ရွာ တစ်ရွာ မှာလူ

ဖြစ်သွားရင် တစ်ရွာလုံး ဆင်းရဲ တဲ့ အထိပါ။

တကယ်လို.သာ ဒီရဟန်းဟာ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့

ချက်ခြင်း သိပြီး ကိုယ့် စိတ်ကလေးကို အကောင်းဆုံး ဖြစ်အောင်

ပြန်တည်ဆောက် ယူလိုက်မယ်ဆိုရင် ဇတ်လမ်းက တစ်မျိုး

ဖြစ်သွားနိုင်ပါတယ်။ ခုတော့ ဇတ်လမ်းက မလှတော့ဘူး ဖြစ် သွားပါတယ်။

မင်္ဂလာ (၃၈) ပါးထဲမှာ စာရေးသူ စိတ်ဝင်စားတာက အတ္တ သမ္မာ ပဏိဓိ

မင်္ဂလာပါ။ ဘာဖြစ်လို.လဲ ဆိုတော့ အဲဒီ အတ္တ သမ္မာ ပဏိဓိ မင်္ဂလာနဲ့

ဆန်.ကျင်ဘက် ဖြစ်ဖြစ်နေတတ်လို.ပါ ။

အတ္တ သမ္မာ ပဏိဓိဆိုတာ ကိုယ့်စိတ်ကိုယ် မှန်ကြည့်သလို

သတိနဲ့ စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့

ချက်ခြင်း သိ သိတာနဲ့ ပယ်နိုင်ဖို.ပါ။ ဘယ်လို ပယ်မလဲ ဆိုတော့

ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီး ပါယ်တာနဲ့ ပွားများပြီး ပယ်တာပါ။

“ငါ့မှာ မကောင်းတဲ့ စိတ်တွေ ဖြစ်နေပြီ။ သူတစ်ပါး အပေါ် မကောင်းတဲ့

စိတ်ဟာ ငါ့အောင်မြင်မူ.၊ ငါ့တိုးတက်မူ.၊ ငါ့ဘ၀ ၊ ငါ့အနာဂတ်ကို

ငါကိုယ်တိုင် ဖျက်စီးပစ်နေတာပဲ ။ သူတစ်ပါးအပေါ် မကောင်းတဲ့

စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက် အောင်မြင်တယ် လို. တစ်ခါ မှ

မကြားဘူးသေးဘူး။ စသည် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို

မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကိုလည်း သတိကပ်ပြီး

“ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ ” ဆိုပြီး

အချက်သုံးဆယ် လောက်မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်နေတဲ့

အချိန်မှာ ကုလားထိုင် ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း မျက်လုံးလေးကို

အသာလေး မှိတ်ပြီး မကောင်းတဲ့ စိတ် ဖြစ်နေ တာလေးကို အာရုံ

ညွတ်နိုင်သမျှ ညွတ်ပြီး သိနေဖို.လည်း အရေးကြီးပါတယ်။

သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ကို ဆင်ခြင်ပြီး ပယ်ပယ် ပွားများပြီး

ပယ်ပယ် ၊ ပယ်နိုင်ဖို.က အဓိကပါ။ ဥပမာ၊ လမ်းသွားရင်း မကောင်းတဲ့ စိတ်

ဖြစ်တယ် ဆိုပါစို။ လှမ်းနေတဲ့ ခြေလှမ်းကို ချက်ခြင်း ရပ်ပစ်ပြီး ကိုယ် စွမ်းနိုင်

သမျှ နည်းနဲ့ ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့

ပိုကောင်းပါတယ်။ အသွားမှာ ဖြစ်တဲ့ မကောင်းတဲ့ စိတ်ကို အသွားမှာပဲ

ပယ်ပစ်နိုင်ဖို.ပါ။

ဒီလိုပါပဲ၊ ကားစီးရင်း ပဲဖြစ်ဖြစ်၊ ဧည့် ခံပွဲ တက်ရင်းပဲ ဖြစ်ဖြစ် ထိုင်ရင်းပဲ

ဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ် ဖြစ်တာနဲ့ သိ၊ သိတာနဲ့ ပယ် ပစ်ဖို.ပါ။

အကျင့်တစ်ခု ဆိုတာ ကျင့်ယူရတာပါပဲ ။ အတိတ်ဘ၀က အကုသိုလ်

အထုံတွေ များခဲ့တော့ အတိတ် အထုံတွေရဲ့ လွမ်းမိုး မူ.ကြောင့် ကျင့်စမှာ

နည်းနည်း ခက်ရင်ခက်မယ်။ ကျင့်ပါ များလာရင် အဆင်ပြေသွားပြီး အလေ့

အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်.။ ဒါဆို အလေ့ အကျင့်က တစ်ခု

ဖြစ်နေပြီး မကောင်းတဲ့ စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ

စတဲ့ ကောင်းတဲ့ စိတ်ကလေးတွေ ၀င်လာပါ လိမ့်မယ်။

အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း ၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း ၊ .

အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း၊ စသည်တွေကို

အတ္တသမ္မာပဏိဓိက လူသား တစ်ယောက် အတွက် များစွာ ပြဌန်း

ထားပါတယ်။

ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး ၊ အလုပ်မရွေး၊

ရိယာပုထ် မရေါး ကျင့်လို. ရတဲ့ အကျင့်လေး တွေကို ကျင့် ကြည့်လိုက်

စမ်းပါ။ အောင်မြင် စေချင်လို.ပါ။

စာဖတ်သူ- စကားလေး တစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။ သူတစ်ပါး

အပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့ နေ.ဟာ ကိုယ့်အောင် မြင်မူ. ၊

ကိုယ့်တိုးတက်မူ. ၊ ကိုယ့် အနာဂတ်ကို ၊ ကိုယ်တိုင်ဖျက်စီး

ပစ်လိုက်တဲ့ နေ.ပါပဲ။ တကယ်ပါ။ အကြားနဲ့ ပြောတာ မဟုတ်ဘူး၊

ကိုယ်တွေ. မို.လို. ပြောတာပါ ။ ။

မင်္ဂလာ အတွေးများ (၆)
အလင်းတန်း ဂျာနယ် (၆.၈.၂၀၀၃)
ရေးသားသူ- ရဝေနွယ် (အင်းမ)

No comments:

Post a Comment