Sunday, March 23, 2014

အီကြာကွေး – ၁၀ ချောင်း (ဒုတိယနည်း)


အီကြာကွေးကြော်နည်းလေးကို အရင်က တစ်ခါတင်ပြီးပါပြီ။ တစ်ချို.ကလုပ်လို.အဆင်ပြေပြီး၊ တစ်ချို.ကလုပ်လို. အဆင်မပြေဘူးလို.ပြောကြပါတယ်။ လုပ်လို.အဆင်မပြေဘူးဆိုတဲ့ သူများအတွက် နောက်တစ်နည်းထပ်တင်ပေးလိုက်ပါတယ်။

** အီကြာကွေးကြော်ဖို. အတွက် လိုအပ်တာလေးတွေ…

dry yeast – 1/2 tsp
baking powder – 1/4 tsp
sugar – 1 tsp
salt – 1/2 tsp
plain flour – 3 cups (750 ml)
cold water – 1 cup (250 ml) (ရေခဲရေမဟုတ်)
vegetable oil – 5 tbsp

dry yeast, baking powder, sugar, salt တို.ကို ဇလုံထဲထည့်ပါ။

plain flour, cold water & vegetable oil တို.ကိုပါ ထည့်ကာ အတော်လေးနှံ.သွားအောင် ဇွန်းနှင့် ဦးစွာ နယ်ပေးပြီးလျှင် လက်နှင့်ဆက်နယ်ပေးပါ။

စေးကပ်နေသော dough (မုန်.သား)များ ညက်သွားအောင် သေသေချာချာနယ်ပေးပါ။

လက်မှာကပ်နေသည်များကို ဇွန်းနှင့်ခြစ်ချပြီး လက်ကိုဆေးကာ ဆီအနည်းငယ်သုတ်၍ ဆက်နယ်ပေးပါ။

လက်ဖနောင့်ထဲ အားထည့်ကာ ဖိပေးပါ။
လက်သီးဆုပ်ပြီး လက်ချောင်းထိပ်များနှင့် ဖိထိုးပေးပါ။(အရမ်းကပ်နေသည်ဆိုပြီး plain flour လုံးဝ ထပ်မထည့်ပါနှင့်။)
၁၅ မိနစ်ခန်.ကြာလျှင် မုန်.သားများနူးညံ့ကာ အောက်ပါပုံအတိုင်း လုံးဝ မကပ်တော့ပါ။

မကပ်တော့သည့် dough ကို glad wrap နှင့် လေလုံအောင်ထုပ်ကာ အေးသောနေရာမှာ ၁ နာရီ ထားပါ။ (ရေခဲသေတ္တာထဲ မဟုတ်ပါ။)

၁ နာရီ ကြာပြီးနောက် အနည်းငယ်ပွလာသော dough ကို (နယ်၊ လက်ဖနောင့်နှင့် အားစိုက်ဖိ၊ လက်သီးဆုပ်ပြီး လက်ချောင်းထိပ်များနှင့်ထိုး)သည်များ ၅ မိနစ်ခန်. လုပ်ပေးပါ။

plain flour (1/2 tbsp)ခန်. ဖြူးထားသော ညီညာသော မျက်နှာပြင်ပေါ် မုန်.သားကို ထားကာ ဓါးနှင့် ၂ ပိုင်းဖြတ်ပါ။

မုန်.သားကို အချောင်းလေးတွေ မဖြတ်ခင် vegetable oil (၁ လီတာခွဲ) ခန်.ကို high heat နှင့် အပူပေးထားပါ။

ပြီးလျှင် မုန်.သား ၂ ခုကို 0.5 cm အထူ၊ 8 cm အနံ နှင့် 30 cm အလျား ခန်.စီ ရအောင်လိမ့်ပါ။

မုန်.သား ၂ ခုကို ခဏ ဖယ်ကာ ညီညာသော မျက်နှာပြင်ပေါ် ဂျုံမုန်. (1/2 tbsp)ခန်. ထပ်ဖြူး ပြီး 3cm x 8 cm strips (အချောင်း) ပေါင်း ၁၀ ခုစီ ဖြတ်ပေးပါ ၊၊

ဖြတ်ပြီးလျှင် ၂ ခုစီထပ်ကာ တူနှင့် တစ်ချက်စီ ဖိချပါ။

ဆီ အတော်ကြီးပူလာလျှင် ထပ်ထားသော ထိုနှစ်ချောင်းကို လက်နစ်ဖက် နှင့် ဖွဖွလေးကိုင်ကာ ဖြည်းဖြည်းချင်း အပေါ်အောက်လှုပ်ပေးပြီး ရှည်ထွက်လာအောင်လုပ်ပါ။

ရှည်ထွက်လာလျှင် ဆီပူထဲထည့်ကာ ပွတက်လာအောင် ၁၀ စက္ကန်.ခန်. ထားပါ။

ပြီးမှ နောက်တစ်ဖက်ကို လှန်ကာ ဆက်ကြော်ပေးပြီး အီကြာကွေးအရောင် ရမှ ဆယ်ပါ။

ကြော်နေစဉ် ဆီအရမ်းပူလာလျှင် မီးအနည်းငယ်လျှော့ပေးပါ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment