Sunday, March 30, 2014

အမှိုက်ပုံကြီး မဖြစ်ပါစေနှင့်


နှလုံးသားမှာ ဘုရားတည်မပေးရင်...
လမ်းဘေးမှာရှိနေတဲ့
အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။
အမှိုက်ပုံတို့၊အမှိုက်ပုံးတို့ ဆိုတာ...
ထားတာကလည်းလမ်းဘေးမှာ။
အမှိုက်ထည့်ဖို့ဆိုတော့....
တွေ့တဲ့သူတွေက ကြုံရာအမှိုက်တွေ
ထည့်သွားတယ်။

အမှိုက်တွေ ထည့်သွား၊
တံတွေးအညစ်အကြေးတွေစွန့်ထား၊
ကွမ်းသွေးတွေထွေးသွား၊
ကောင်းတာတစ်ခုမှ မထည့်ပါဘူး။

ဒါမျိုးလိုပဲ....
ပုထုဇဉ်တို့ရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း၊
နှလုံးသားထဲ တရားထည့်မပေးရင်၊
အမှိုက်ပုံကြီးလို ဖြစ်နေတယ်။

အမှိုက်က သူများတွေလာထည့်တာမဟုတ်ဘူး။
ကိုယ့်ဟာကိုယ်ထည့်နေတာ။

လောဘအမှိုက်တွေ လာထည့်၊
ဒေါသအမှိုက်တွေ လာထည့်၊
ဣဿာမစ္ဆရိယ ကိလေသာ အမှိုက်တွေ
လာထည့်ကြတော့.....

နှလုံးသားထဲ တရားမထည့်ထားရင်၊
အမှိုက်တွေ ရှုပ်ထွေးပြည့်ကြပ်နေတယ်.......။

( ယောဆရာတော်ဘုရားကြီး)။

မေတ္တာအားဖြင့်. Daw Khin Aye Win.

No comments:

Post a Comment