Sunday, March 23, 2014

မုန့် ကုလားမည်း


အုပ်စု-၁
1. ကောက်ညှင်း ငချိပ် ၁၀၀ gm (ပြာပီး ညက်အောင် အမှုန့်ကြိတ်ထားပါ)
2. ကောက်ညှင်းမှုန့် ၂၅ gm
3. ရွှေကြည်မှုန့် ၂၅ gm (ညက်အောင်အမှုန့်ကြိတ်ထားပါ)
4. ဆား သင့်ရုံ
5. သကြား ၇၅ gm
အုပ်စု -၂
1. အုန်းနို့ ၁ ဗူး (၄၀၀ ml)
2. ရေ ၆၀ ml
အုပ်စု -၃
ထောပတ် ၃၀ gm

1. အုပ်စု-၁ မှ ပါဝင်ပစ္စည်းများကို ဇလုံ တခုတွင် သမအောင် ရောပါ၊
2. အုပ်စု -၂ ထည့်ပီး သမအောင်မွှေပါ၊
3. မီးဖိုပေါ်မှာ မုန့်ကျိုမည့် အိုးတင်၊ မုန့်ရည် ထည့်ပီး မီးအေးအေးဖြင့် မွှေပေးနေပါ၊ မုန့်ရည် ပြစ်စပြုလာသောအခါ ခပ်မြန်မြန်မွှေပေးမှ.. မုန့်သားညက်ပါမည်။ နောက်ပိုင်းတွင် ပုံမှန် မွှေပေးနိုင်ပါတယ်။
4. ရေ ခန်းပြီး မုန့်သား တော်တော် စီးလားတော့ ထောပတ် နည်းနည်းထည့်လိုက် မွှေပေးလိုက်လုပ်ပါတယ်၊ ထောပတ်ကို ၃ ခါခွဲထည့်ပါတယ်၊
5. ကျွန်မက ၃၅ မိနစ် မွှေပါတယ်..၅၀ မိနစ် မွှေပေးနိုင်လျှင် ပိုကောင်းပါမည်၊မီး မပြင်းရပါ..မီးပြင်းလျှင် တူးကပ်မြန်ပြီး မုန့် သား မနပ်ပါ၊ ကြာကြာမွှေနိုင်လေလေ မုန့်သား မည်းလေ..ညက်လေ.. ကောင်းလေ..။

မှတ်ချက်..
1. မမီး က ကောက်ညင်းငချိပ်ကို အိမ်သုံး blender ဖြင့် ကြိတ်တာကြောင့်...မုန့်သားမှာ အိပီး စားကောင်းသော်လည်း မချောမွှေ့ပါ၊
2. အချို မကြိုက်သူ မို့ ယ္ခုပေးထားသော သကြားပမာဏက မမီး အတွက် အနေတော်ဖြစ်ပေမဲ့ အချိုနှစ်သက်သူတို့ အဘို့ သကြားအနည်းငယ်တိုးထည့်ရန် လိုကောင်းလိုမည်၊
3. ရွှေကြည်မှုန့် အလွယ်တကူ မရလျှင် ကောက်ညှင်းမှုန့် အစားထိုးပြီး လုပ်နိုင်ပါသည်။
4. နောက်တကြိမ်လုပ်သော အခါ..မုန့်သား နပ်၍ မွှေရသက်သာအောင် မုန့်ရည်ကို rice cooker တွင် အရင် ချက်ပီးမှ မုန့်ကြိုမည့် အိုးထဲ ပြောင်းပြီး မွှေကြည့်ဦးမည်လို့ စဉ်းစားထားပါတယ်..၊
5. ဒီမုန့်လေး မလုပ်စားခင်မှာ..ကိုယ်လက်မောင်းကြွက်သားတွေကို အရင် စစ်ဆေးပါ..လိုအပ်လျှင် ၀ိတ်မပါ..
6. လောကကြီးမှာ အဆင်မပြေသမျှ အံကြိတ်မျိုသိပ် ထားတာလေးတွေရှိပါလျှင်…..မုန့် မွှေရာတွင် ထည့်သုံးပါ..

Shared from Myanmar Kitchen in Hawaii (FB)

No comments:

Post a Comment