မုန့်လက်ဆောင်းဖတ်လုပ်နည်းကိုသမီးလေးမွေးပြီကာစ အိသက် facebook ပေါ်မှာတင်ဖူးပါတယ်နော်။ အခု ဒီနည်းလေးက နိုင်ငံခြားမှာ ဆန်ကြမ်းကြိတ်မရနိုင်ရင်လုပ်လို့လွယ်တဲ့ နည်းပေါ့နော်။ကလေးတွေ ၂၀၁၁ မွေးနေ့ပွဲမှာ ရွှေရင်အေးပါ ပါတယ်။ အဲဒီတုန်းက မုန့်လက်ဆောင်းက ဒီနည်းနဲ့လုပ်တာပါ။အရမ်းအဆင်ပြေပြီး လုပ်ရလွယ်တဲ့နည်းလေးမို့ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ
-ဆန်မှုန့်၁၀ဇွန်း( ဟင်းခပ်ဇွန်း)
-Tapioca flour ၃ဇွန်း( ဟင်းခပ်ဇွန်း)
-ဆွမ်းမွှေးရည် (pandan paste)
-ထုံးကျက်တတ်ရည်၂ လီတာ
ထုံးကျတ်တတ်ရည်ဆိုတာ ထုံးကိုရေဖျော်ပြီးကျောက်ချဉ်ထဲ့ပါ။ရေကြည်လာရင်အပေါ်ရေကြည်ကထုံးကျက်တတ်ရည် ဖြစ်ပါတယ်
ကျောက်ချဉ်,ထုံး alum and line stone

ဆန်မှုန့်နဲ့ tapioca flour ကိုရောပြီးထုံးကျက်တတ်ရည်နဲ့ ကျိုပါ။ ဆွမ်းမွှေးရည် အရောင်နု၊ ရင့် ကြိုက်သလိုထဲ့ မွှေပါ.

ဆွမ်းမွှေးရည် အရောင်နု၊ ရင့် ကြိုက်သလိုထဲ့ မွှေပြီး တော်တော်ပျစ်လာပြီဆိုမှ အောက်ကရေခဲထဲ့ထားသော ရေခဲရည်ထဲသို့ ဇကာပေါက်ပါသောခွက်ထဲကို မုန့်ရည်ကိုထဲ့ပြီး ဖြေးဖြေးချင်းကိုဖိချပါ။

ရေခဲရေကိုခဏခဏလဲပေးရပါမယ်နော် ဘာလို့ဆိုတော့အပေါ်ကကျလာတဲ့အပူမုန့်ရည်က အောက်က ရေခဲရည်ကြောင့်
အခဲသဏ္ဍာန်ပြောင်းသွားတာပါနော်။ ရေအေးမှ မုန့်အပူက အခဲသဏ္ဍာန်ဖြစ်ပါမယ်။

Shared from
http://htetfamily.com/2012/02/25/%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%82%94%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%96%E1%80%90%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94/
No comments:
Post a Comment