Sunday, March 23, 2014

ရှမ်းဆန်စီးခေါက်ဆွဲ (သို.) ရေစိမ်ခေါက်ဆွဲ အသုပ်နှင့်အရည်


ဒီနေ. ဖေဖော်ဝါရီလ (၇) ရက်နေ.ပာာ ရှမ်းပြည်နယ်နေ.ဖြစ်တာကြောင့်ရှမ်းပြည်နယ်က အစားအစာလေး တွေထပ်တင်ပေးပါမယ်..
ရှမ်းခေါက်ဆွဲသည်လဲ ရှမ်းပြည်မှအစားအစာတစ်ခုပါပဲ… ကျွန်မကတော.ဆန်စီးခေါက်ဆွဲကိုတိုပာူးနွေးနှင့်စားရတာပိုကြိုက်ပြီး ၊ ရေစိမ်ခေါက်ဆွဲကိုတော. အရည်နှင့်စားရတာပိုကြိုက်ပါတယ်ရှင်..

ပါဝင်ပစ္စည်းများ

-ဆန်စီးခေါက်ဆွဲ ( or) ရေစိမ်ခေါက်ဆွဲ - 500 g ( ခေါက်ဆွဲခြောက်ဖြင့်လုပ်မည်ဆိုလျင် 20 မိနစ်ခန်.ရေစိမ်ထားရန်လိုသည်)
-ကြက်သား(သို့)ဝက်သား 300gm ကို ခပ်နှုတ်နှိုတ်လှီးထားကာ နနွင်း၊ဆား၊အရသာမုန်.၊ငံပြာရည်တို.နှင့်နယ်ထားပါ။
-ကြက်သွန်နီ ၂လုံးနှင့် ကြက်သွန်ဖြူ 2မွှာကို ငရုပ်အရောင်တင်မှုန်.ရောကာထောင်းထားပါ
- ခရမ်းချဉ်သီး (2)လုံးကို တောက်တောက်စဉ်းထားပါ၊
-ရွှေပဲရွက် (သို.) ရွှေပဲညွန်. (100) g ကိုရေဆေးပြီးစစ်ထားပါ၊
-တိုပာူးကြော်
-ကြက်သွန်ပင်နှင့်နံနံပင် 3 ပင်စီ ပါးပါးလှီးထားပါ။
-မြေပဲဆံလှော်နှင့် နှမ်းလှော်ထောင်းပြီးသား - 50 g
- ပဲငပိအစပ် - 50 g
-ရှမ်းချဉ် - 100 g မရှိက မုန်ညှင်းစိမ်းပင်သေးသေး(သို.) မုန်လာဥအ၇ွက်ကိုရေစင်စင်ဆေးကာပါးပါးလှီးပြီးရှာလကာရည်အနဲငယ်နှင့် နယ်ထားပါ။
-မညှက်တညှက်ထောင်းထားသောငရုပ်သီးခြောက်မုန်.ထဲကို ဆီပူပူကိုငရုပ်သီးမြိုပ်ရုံထည.်ကာ အအေးခံထားပါ။
-ကြက်သားမှုန့်၊ဂျင်း၊ကြက်သွန်ဖြူ၊ငရုပ်ကောင်း၊ေ၇ှာက်ကောပတ်ကောမှုန်.(သို.)နာနတ်ပွင့် - 2 ပွင့်
-ကြက်သွန်ဖြူဆီချက်ကို ငရုပ်သီးအရောင်တင်နှင့်ရောကာချက်ထားပါ၊
-ပဲငံပြာရည်အကြည်၊ှဆား၊ ကြာညို သို. သကြား အနဲငယ်စီ
ချက်နည်း
-ပာင်းချက်ရန်အတွက် ထောင်းထား သောကြက်သွန်ဖြူနီကို ဆီသတ်ပြီး ခပ်နှုတ်နှိုတ်လှီးထားကာ နနွင်း၊ဆား၊အရသာမုန်.၊ငံပြာရည်တို.နှင့်နယ်ထားသော ကြက်သား(သို့)ဝက်သား 300gm နှင့် ခရမ်းချဉ်သီး၊ရှောက်ကောပတ်ကောမှုန်.အနဲငယ်(သို.) ထောင်းထားသော နာနတ် 1ပွင့်ကို ငံပြာရည်၊ကြက်သားမှုန်.၊ဆားတို.ကိုထည်.ပြီး ရေကုန်အောင်လုံးချက်ပါ၊ ဆီပြန်ပြီဆိုလျှင် ရေနွေးအနဲငယ်ထည်.ကာ ဆီပြန်အောင်ချက်ပါ။
-ပာင်းရည်အတွက် ရေနွေးဆူဆူ (2) liter ထဲသို. ကြက်သွန်ဖြူ နှင့် ဂျင်းဒါးပြားရိုက်ကာထည်.ပြီး ၊ကြက်ရိုး (200) နှင့် အခွံခွာကာပါးပါးလှီးထားသောမုန်လာဥ၊ ကြက်သားမှုန်.၊ဆား၊ငံပြာရည်၊ငရုပ်ကောင်း၊ ထောင်းထားသောနာနတ်ပွင့်တို.ကိုထည်.ကာ ရေအနဲငယ်ခန်းအောင်တည်ထားပါ..
ပြင်ဆင်နည်း
စားခါနီးမှခေါက်ဆွဲ တစ်ပွဲစာနှင့် ရွှေပဲရွက်ကို ရေနွေးဆူဆူတွင် 1 မိနှစ်ခန်.ပြုတ်ပြီး ရေစစ်ပြီး ပုဂံထဲသို.ထည်.ပါ၊ အပေါ်မှ ကြက်သားပာင်း၊ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည်၊ ကြာညို.၊ဆား၊ ပဲငပိအစပ်၊ကြက်သားမှုန့်၊မြေပဲဆံလှော်ထောင်း၊ကြက်သွန်ပင်နှင့်နံနံပင်၊ တိုပာူးကြော် ရှမ်းချဉ်နှင့်ငရုပ်သီးတို.ကိုထည်.ကာ ရှမ်းခေါက်ဆွဲအသုပ်ကိုစားသုံးနိုင်ပါပြီရှင်..
ပာင်းရည်ပုဂံတွင်ကြက်ရိုးစွပ်ပြုတ်၊ ကြက်သွန်ပင် နှင့် ငရုပ်ကောင်းထည်.ကာ ရှမ်းခေါက်ဆွဲအသုပ်နှင့်တွဲပြီးသောက်သုံးနိုင်ပါတယ်..
ရှမ်းဆန်စီး( သို.) ရေစိမ်အရည်နှင့်စားလိုသူများ ခေါက်ဆွဲဖတ်ကိုလျော.ထည.်ကာ ခပ်မာမာပြုတ်ထားသောခေါက်ဆွဲထဲသို. ကြက်ရိုးစွပ်ပြုတ်ကိုလောင်းထည်.ကာ ကျန်တာကအသုပ်ကဲ.သို.ပင်ထည်.ပြီး သုံးဆောင်နိုင်ပါပြီရှင်။
ရှမ်းခေါက်ဆွဲ အရည်ထဲသို. ဆီတိုပာူးကြိုက်သူများ ထည်.စားနိုင်သည်။
(မှတ်ချက်) ခေါက်ဆွဲကိုကြိုတင်ပြီးပြုတ်ထားရန်မလို

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment