အလှသုံးကုန် ပစ္စည်းတွေ ထုတ်တဲ့ ကုမဏ္ဏီမှာပါ၊ တနေ့ သူတို့ customer
တွေဆီကနေ complaint ရပါတယ်။ သူတို့ ၀ယ်လိုက်တဲ့ ဆပ်ပြာဟာ ဗူးလွတ် ကြီးဖြစ်နေတယ်။ အထဲမှာ ဆပ်ပြာမပါဘူးဆိုပြီး တိုင်ကြတယ်။ တယောက်လည်း မဟုတ် တော်တော်လေး များလာတော့ နာမည် အပျက် မခံ ချင်တာနဲ့ Management ပိုင်းမှ ပညာရှင်တွေကို စုပြီး အကြီးအကျယ် meeting မှာ ဘယ်လိုလုပ်ကြမလိုဆိုတာ ဆွေးနွေးကြတယ်။
ပညာရှင်တွေကတော့ X-ray စက်တွေ တပ်မယ်။ အလွန်အားကောင်းတဲ့ sensor တွေနဲ့ ပစ္စည်းတွေ ပါမပါ စစ်မယ် စသဖြင့် ပိုက်ဆံအများကြီး သုံး ရမယ့် နည်းလမ်းတွေကို တင်ပြကြတယ်။ သူတို့ အဲလို အကြီးအကျယ် ဆွေး
နွေး ပြီး နောက်ဆုံး အားလုံးမှ ပိုက်ဆံ million နီးပါး သုံးဖို့ သဘောတူ ကြလေ၏။
Meeting အပြီးမှာပဲ စက်ရုံက သတင်းတခု ရောက်လာပါတယ်။ အဲ့ ပြသနာ ကို ဖြေရှင်းနိုင်လိုက်ပြီ ဆိုတာပါ။ ပညာရှင်တွေက အားလုံး အံ့သြကြကုန်ပြီး အပြေးအလွှား သွားကြည့်ကြတယ်။ စက်ရုံအလုပ်သမား တစ်ယောက်က အဲ့ ဆပ်ပြာဗူးတွေ သွားနေတဲ့ လမ်းကြောင်း မနီးမဝေးမှာ ပန်ကာ တခု ကို ထားလိုက်ပါတယ်။ အဲ့တော့ ဆပ်ပြာမထည့်မိတဲ့ ဗူးခွံက လွင့်သွားပါတယ်။
-MM-
သုတစွယ်စုံကျမ်း

No comments:
Post a Comment