Sunday, March 23, 2014

တိုပာူးနွေး၊တိုပာူးပျော.၊တိုပာူးခေါက်ဆွဲ


တိုပာူးနွေးသည်လဲ ရှမ်းပြည်မှအစားအစာတစ်ခုပါပဲ…
ရှမ်းတောင်ပိုင်းတွင် တိုပာူးနွေးပာုခေါ်ကြပြီး ရှမ်းမြောက်ပိုင်းနောင်ချိုမှာတော. တိုပာူးပျော.၊တိုပာူး ခေါက်ဆွဲပာုခေါ်ကြသည်။ တိုပာူးနွေးကို အသားပာင်းမပါပဲ တိုပာူးကြော် (သို.) အီကြာကွေးနှင့် သက်သတ်လွတ်စားနိုင်ပါသည်။ အချို.က တိုပာူးနွေးဆန်စီးခေါက်ဆွဲများတာကြိုက်ကြသော်လဲ ကျွန်မကတော.ခေါက်ဆွဲနဲနဲတိုပာူးများများထည်.စားတာကပိုကြိုက်ပါသည်။
ရှမ်းချဉ်နှင်တိုပာူးကြော်ကိုလဲရောထည်.မွေကာစားရတာကိုလဲပိုကြိုက်ပါတယ်..
ပါဝင်ပစ္စည်းများ
-ဆန်စီးခေါက်ဆွဲ - 300 g ( ခေါက်ဆွဲခြောက်ဖြင့်လုပ်မည်ဆိုလျင် 20 မိနစ်ခန်.ရေစိမ်ထားရန်လို သည်)
-ကုလားပဲမှုန့် - 200 g ( ကိုရေလေးဆနှင့်ရောကာဖျော်ပြီး ပိတ်ပါးနှင့်စစ်ကာအနယ်ထိမ်ထားပါ)
-ကြက်သား(သို့)ဝက်သား 300gm ကို ခပ်နှုတ်နှိုတ်လှီးထားကာ နနွင်း၊ဆား၊အရသာမုန်.၊ငံပြာ ရည်တို.နှင့်နယ်ထားပါ။
-ကြက်သွန်နီ ၂လုံးနှင့် ကြက်သွန်ဖြူ 2မွှာကို ငရုပ်အရောင်တင်မှုန်.ရောကာထောင်းထားပါ
-ရွှေပဲရွက် (သို.) ရွှေပဲညွန်. (100) g ကိုရေဆေးပြီးစစ်ထားပါ၊
-တိုပာူးကြော် (သို.) အီကြာကွေး ကိုသေးသေးညှပ်ထားပါ၊
-ကြက်သွန်ပင်နှင့်နံနံပင် 3 ပင်စီ ပါးပါးလှီးထားပါ။
-မြေပဲဆံလှော်ထောင်းပြီးသား - 50 g
-ရှမ်းချဉ် - 100 g မရှိက မုန်ညှင်းစိမ်းပင်သေးသေး(သို.) မုန်လာဥအ၇ွက်ကိုရေစင်စင်ဆေးကာပါးပါးလှီးပြီးရှာလကာရည်အနဲငယ်နှင့် နယ်ထားပါ။
-မညှက်တညှက်ထောင်းထားသောငရုပ်သီးခြောက်မုန်.ထဲကို ဆီပူပူကိုငရုပ်သီးမြိုပ်ရုံထည.်ကာ အေ အးခံထားပါ။
-ကြက်သားမှုန့်
-ကြက်သွန်ဖြူဆီချက်ကို ငရုပ်သီးအရောင်တင်နှင့်ရောကာချက်ထားပါ၊
-ပဲငံပြာရည်အကြည်၊ ကြာညို.၊ဆား
ချက်နည်း
-ပာင်းချက်ရန်အတွက် ထောင်းထား သောကြက်သွန်ဖြူနီကို ဆီသတ်ပြီး ခပ်နှုတ်နှိုတ်လှီးထားကာ နနွင်း၊ဆား၊အရသာမုန်.၊ငံပြာရည်တို.နှင့်နယ်ထားသော ကြက်သား(သို့)ဝက်သား 300gm နှင့် - ရှောက်ကောပတ်ကောမှုန်.အနဲငယ်(သို.) နာနတ် 1ပွင့်ကိုထောင်း၊ ငံပြာရည်၊ကြက်သားမှုန်.၊ဆား တို.ကိုထည်.ပြီး ရေကုန်အောင်လုံးချက်ပါ၊ ဆီပြန်ပြီဆိုလျှင် ရေနွေးအနဲငယ်ထည်.ကာ ဆီပြန် အောင်ချက်ပါ။
-တိုပာူးစကျိုပါတော.မယ်… အနည်ထိုင်ထားတဲ.ပဲရည်အပေါ်ရည်ကြည်လေးတွေကို ကျိုမဲ.အိုးထဲကိုထည်.ပြီးမီးပြင်းပြင်းနှင့် အ၇င်ကြိုပါ …အ၀ါရောင်ကြိုက်သူများ နှနွင်းအနဲငယ်ထည်.ပါ၊ အရသာအ တွက်ဆား ထည်.ကြိုပါ…ပွက်ပွက်ဆူပြီးအနဲငယ်ပြစ်လာရင် ကျန်တဲ.ကုလားပဲအနည်ကို ခဲမနေအောင် မွေပြီးမှထည်.ကာ 10 မိနစ်ခန်.မီးပြင်းပြင်းနှင့်ဆက်တိုက်မွေပြီး တိုပာူးမခဲသွားစေရန်မီးအေးအေးနှင့်ထားပါ။

ပြင်ဆင်နည်း
စားခါနီးမှဆန်စီးခေါက်ဆွဲ တစ်ပွဲစာနှင့် ရွှေပဲရွက်ကို ရေနွေးဆူဆူတွင် 1 မိနှစ်ခန်.ပြုတ်ပြီး ရေစစ်ပြီး ပုဂံထဲသို.ထည်.ပါ၊ အပေါ်မှ တိုပာူးပူပူကိုထည်.ကာ အခြားအစာပလာများဖြစ်သည်. ကြက်သား ပာင်း၊ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည်၊ ကြာညို.၊ဆား၊ ကြက်သားမှုန့်၊မြေပဲဆံလှော် ထောင်း၊ကြက်သွန်ပင်နှင့်နံနံပင်၊ တိုပာူးကြော် (သို.) အီကြာကွေး၊ ရှမ်းချဉ်နှင့်ငရုပ်သီးဆီပူလောင်းတို.ကိုထည်.ကာ စားသုံးနိုင်ပါပြီရှင်..
(မှတ်ချက်) ခေါက်ဆွဲကိုကြိုတင်ပြီးပြုတ်ထားရန်မလို၊

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment