ဒါလဲ မေမြို့မှာစားခဲ့တာပဲနော်၊ နို့ခဲကအညာဘက်က ပိုလုပ်စားကြပါတယ်၊ နို့ခဲချက်စပ်စပ်လေးစားချင်နေတာကြာပြီ၊ မေမြို့က အဒေါ်ကြီးတယောက် လုပ်တာမြင်ဖူးတာပါ၊ သူကတော့ မုရိုးစေး အစက်လေးတွေချပါတယ် ၊အညာဘက်မှာဒီအပင်ပေါမှပေါ၊ ဒီမှာ တော့မုရိုးမရှိလို့ သံပရာရေသုံးမယ်နော်၊ အဓိက က နွားနို့ပျက်သွားအောင် အချဉ်ထဲ့တာပါနော်။
ပါဝင်ပစ္စည်းများ
-နွားနို့ သုံးလီတာခွဲ ဘူးကြီးတဘူး( ပြီးရင်သေးသေးလေးပဲကျန်တာ)
-သံပရာသီးနှစ်လုံး
-ဆားနဲနဲ

စစချင်း နွားနို့တွေအိုးထဲ ထဲ့ပြီ တည်ထားပါနော်( မီးနဲနဲ)
၊နွားနို့ ပူလာမယ်ဆိုရင် ခုလိုမျိုးသံပရာရည် ထဲ့ပြီး ဆက်မွှေပါနော်

၊ တော်တော်ကြာ ပွက်ခါနီးရင် နွားနို့ စပျက်လာတာတွေ့ရပါမယ်။
အဆင်သင့်အနေအထားကိုရောက်ပါပြီ

အရည်နဲ့အဖတ် ကွဲပြီဆိုရင် ပိတ်စခံပြီး အရည်စစ်ချပါ၊ စစ်လို့ရတဲ့အရည်တွေက နို့ဦးရည်လိုပဲအားရှိပါတယ် ဆိုလို သိမ်းထားလိုက်တယ်(သမီးငယ်ကအရမ်းကြိုက်ပါတယ်)၊ နောက်ပြီး ဟင်းထဲ ထဲ့ချက်လို့ရှိရင် စိမ့်ပါတယ်နော်။

အရည်စစ်ပြီးသားအဖတ်တွေကိုဆားနဲနဲထဲ့နယ်ပြီး အဲဒီအဝတ်နဲ့ပဲ ကျပ်ကျပ်စည်းပြီးအလေးဖိထားလိုက်ပါနော် ၊ လေး ငါး နာရီဆိုရင်ရပါပြီ

ရလာတဲ့ နွားနို့ခဲလေးကို ဒယ်ပေါ်မှာဆီသုတ်ရုံလေး သုတ်ပြီး ကင်ပါ၊ ညိုလာရင် နွားနို့ခဲလေးရပါပြီနော်

ရလာတဲ့ နွားနို့ခဲလေးကို ဒယ်ပေါ်မှာဆီသုတ်ရုံလေး သုတ်ပြီး ကင်ပါ၊ ညိုလာရင် နွားနို့ခဲလေးရပါပြီနော်

Shared from
http://htetfamily.com/2012/02/11/%E1%80%A1%E1%80%8A%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%82%94%E1%80%81%E1%80%B2%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%9A%E1%80%B9/
No comments:
Post a Comment