Sunday, March 23, 2014

သုံးထပ်ဝက် နှင့် မှို ဟင်းထုပ် (၁၂ ထုပ်)


http://chawsufoodfriends.wordpress.com/2012/09/20/

** သုံးထပ်ဝက် နဲ. မှို ဟင်းထုပ် အတွက် လိုအပ်တာလေးတွေ….

1. ခပ်သေးသေးလှီးထားသော ဝက်သုံးထပ်သား – တရုတ်ပန်းကန်လုံး ၂ လုံးခန်.
2. မှို – 300 g တရုတ်ပန်းကန်လုံး ၃ လုံးခန်. (ရေဆေးပြီး ရေပြန်စစ်ထားပါ။)
3. ဆန်အစိမ်းမှုန်. – တရုတ်ပန်းကန်လုံး ၂ လုံးခွဲခန်.
4. အရသာမှုန်. (chicken powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
5. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
6. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
7. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
8. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
9. ဗူးထဲမှ အခွံနွှာပြီးသော ခရမ်းချဉ်သီး အရွယ်လတ် – ၂ လုံး (ဗူးခရမ်းချဉ်သီး မဟုတ်လျှင် ပျော့သွားအောင် microwave ထဲ ၅ မိနစ်ခန်.ထည့်ပြီး အခွံနွှာသုံးပါ။)
10. ဗူးထဲမှ ခရမ်းချဉ်သီးအရည် – ထမင်းစားဇွန်း ၂ ဇွန်း
11. ရေ – တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်.

ရေမှလွှဲ၍ ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပါ။

မှိုထဲမှ ရေများထွက်လာဦးမည်မို. ရေကိုနည်းနည်းခြင်း ထည့်ပြီး နယ်ပေးပါ။ (ရေအနည်းအများကို အနည်းငယ်ချိန်ဆပါ။ မှုန်.နှစ်ကို အရမ်းမကျဲ၊ အရမ်းမပျစ်ပါစေနှင့်။)

ငှက်ပျောရွက်၏လက်နေသောဖက်ကို အပြင်ထားကာ မုန်.နှစ် (ထမင်းစားဇွန်း ၂ ဇွန်း မောက်မောက်)ကို ထည့်ပြီး ထုပ်ပါ။

ထုပ်ပြီးသည်များကို ပေါင်းအိုးထဲ မှောက်ပြီးထည့်ပါ။

ပြီးလျှင် ရေတစ်ဝက်ကျော်ကျော်ထည့်ကာ ဆူအောင်တည်ထားသည့် အိုးပေါ်တင်၍ ၄၅ မိနစ်ခန့် ပေါင်းပြီးလျှင် အရမ်းနူးအိ ချိုမြနေသော သုံးထပ်ဝက် နဲ. မှို ဟင်းထုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment