Sunday, March 23, 2014

အုန်းနို.ကြက်ဥကြော် ဂဏန်းချဉ်စပ်အစာသွပ်


(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းေ၇ာင်) စာမျက်နှာ ၁၂ - ၁၃ မှာပါပြီးသားလေးပါ။)

http://chawsufoodfriends.wordpress.com/2012/07/24/

** ဂဏန်းချဉ်စပ် အတွက် လိုအပ်တာလေးတွေ…

1. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
2. ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ၃ တက်
3. ပါးပါးသေးသေးလှီးထားသော ငရုတ်သီးစိမ်း – ၂ တောင့်
4. သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
5. ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း တစ်ဝက်
6. ငါးမာဆလာ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
7. ငါးငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
8. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
9. ဂဏန်းအသား – တရုတ်ပန်းကန်လုံး ၁ လုံးခန်. (ဂဏန်းသားထဲမှာ ရေတတ်နိုင်သမျှ မကျန်အောင် လုပ်ထားပါ၊)
10. ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်း
11. ပါးပါးလှီးထားသော ပူစီနံ(mint) – ထမင်းစားဇွန်း ၃ ဇွန်း
12. ပါးပါးသေးသေးလှီးထားသော မုန်လာဥနီ – ထမင်းစားဇွန်း ၂ ဇွန်း

ဆီအနည်းငယ်ပူလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးထည့်ပြီး စက္ကန်. ၃၀ ခန်.ကြော်ပါ။

ပြီးလျှင် သကြား၊ ငါးငံပြာရည်၊ သံပုရာရည်၊ ငါးမာဆလာ နှင့် ငရုတ်ကောင်းတို.ကိုထည့်ပြီး ၁ မိနစ်ခန်.ကြော်ပေးပါ။

ထို.နောက် ဂဏန်းသား ထည့်ကာ ၁ မိနစ်ခန်. ကြော်ပြီးနောက်၊ ရှောက်ရွက်၊ ပူစီနံ နှင့် မုန်လာဥနီ တို.ကိုထည့်၍ ၁ မိနစ်ခန်. ထပ်ကြော်ပြီးလျှင် အစာသွပ်ရန် ဂဏန်းချဉ်စပ်ကိုရပါပြီ။

** အုန်းနို.ကြက်ဥကြော် အတွက် လိုအပ်တာလေးတွေ…

1. ကြက်ဥ – ၄ လုံး
2. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
3. အုန်းနို. – ထမင်းစားဇွန်း ၆ ဇွန်း
4. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

ဆီမှလွဲ၍ ကျန်အားလုံးကို ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး ခလောက်ထားပါ။

** အုန်းနို.ကြက်ဥကြော် ဂဏန်းချဉ်စပ်အစာသွပ် စလုပ်ရအောင်…

medium heat နှင့် အပူပေးထားသည့် ဒယ်အိုးထဲမှ ဆီပူလာလျှင်ခလောက်ထားသော ကြက်ဥအရည်ကို ဒယ်အိုးတစ်ခုလုံး နှံ.သွားအောင် လောင်းထည့်ပေးပါ။

ဒယ်အိုးဘေးဖက်တွင် အရည်များအိုင်နေလျှင် ဇွန်းနှင့် ဖြည်းဖြည်းချင်း အလယ်ကိုဖြန်.ပေးပါ။

အရည်များ တတ်နိုင်သမျှ ပြန်.သွားအောင် ဒယ်အိုးအား ဟိုဖက်၊ ဒီဖက်စောင်းပေးပါ။

၂ မိနစ်ခန်.ကြာလျှင် ဂဏန်းချဉ်စပ်ကို ကြက်ဥကြော်အလယ်ထဲကို ထည့်ပါ။

အနားနှစ်ဖက်ကို ဇွန်းပြားနှင့် ဖြည်းဖြည်းချင်း ထိုးပြီးခွါကာ လက်နှင့်ဆွဲပြီး ခေါက်ပေးပါ။

ခေါက်ပြီးလျှင် ဇွန်းပြား ၂ ခုသုံးပြီး မကာ ပန်းကန်ပြားတစ်ချပ်ထဲထည့်ပါ။

ဓါး နှင့် အပိုင်း ၄ ပိုင်း ဖြတ်ကာ အုန်းနို.ကြက်ဥကြော် ဂဏန်းချဉ်စပ်အစာသွပ် ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment