Sunday, March 23, 2014

အာလူး ကက်သလိတ်ကြော်


အာလူးကက်သလိတ်ကို စေးတဲ. ကုန်းအာလူးနဲ.ကြော်တာ
ပိုကောင်းပါတယ်..ဖွယ်တဲ. ရေအာလူးနဲ. အစိမ်းရောင်သန်းတဲ.
အာလူးကိုမသုံးတာပိုကောင်းပါတယ်.. ရှမ်းပြည်တောင်ပိုင်း
ပဲာပိာုးကတော. ရှမ်းပြည်မှာအာလူးအများ ထွက်တဲ.မြို.လို.ထင်ပါတယ်..
ငယ်ငယ်ကရထားစီးပြီးခ၇ီးသွားရင် ကလောအဆင်းက ဘူတာ
တွေမှာဒယ်အိုးပြားတွေနဲ.ကြော်တဲ. အာလူးကက်သလိတ်ကြော်ကို
ကြိုက်လို.ရထားမူးနေတဲ.ကြားက ၀ယ်စားခဲ.တာသတိရတယ်..
ကလောအဆင်းကို ၇ထားမစီးဖြစ်တာတောင် တော်တော်ကြာပြီပဲ..

အာလူးကက်သလိတ်ကြော်အတွက်

-အာလူး အလုံးသေး - 500 g ကို နူးအောင်ပြုတ်ပြီး
အခွံခွာပြီး စေးနေအောင်ထောင်းထားပါ..
-ကြက်သွန်ဖြူ - 5 မွာနှင့် ဂျင်း 1’ ကိုအခွံခွာရေဆေးပြီး
ညှက်အောင်ထောင်းပါ။
-အကြော်မှုန်. – 100 g ကိုပုဂံတစ်ခုထဲထည်.ထားပါ။
-ဆား၊ အရသာမှုန်.၊ ငရုပ်ကောင်း၊ အနဲငယ်စီ
-ကော်မှုန်. - ထမင်းစားဇွန်း 3ဇွန်း
-ဆီ- 300 ml
- နယ်မည်.ပုဂံထဲသို.ထောင်းထားတဲ.အာလူး၊ ကြက်သွန်ုဖြူ၊ဂျင်း၊
ဆား၊အရသာမှုန်.၊ ငရုပ်ကောင်း၊ကော်မှုန်. တို.ကိုသမအောင်မွေကာ
လက်တစ်ဆုတ်စာအလုံးလေးတွေ လုံးပြီး အနဲငယ်ပြားကာ
ကြော်တဲ.အချိန် မကြေသွားစေ
ရန် ကော်မှုန်.ကို အရည်ကျဲဖျော်ကာစိမ်ပြီး
အကြော်မှုန်.ကပ်ကာပုဂံပြားတစ်ခုထဲတွင်ထည်.ထားပါ။

-ကြော်မည်.အိုးထဲသို.ဆီထည်.ပြီး ဆီကျက်လျှင် အာလူးကက်သလိတ်ကို
အိုးဆန်.သလောက်တွေထည်.ပြီး မီးအေးအေးဖြစ်ကြော်ကာ တစ်ဖက်က
နီညိုရောင်သန်းလာလျှင် နောက်တဖက်ကိုလျန် ပြီးကြော်နီညိုရောင်
သန်းလာလျှင် အာလူးကက်သလိတ်ရပါပြီရှင်..

- အာလူးကက်သလိတ်ထဲ အစာဌာပနာထည်.ကြော်လိုသူများအသားကြိတ်ပြီးသား
(သို.) ပုဇွန်သေးသေးလေးတွေလှီးထားပြီး ဆားနနွင်းနယ်ထားတာကို
ကြက်သွန်ဖြူ၊ဂျင်းထောင်းနဲ.ကြော်ပြီး ဂေါ်ဖီ နဲ.
ကြက်သွန်နီ နုတ်နုတ်လှီးထားတာနဲ.ဆား၊ အရသာမှုန်.၊
(အသားနဲကြော်မည်ဆိုလျှင်မာဆလာလေးပါ)ထည်.ပြီးကျက်အောင်ကြော်ကာ
ရေနဲ.ဆီမပါအောင်စစ်ထားကာ အအေးးခံထားပါ။
နယ်ထားတဲ.အာလူးကို လက်တစ်ဆုတ်စာ
အလုံးလုံးကာ အပြားဝိုင်းလေးဖြစ်အောင်ပြားပြီး
အလယ်တွင် ကြော်ထားတဲ.
အစာကို ထမင်းစားဇွန်း တစ်ဇွန်းခန်.ထည်.ကာ
ငုံပြီး ကော်ရည်စိမ်၊အကြော်မှုန်. ကပ်ကာကြော်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်


ကြော်နည်းမတူရင်လဲပြောပြကြအုံးနော်…

မန်ကျီးချဉ်ရည်အတွက်

- မန်ကျီးသီးမှည်. - ထမင်းစားဇွန်း ၃ ဇွန်းခန်.ရေဆေးပြီးရေနွေးနှင့်စိမ်ထားပါ၊
- ကြက်သွန်ဖြူ - ၂ မွာ
- ဆား၊ ငံပြာရည်၊ အရသာမုန်.၊သကြား - အနဲငယ်စီ
- ငရုပ်သီးစိမ်း - ၃ တောင့်
- နံနပင် - ၂ ပင်
- ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်း ၁ဇွန်း
- ငရုပ်ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
-မန်ကျဉ်းသီးကို ချေကာ မန်ကျဉ်းသီးအနှစ်ကှိုဇကာနှင့် စစ်ပြီး
ပုဂံတခုထဲထည်.ထားပါ။
-ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ဓါးနှင့်ပါးပါးလှီးကာ မမှုန်.တမှုန်.ဖြစ်အောင်
တောက်တောက်စင်းပါ၊ နံနံပင်ကို နုတ်နုတ်လှီးကာ ဆား၊ ငံပြာရည်၊
အရသာမုန်.၊သကြား၊ငရုပ်သီးအကျက်မှုန်.၊ငရုပ်ဆီ တို.ကို မန်ကျည်းရည်
ပုဂံထဲထည်.ကာသေမအောင်မွေပြီး အပေါ. အငံ အချဉ် အချို
လိုတာထည်.ပြီး အာလူးကက်သလိတ်ကြော်နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment