Sunday, March 23, 2014

ငါးတစ်ကောင်ရဲ့ ပင်လယ်


တံငါ သည် တစ်ဦးက မိခဲ့တဲ့ ငါး တစ်ကောင် ကို သေးလွန်း လို့ ဆိုပြီး ငါးကန် ထဲထည့် အလှမွေး ထား လိုက်တယ်။ ငါးက ငါးကန် ထဲ ကူးလူး ရင်း ကန်နံရံ နဲ့ မကြာခဏ တိုက်မိ ခဲ့လို့ စိတ်မသက် မသာ ဖြစ်ခဲ့ ရတယ်။ အဲဒီ နောက် ငါးက တစ်နေ့ တစ်ခြား ကြီးပြင်း လာခဲ့ပြီး သေးငယ် တဲ့ ငါးကန် ထဲမှာ လှည့်ပတ် ကူးခတ် ဖို့ ခက်ခဲ လာခဲ့တယ်။ ဒါကြောင့် တံငါသည် က ငါးကို ငါးကန်ကြီး တစ်ကန် ထဲ ပြောင်းထည့် လိုက်တယ်။ ငါးဟာ ငါးကန်ကြီး ထဲမှာ လူးလာ ခေါက်ပြန် ကူးခတ် လို့ ရပေမယ့် မကြာ ခဏ ကန်နံရံ နဲ့ တိုက်မိ ပြန်တယ်။

ဒီလို မလွတ်လပ်ဘဲ ကန့်သတ် ခံရတဲ့ နေရာမှာ ငါးဟာ ငြီးငွေ့ လာခဲ့ပြီး အစား လည်း မစာ၊ လှုပ်လည်း မလှုပ်ဘဲ ကန်ထောင့် တစ်နေရာ မှာပဲ ငြိမ်ငြိမ်လေး နေခဲ့ တယ်။ ဒါကို တံငါသည် က မြင်ပြီး ငါးကို သနား လို့ ပင်လယ် ထဲ ပြန်လွှတ် ပေးလိုက်တယ်။ ငါး ဟာ ပင်လယ် ထဲ ရောက် တယ် ဆိုရင်ဘဲ မရပ်မနား ကူးခတ် တော့တယ်။ ဒါပေမယ့် သူနည်းနည်း မှ မပျော်ခဲ့ ဘူး။ တစ်နေ့ မှာ အခြား ငါး တစ်ကောင် နဲ့တွေ့တော့ အဲဒီ ငါး က သူ့ကို မေးတယ်။

"အဆွေ ငါး ခင်ဗျား ကြည့်ရတာ မှိုင်တွေတွေ နဲ့ မပျော်ဘူး လား"

"ဟင်း .. ဟုတ်တယ် .. ဒီ ငါးကန် က ကြီးလွန်း လို့ ကျွန်တော် ဘယ်လို ကူးကူး ကန်နံဘေး ကို မရောက် နိုင် ခဲ့ဘူးဗျာ" လို့ ငါးက သက်ပြင်း နဲ့ အတူ ပြန်ဖြေ လိုက်တယ်။

စိတ်က လူ တစ်ယောက် ရဲ့ အတောင်ပံ ဖြစ်တယ်။ စိတ် ကျယ်ပြန့် သလောက် လောကကြီး လိုက် ကျယ်ပြန့် ပါတယ်။ စိတ် ထဲက လေး ဖက် လေးတန် စိတ်နံရံ ကို သင် မတွန်းလှန် နိုင်ခဲ့ရင် ပင်လယ်ကြီး လောက် ကျယ်ပြန့် တဲ့ နေရာ တစ်ခု ပေးခဲ့လည်း လွတ်လပ်မှု ကို သင် ခံစားမိ မှာ မဟုတ်ပါ ဘူး

နိုင်းနိုင်းစနေ

No comments:

Post a Comment