Friday, July 8, 2011

မှန်ကန်စွာ မြင်တတ် သုံးသပ်တတ် ကောက်ချက်ချတတ်ပါစေ..

(ဦးဇင်းဘုရား... တပည့်တော်
ရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရား။တပည့်တော်တို့ ၏အိမ်နားက
အရာရှိတစ်ယောက်သည် ကုသိုလ်ကောင်းမှုတရားများကို ကျင့်ကြံသောအခါ သူ၏ရာထူးမှ
တစ်ဆင့်ပြုတ်
ထွက်သွားပါသည်ဘုရား။သူ့ စိတ်ထဲမှာ တရားကျင့်ကြံလို့ ရာထူးပြုတ်ရတယ်လို
့ထင်နေပါတယ်ဘုရား။ထိုသို
့ဖြစ်ရသည်မှာအဘယ်ကြောင့်နည်းဘုရား။ကပ်သီးကပ်သတ်မေးမြန်းသည်ဟု မထင်ပါနဲ
့ဘုရား။)

ကပ်သီးကပ်သတ် မေးမြန်းတယ်လို့ မထင်ပါဘူး မောင်စွမ်းစွမ်းခမ်းလှိုင်ရေ..။
စွမ်းစွမ်းခမ်းလှိုင်ဆိုတော့ စိုင်းစိုင်းခမ်းလှိုင်ကို ခရေ၊ဇီဖြစ်နေတဲ့
သူများလား..။

ဦးဇင်းပုံပြင်တစ်ပုဒ် ပြောပြမယ်နော်..။

ရှေးရှေးတုန်းက လူတစ်ယောက်က ဗောဓိညောင်ပင်အကိုင်းကို ဓားနဲ့
ခုတ်ဖြတ်တယ်တဲ့။ အညာလေနဲ့ပြောရင်တော့ ဗောဓိညောင်ကိုင်းကို
ချိုင်ချတယ်ပေါ့လေ။

အဲဒီလူကတော့ ရွှေအိုးသုံးလုံးရသွားတယ်တဲ့။

လူတစ်ယောက်ကတော့ ဗောဓိပင်စိုက်တယ်တဲ့။ တောင်သူလယ်သမား လေသံနဲ့ပြောရင်တော့
ဗောဓိပင်ပျိုးတယ်ပေါ့လေ။

သူကတော့ ပေါင်ကျိုးသွားတယ်တဲ့။ (ခြေထောက်မှာပါတဲ့ ပေါင်ရိုး
ကျိုးသွားတာကို ဆိုလိုသည်)

အဲဒါ ပေါင်ကျိုးတဲ့သူက ဒီအဖြစ်အပျက်ကို ဘ၀င်မကျဘူးတဲ့။ ဒါနဲ့
ရွာဦးကျောင်း ဆရာတော်ကို သွားမေးတယ်တဲ့။

ဒါနဲ့ ဆရာတော်က “ဒကာရေ ဒီကောင် ဗောဓိကိုင်းကို ချိုင်လို့
ရွှေအိုးသုံးလုံးပဲ ရတာကွ။ မဟုတ်ရင် ရှစ်လုံးလောက်ရမယ်။
ဗောဓိကိုင်းချိုင်လိုက်တဲ့ အကုသိုလ်ကြောင့် ရှစ်လုံးရမှာကို
သုံးလုံးပဲရသွားတာကွ”

“မင်းကတော့ ဗောဓိပင်ပျိုးလို့ ပေါင်ကျိုးရုံနဲ့ ပြီးသွားတာကွ။ မင်း
ဗောဓိပင်စိုက်တဲ့ ကုသိုလ်ကံကြောင့် ပေါင်ကျိုးရုံနဲ့ပြီးသွားတာ။
ဒီဗောဓိပင်စိုက်တဲ့ ကုသိုလ်ကံသာ မရှိခဲ့ရင် အသက်တောင် သေချင်သေမှာကွ”လို့
မိန့်တော်မူလိုက်သတဲ့ ဒကာ။

(ဗောဓိညောင်ပင်ကို ဖျက်စီးတာဟာ ဘုရားရှင်ရဲ့ ဓာတ်တော်တွေ ဌာပနာထားတဲ့
စေတီတော်ကို ဖြိုဖျက်ပစ်တဲ့ အပြစ်နဲ့ အတူတူပဲလို့ ကျမ်းစာများက
ဆိုကြပါတယ်)

ဒီပုံပြင်လေးထဲက အတိုင်းပါပဲဒကာရေ။ ဒကာ့အိမ်နားလေးက အရာရှိ
ရာထူးတစ်ဆင့်ပြုတ်သွားတာဟာ ပြုထားတဲ့
ကုသိုလ်ကောင်းမှုကံတွေကြောင့်မို့ပေါ့။ မဟုတ်ရင် ရာထူးပြုတ် ထောင်ကျ
ဘာညာတောင်ဖြစ်ချင် ဖြစ်သွားနိုင်တယ်နော်။

လူဆိုတာ ကိုယ့်ကို အသိဆုံးနေမှာပါဒကာ။ သူရာထူး တစ်ဆင့်ကျသွားတာဟာ
မဖားတတ်လို့လား အစားမတတ်လို့လား တာဝန်ပေါ့ဆလို့လား အသုံးမကျလို့လားဆိုတာ
သူ့ကိုယ်သူ အသိဆုံးနေမှာပါ။

သဘောထားသေးသိမ်တဲ့ သူတွေဟာ သူတစ်ပါးကို အပြစ်တင်တတ်တယ်။ သဘောထားကြီးတဲ့
သူတွေကဟာ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်။ သဘောထားမှန်ကန် သူများကတော့
ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့ဘူး။ ဖြစ်တဲ့ ဖြစ်ရပ်ကိုပဲ မှန်မှန်ကန်ကန်
ပြန်လည်သုံးသပ်တတ်ကြတယ်တဲ့ ဒကာ။

ဦးဇင်းရဲ့ အဖြေက လုံလောက်ပြီလို့ ထင်ပါတယ်နော်..။

................................................................................................မိုးသု(မန္တလေး)

No comments:

Post a Comment