Friday, July 15, 2011

ရှောင်သင့်သောယောက်ျားများ

သမီးရည်းစားဖြစ်နေတဲ့အချိန်ဟာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ဖို့
သင်ယူနေတဲ့အချိန်ပါ။
ကိုယ်ရဲ့အကျင့်စရိုက်ကိုနားလည်အောင်သင်ယူနေသလိုတစ်ခြားလူတစ်ယောက်ရဲ့
အကျင့်စရိုက်တွေကိုလည်းနားလည်အောင်သင်ယူနေတဲ့အချိန်ပါ။
အဲဒီလိုတစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင်သင်ယူနေ
တဲ့အချိန်မှာ မလိုအပ်တဲ့အမှားတွေကို ရှောင်တတ်ဖို့လိုပါတယ်။
ဘ၀မှာပျော်ရွှင်မူမပေးနိုင်ဘူးလို့ထင်တဲ့ယောက်ျားလေးတွေကိုရှောင်တတ်ရပါမယ်။

(၁) playboys/lady killers
ဒီလိုယောက်ျားလေးတွေဟာ မိန်းကလေးတွေကသဘောကျလောက်အောင် ပြုမူပြောဆိုတတ်တဲ့လူတွေပါ။
အဲဒါတွေဟာ စိတ်ထဲကအမှန်စစ်စစ်တွေမဟုတ်ပါဘူး။
သူတို့ဟာကိုယ့်အပေါ်မှာကောင်းသလိုတစ်ခြားကောင်မလေးတွေအပေါ်မှာလည်းကောင်းတတ်ကြပါ
တယ်။ကိုယ့်ကအဲလိုယောက်ျားလေးကိုမှ အမှန်တကယ်ချစ်မိပြီ ဆိုရင် ကိုယ်ပဲခံစားရမှာပါ။

(၂) bad boys/rebels
လင်ဆိုးမယား တဖားဖားဆိုသလိုပါပဲ...ဒီလိုယောက်ျားလေးကိုမှ ချစ်မိခဲ့ရင်
ကိုယ့်ရဲ့အနာဂတ်ဟာ ပျော်ရွှင်ဖို့
လှမ်းဝေးလှပါတယ်။
ဦးနှောက်ရှိတဲ့ မိန်းကလေးတိုင်းဒီလိုယောက်ျားလေးမျိုးကို ရှောင်သင့်ပါတယ်။

(၃) slackers
ကပ်ပါးကောင်တွေလိုပါပဲ။
အပြင်ထွက်တိုင်း ပိုက်ဆံအိတ်မေ့ခဲ့တယ်၊
ငွေထုတ်ဖို့မေ့ခဲ့တယ်လို့အကြော
င်းပြပြီး
မိန်းကလေးတွေကို ပိုက်ဆံရှင်းခိုင်းတတ်တဲ့လူမျို
းဖြစ်ပါတယ်။
ဒီလိုမျိုးလူကိုလှူမဲ့အစား လမ်းဘေးကအလှူခံတွေကို လှူခဲ့သင့်ပါတယ်။

(၄) mama's boys
အီတလီယောက်ျားလေးတွေဟာ မင်္ဂလာဆောင်ပြီးရင်လည်း အမေနဲ့ပဲနေချင်ကြပါတယ်။
အမေဟာသူတို့ကို ကောင်းကောင်းပြုစုနိုင်လို့ပါတဲ့ ။
မင်္ဂလာဆောင်ပြီးရင်လည်း ဘာမဆိုအမေရဲ့အဆုံးအဖြတ်၊ အမေကျွေးတာကိုပဲ
စားမယ်၊ အမေနဲ့ခွဲမအိပ်နိုင်သေးဘူးလို့ပြောတဲ့
နို့နံ့မစင်သေးတဲ့ယောက်ျားတစ်ယောက်ကို ယူရဲပါသလား။

(၅) moody type
ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်စရာစကားတွေပြောနေတုန်း အခုပဲထပေါက်ကွဲတတ်တဲ့
စိတ်အပြောင်းအလဲမြန်တဲ့ယောက်ျားမျိုးပါ။
တစ်နေရာရာကိုကိစ္စတစ်ခုနဲ့သွား
ဖို့ သေချာချိန်းထားပြီးခါမှ
ချက်ချင်းဖျက်ပစ်လိုက်တတ်တဲ့လူမျိုးပါ။
စိတ်အပြောင်းအလဲဟာ ရာသီဥတုထက်ပြောင်းလွဲမြန်ပါတယ်။
ဒီလိုလူရဲ့စိတ်ကိုငြိမ်အောင် မစွမ်းဆောင်နိုင်
ဘူးဆိုရင် ကိုယ်ရဲ့ပျော်ရွှင်မူဟာလည်း
နေသာလိုက်၊မိုးရွာလိုက်၊မုန်တိုင်းထန်လိုက်ပါပဲ။

(၆) passive-aggressive type
ဒီလိုယောက်ျားလေးမျိုးကိုကြုံ ဖူးပါသလား။
ဆိုပါစို့...တစ်ခုခုသွားစားရင် ''ခင်ကြိုက်တာစားပါ ..ခင်ကြိုက်တာမှာပါ''
ဆိုပြီး အစားအစာများလာချတဲ့အချိန်
ှမှာ ဘာလို့ဒီဟင်းကိုမှာရတာလဲ ..ဘာလို့ဒီဆိုင်မှာလာစားရတာလဲ
စသဖြင့်ရန်လိုတတ်သောလူစားမျိုးပါ။
သူ့စိတ်ထဲစိတ်ကူးကိုထုတ်ဖော်မပြောပဲ လူတွေကိုခန့်မှန်းခိုင်းတတ်တဲ့
လူစားမျိုးပါ။
ကိုယ်သဘောလို့ပြောပြီးနောက်ဆုံးတော့
သူ့သဘောဖြစ်သွားတတ်တဲ့လူစားမျိုးပါ။
ဒီလိုသွယ်ဝိုက်ပြီး လူကိုထိန်းချုပ်တတ်တဲ့ ယောက်ျားမျိုးဟာ ကြောက်
စရာအကောင်းဆုံးပါပဲ။

သင်ဟာ ဘယ်လိုယောက်ျားမျိုးလဲ။
သင်ဟာ ဘယ်လိုယောက်ျားမျိုးကို လက်ထပ်ယူချင်ပါသလဲ။
Posted by cute

No comments:

Post a Comment