Thursday, July 7, 2011

ကိုးကွယ်သင့်သော ဘာသာ၌ရှိရမည့်အချက်များ

ကမ္ဘာပေါ်၌နေထိုင်ကြသော လူသားတို့သည် ကိုယ်ယုံကြည်ရာ  နှစ်သက်ရာကို ကိုးကွယ်နေကြ၏။ ထိုကိုးကွယ်သောဘာသာကို့ကို အကြမ်းဖျင်းအားဖြင့် လေးမျှိုးခွဲခြားထားသည်။ ထိုလေးမျိုးမှာ ၁။ ဗုဒ္ဓဘာသာ။၂။ ခရစ်ယာန်ဘာသာ၊ ၃။ မူဆလင်ဘာသာ၊
၎။ ဟိန္ဒူဘာသာတို့ဖြစ်ကြသည်။ ထို့အပြင် နတ်ကိုယုံကြည်သူ၊ ဂျိမ်းကိုးကွယ်သူစသည်ဖြင့် ဘာသာပေါင်းများစွာကို နှစ်သက်ရာ ကိုးကွယ်နေသည်လညှ်းရှိလေသည်။
        ဒီနေရာမှာ ကိုးကွယ်နေသောဘာသာနှင့်စပ်လျင်း၍ မိမိတို့ကိုးကွယ်နေသောဘာသာ၌ ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များရှိလေသည်။ ထိုအင်္ဂါများမှာ ၁။ အပြစ်ကင်းရမည်။ ၂။ ကောင်းကျိုးရှိရမည်။၃။ ပညာရှိတို့ကဲ့ရဲ့မှုမှလွတ်ကင်းရမည်။ ၄။ အခြားဘာသာကို ဖျက်ဆီးခြင်းရှုံ့ချခြင်း ကင်းရမည်။ ၅။ အခြားဘာသာများတရားသဖြင့်တိုးတက်အောင်ပြုလုပ်ခြင်းခွင့်ပြုရမည်။ ၆။ မကောင်းမှုကိုမပြုလုပ်မိအောင် စောင့်စည်းပေးနိုင်ရမည်။ ၇။ စိတ်ကိုကိလေသာမှ စင်ကြယ်အောင်ညွှန်ပြနိုင်စွမ်းရှိရမည်ဆိုတဲ့ အချက်များဖြစ်ပါတယ်။ ဒီအချက်(၇)ချက်ဟာ မိမိတို့ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာတိုင်း၌ ရှိသင့်ရှိထိုက်တဲ့အချက်များ ဖြစ်တယ်ဆိုတာ အင်္ဂုတ္ထိုပါဠိ ကေသမုတ္တိသုတ်အဖွင့်နှင့် အသောကမင်းကြီးကျောက်စာမှာ ပြဆိုထားပါတယ်။ ဒီနေရာမှာ အခြားဘာသားများးကို မပြောလိုပါ ဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘာသာ၌ ဒီအချက်တွေနဲ့ပြည့်စုံပါလားဆိုတာလေး သိစေချင်လို့ သုံးသပ်ပြလိုက်ပါတယ်။
ိ၁။ အပြစ်ကင်းရမယ်= ဗုဒ္ဓဘာသာဝင်များဟာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေ နေစဉ်နှင့်အမျှပြုလုပ်ကြတယ်။ ရဟန်းတော်တွေ ကိုလှုတယ်၊ လူတွေကိုစွန့်ကြဲဒါနချတယ်၊ လောက၀တ်နှင့်ကြည့်ရင် လူမှုရေးနှင့်ပြည့်စုံတဲ့အတွက် အပြည့်မရှိပါဘူး ဒါနမြောက်ပါတယ်။
၂။ ကောင်းကျိုးရှိရမယ်= ကုသိုလ်ပြုလုပ်တဲ့နေရာမှာ ကုသလံ အန၀ဇ္ဖ သုခ၀ိပါက လက္ခဏာ= အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဆိုတဲ့အကျိုးများ ရရှိခြင်းကြောင့် ပစ္စုပ္ပန် သံသရာနှစ်ဖြာကောင်းကျိုးကို ရရှိစေပါတယ်။
၃။ ပညာရှိတို့ကဲ့ရဲ့မှုမှ လွတ်ကင်းရမယ်= ကမ္ဘာ့ဘာသာကြီးများထိပ်သီး အစည်းအဝေးနှီးနှောဖလှယ်ပွဲမှာ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းပြီး နုညံ့သိမ် မွေ့သောဘာသာအျြဖစ် ထိပ်ပိုင်းခေါင်းဆောင်ပညာရှိကြီးတွေက တစ်ညီတစ်ညွတ်တည်း   အကောင်းဆုံးဘာသာအဖြစ်ရွေးချယ်ခဲ့ကြတယ်။
၎။အခြားဘာသာကို ဖျက်ဆီးခြင်း၊ရှုံ့ချခြင်းကင်းရမယ်= မြတ်ဗုဒ္ဓဟာ ငါ့အယူဝါဒကကောင်းတယ် သူများအယူဝါဒ မကောင်းဘူးဆိုပြီး အခြား ဘာသာတို့ကို မရှုံ့ချခဲ့ပါဘူး။ ငါဟောတဲ့တရားတွေကို မြတ်ဗုဒ္ဓဟောလို့။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။
။ ဘိုးဘေးစဉ်ဆက် ဆင်းသက် လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။
။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။
။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။
။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။။ အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။
။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။
။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။ ဧဟိပသိကော= ဧဟိ-လာလှည့်၊ ပသိကော= ကိုယ်တိုင်ကျင့်ကြံအား ထုပ်ပြီးမှ မှန်ရင်မှန်တယ်၊ မှားရင်မှားတယ် ကိုယ်ပိုင်ဥာဏ်ဖြင့်ဆုံးဖြတ်လေလို့ မြတ်ဗုဒ္ဓက အယူဝါဒနှင့်ပတ်သက်ပြီး ဖွင့်ဟပေးထား ပါတယ်။
၅။ အခြားဘာသာများတရားသဖြင့် တိုးတက်ကြီးပွားအောင်ပြုလုပ်ခြင်းကို ခွင့်ပြုရမယ်= ကောသလမင်းကြီး မြတ်ဗုဒ္ဓထံ တရားနာနေစဉ် အ၀တ်မ၀တ်ဘဲ တုံးလုံးလျောက်သွားနေတဲ့သူကို -- အလိုနည်းလိုက်တာ၊ ကြည်ညိုစရာပဲဆိုပြီး လိုက်ကန်တော့ကို မြတ်ဗုဒ္ဓက တရားရပ်ထား ပြီးခွင့်ပြုခဲ့တယ်၊ အခြားဘာသာတွေကိုလဲ လွတ်လပ်စွာဟောပြောခွင့်ပေးထားတယ်။
၆။ မကောင်းမှုကို မပြုမိအောင် စောင့်စည်းပေးနိုင်ရမယ်= မြတ်ဗုဒ္ဓကလူတွေအတွက် ငါးပါးသီလ၊ ရဟန်းတော်တွေအတွက် ၂၂၇-သွယ်သော သိက္ခာပုဒ်တွေကို စောင့်ထိမ်းခိုင်းတာဟာ မကောင်းမှုတွေမလုပ်ရအောင် စည်းကမ်းထုပ်ပေးခဲ့တာဖြစ်ပါတယ်။
၇။ စိတ်ကိုကိလေသာမှစင်ကြယ်အောင် ညွှန်ပြနိုင်စွမ်းရှိရမယ်= ရေငတ်နေသူတစ်ယောက်ဟာ မှော်တွေဖုံးနေတဲ့ရေကန်ကြီးကိုတွေ့လျှင် မှော်တွေကိုလက်နဲ့ဖယ်ပြီး ကြည်လင်သောရေကိုသောက်ရသကဲ့သို့၊ နောက်ကျူ့နေတဲ့ရေထဲတွင် ကျောက်ချဉ်ထည့်သောအခါ ကြည်လင် သကဲ့သို့ ကိလေသာအညစ်အကြေးဖုံးလွှမ်းနေတဲ့ ပုထုဇဉ်တစ်ဦးကို ၀ိပသနာတရားအားထုတ်ရင် စိတ်ကြည်လင်ပြီး နိဗ္ဗာန်ချမ်းသာ အထိခံစားနိုင်ကြောင်း မဟာသတိပဋ္ဌာနသုတ်တော်မှာ ဟောကြားထားခဲ့ပါတယ်။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဟာ အထက်ပါ(၇)ချက်နှင့်ပြည့်စုံသောကြောင့် ကိုးကွယ်သင့်သောဘာသာ ဟုတ်/မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ကြပါစေ၊ အခြားဘာသာများကိုလည်း စိစစ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါရစေ။
အားလုံးကျန်းမာကြပါစေ.............။
waipulla

No comments:

Post a Comment