Thursday, July 7, 2011

ပေးကာပေး ၊ ရတာချင်းမတူ ထူးတဲ့ ပါရမီ အလှူ

သင်ဟာ တစ်ယောက်သောသူ ၊ တစ်ခုသော အဖွဲ့  တခုခုကို  သင့်ကိုယ်ပိုင်ပစ္စည်း တချို့ လှူတန်းပေးကမ်း
ဖူးပါသလား ။ဘာသာကြီး လေးခုရှိ  လူသားများအဖို့  လှူဒါန်းမှု ၊ ပေးကမ်းမှု ပြုလေ့ရှိကြတာ  မိရိုးဖလာပါ ။


        သင်ရော  ခု သက်ရွယ်ထိ ဘယ်လောက်လှူဒါန်း ပေးကမ်း ဖူးပြီလဲ ။  ဘယ်လိုရည်ရွယ်ချက်တွေထားခဲ့လဲ ။
မိရိုးဖလာ အလှူပေဘဲလား ။ ပေးလှူခဲ့တဲ့ အလှူ တစ်ခုဟာ အကျိုးများများ ( အပြည့်အ၀ ) ရမယ်ဆိုရင်  လှူရတာ
အတိုင်းထက် အလွန် ကောင်းပြီပေါ့ ။ ဒါကြောင့်  အလှူပေးတော့မဲ့  ညီကိုမောင်နှမ တွေ  အဓိပါယ်ရှိရှိ ၊ အကျိုးရှိရှိ
တစ်ကျပ် ၊ တစ်ဆယ်မှ အစ ... ရာဂဏန်း ၊ သိန်းဂဏန်းထိအောင်  အလှူလေး ၊ အလှူကြီး တစ်ခု ပါရမီ( ၁၀ ) ပါး
မြောက်အောင် ပေးလှူ လိုက်ရအောင် ......


           အလှူတစ်ခုမှ ပါရမီ ( ၁၀ ) ပါး  ရရှိပုံ
 ( ၁ )းးး အလှူတစ်ခု ပေးမလှူခင်  ရှေးဦးစွာ နိဗ္ဗာန်ကို တောင်းတပြီးမှသာ မိမိအလှူကို   ပေးလှူ ရပါမယ် ။
သို့မှသာ   မိမိရဲ့ အလှူဟာ ဒါန ပါရမီ မြောက်တာပါ ။


 ( ၂ )းးး သီလ စောင့်တည်ပြီး လဲ  ပေးလှူ ရပါမယ် ၊ အလှူနဲ့ နွယ်တဲ့ သီလ ပါရမီ ပေါ့ ။


 ( ၃ )းးး ပေးကမ်း ၊ လှူဒါန်း လိုက်ရတဲ့ အတွက် လောဘမှ ထွက်မြောက်ခြင်းဆိုတဲ့ နေက္ခမ္မ ပါရမီ မြောက်တာပါ ။


 ( ၄ )းးး ပေးလှူတဲ့ စေတနာကုသိုလ်ကို သိသောဥာဏ် ၊ စေတနာ ဖြစ်ကြောင်းကို သိသောဥာဏ် ၊ စေတနာဧ။်
ဖြစ်ခြင်းကို သိသောဥာဏ် တို့ဟာ ပညာ ပါရမီ ဖြစ်စေတာပါ ။


 ( ၅ )းးး အလှူနဲ့ ဆက်စပ်ပြီး  ဒါန ၊ သီလ ၊ သမထ ၊ ၀ိပဿနာအားထုတ်ခြင်းဟာ ၀ီရိယ ပါရမီ ပါ ။


 ( ၆ )းးး လှူဖွယ်ကိစ္စ ကိုအားထုတ်ပြီးပင်ပန်းခြင်းကို သီးခံ တာဟာ ခန္တီ ပါရမီ ပါ ။


 ( ၇ )းးး လှူမယ်လို့ မှန်ကန်တဲ့ စကားဆိုခြင်းဟာ  သစ္စာ ပါရမီ ပါ ။


 ( ၈ )းးး ဒီ အလှူ  ပြီးမြောက်အောင် လုပ်မယ်လို့  စိတ်ပိုင်းဖြတ်တာဟာ  အဓိဋ္ဌာန် ပါရမီ  ပါ ။


 ( ၉ )းးး အလှူဖြင့်  တပါးသူ ချမ်းသာအောင် ကာယကံ ၊ ၀စီကံ ၊ မနောကံ မြောက် မေတ္တာ ပြုခြင်းဟာ
မေတ္တာ ပါရမီ ပါ ။


 ( ၁၀ )းးး လှူဖွယ် ပစ္စည်းတွေကို တွယ်တာခြင်းမရှိ လျစ်လျူရှုပြီး လှူခြင်းဟာ ဥပေက္ခာ ပါရမီ ပါ ။


           ကဲ   ဒီလောက်ဆိုရင် အလှူလေးတွေရော ၊ အလှူကြီးတွေပါ  အကျိုးရှိရှိ  ပါရမီ မြောက်အောင်
စိတ်တစ်ခု ရှေ့ဆောင်ထားလို့ လှူတတ်ကြပြီ ထင်ပါတယ် ။ အရာရာစိတ် သာအဓိကပါ ။
ခပ်သိမ်းကုန်သော အလှူပေးပုဂ္ဂိုလ်တို့ရဲ့ ကုသိုလ်စေတနာတွေဟာ နိဗ္ဗာန်ရောက်ကြောင်း  မိမိဥစ္စာထုပ်
ကြီး ပါ ။   အမွေခံကြီး ပါ ။   အမျိုးကောင်းကြီး ပါ ။   အဆွေခင်ပွန်းကောင်းကြီး ပါ ။


 ဒါကြောင့် ကုသိုလ်စိတ် ၊ ကုသိုလ်စေတနာ ရှေ့ဆောင်ထားလို့ တစ်ကြိမ်လှူရင် ၊ တစ်ခါ  ပါရမီ ( ၁၀ )ပါး
ရအောင်  ဦးစွာ ပထမ နိဗ္ဗာန်ကို အာရုံပြုပြီး အလှူကြီး ပေးလှူ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်
ရပါတယ် ။

 နှလုံးစိတ်ဝမ်း  ရွှင်လန်းချမ်းမြေ့ ကြပါစေ ..... ။

Maung Htwe

No comments:

Post a Comment