Wednesday, July 13, 2011

မရှိမကောင်း ရှိမကောင်းတဲ့ ဒင်းလေးတွေရဲ့ပါးစပ်ကိုရွေချထားဖိုသာ့ကောင်းပါတယ်

1 . (ဘာပဲဖြစ်ဖြစ်)

Men: ငါတို့ ညစာအတွက် ဘာကို စီစဉ်သင့်လဲမသိဘူးနော်.?
Women: ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Men: မက်ဆီကိုအစားစားလေးများ မစားချင်ဘူးလားကွာ..?
Women: ဟင်အင်း..ဟင်အင်း..ကျမတခါစားဖူးတယ်.အဲနောက် မျက်နှာမှာ အဖုတွေတခါတည်းထွက်လာတော့တာပဲ..
Men: ကောင်းပြီးလေ..ဒါဆိုလည်း..တရုတ်စားလေး စားကြတာပေါ့..
Women:" ရှင်"'...မနေ့ကလည်း ဒါပဲ.. ဒီနေ့လည်း..အဲဒါပဲလား..ကျွတ်.?:( :( :(
Men: အင်..... ပင်လယ်စာဆိုရင်တော့ရော..
Women: ဟင်..ပင်လယ်စားတွေက မကောင်းပါဘူးရှင်ရယ်...၀မ်းတွေလျှောတက်ပါဘိနဲ့..
Men: အင်..ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ..?
Women : ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင့်...



2. (ဘာပဲလုပ်လုပ်)

Men: အင်း..ပျင်းပျင်းရှိလိုက်တာကွာ ဒီလိုပိတ်ရက်လေးမှာ ဒါဆို..ငါတို့ ဘာလုပ်ကြရင်ကောင်းမလဲကွ..
Women:  ဘာပဲလုပ်လုပ်လေ..
Men: ဇာတ်ကားလေး ဘာလေးများ မကြည့်ချင်ဘူးလား.. ကိုယ်တို့ မကြည့်တာ အတော်ကြာနေပြီထင်တယ်..
Women: ဇာတ်ကားကြည့်တာ မကောင်းပါဘူးရှင်ရယ်..အချိန်ကို သက်သက်ဖြုန်းနေကြတာပါ..
Men: ဒါဆိုလည်း.. ဘိုးလင်းသွား လိမ့်ကြမလား..လှုပ်လှုပ်ရှားရှားဖြစ်တာပေါ့..?
Women: အာ..........ဒီလို ပူလောင်နေတဲ့နေမျိုးမှာ ရှင်က !!!!!!!!!......
Men: အင်း... လက်ဖက်ရည်ဆိုင်သွားပြီ တခုခုများ သောက်ကြမလား..
Women: ကျွန်မလက်ဖက်ရည် ဖြတ်ထားတာကြာပြီရှင့်...
Men: အင်း..ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ပြောကြည့်လေ..?
Women: ရှင့်သဘောပါပဲ ..ဘာပဲ လုပ်လုပ် ..ရပါတယ်ရှင်...




3. (ရှင် ဆုံးဖြတ်ပါ.)

Men: ဒါဆိုလည်း..အိမ်ပဲ ပြန်ကြမလား?
Women: ရှင်ပဲ ဆုံးဖြတ်ပါ..
Men: အိုကေ.. ဘတ်(စ)ကားစီးကြတာပေါ့.. အတူတူစီးမယ်လေ..
Women: အဲဒီကားတွေက ညစ်ပတ်ပြီး အမြဲတမ်း ကြပ်သတ်နေတာပဲ..မကောင်းပါဘူး...
Men: ဟုတ်ပါပြီ.. တက္ကစီပဲ ငှားလိုက်ပါမယ်..
Women: ဘာ!!!!!!!!!!!!!..ဒီလောက် နီးနီးလေးကို အသုံးဖြုန်းမကြီးစမ်းပါနဲ့ ရှင်ရယ်..
Men: ကောင်းပြီလေ.. လမ်းလျှောက်ပြီပဲ ပြန်ကြတာပေါ့.. ပတ်ဝန်းကျင်ကို ခံစားလို့ရတာပဲ..
Women: ကျမ ဗိုက်ဆာနေပြီရှုင့်.လမ်းမလျှောက်နိုင်တော့ဘူး ။...
Men: ဟင်..ဒါဖြင့်.မင်း.ဘာလုပ်ချင်သလဲ ပြောလေ..?
Women: ရှင်ပဲ..ဆုံးဖြတ်ပါ..
Men: မင်းဗိုက်ဆာနေပြီဆိုတော့ ညစာ အရင် စားကြမလားဟင်.?
Women: ဘာပဲလုပ်လုပ်ပါရှင်..
Men: ဘာစားချင်လဲ ပြောကြည့်လေ..?
Women: အိုးးးးးးးး ဘာပဲ ဖြစ်ဖြစ်ရပါတယ်ဆိုမှပဲ
Men: မဟုတ်ဘူးလေ..မင်းက..
Women :တကယ်ပဲ  စိတ်တိုလာပြီနော် ဟွန့် အော်မိတော့မယ်နော်.ရှင်ဆုံးဖြတ်ပါဆိုတာကို နားမလည်သေးဘူးလား။ဘာပဲဖြစ်ဖြစ် ရတယ်ရှင့်  ဘာပဲဖြစ်ဖြစ် ရတယ် သိပြီလား။.....♦♣♠♥☺☻ :P :P :P
( fri တစ်ယောက်ပို့သော Mail မှ ကူးယူခြင်းသာ)

No comments:

Post a Comment