Thursday, July 7, 2011

သင့်မွေးနေ့ကြရင် ဘာတွေလုပ်မှာလဲ





မွေးနေ့မှာဘာတွေလုပ်မလဲလို့ မေးရင်၊ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ပျော်မယ်၊ ဘီယာ ဆိုင်သွားမယ်၊ ပန်းခြံသွားမယ်၊ ဘုရားသွားမယ်လို့ ဖြေကြမယ်ထင်ပါတယ်၊ တစ်ချို့ကြ တော့ ပရဟိတကျောင်းက ကလေးတွေကိုအလှူလုပ်တယ်၊ ဘုန်းကြီးတွေကို ဆွမ်းကပ် တယ်စတာတွေလုပ်ပါတယ်၊ပိုက်ဆံတတ်နိုင်သူများ ကြတော့ ဟော်တယ်ကြီးတွေမှာ မွေးနေ့ပွဲတွေစည်စည်ကားကား ကျင်းပကြပါတယ်၊
မွေးနေ့ဆိုတာ တကယ်တမ်းပြောရရင် ကိုယ့်ကိုမွေးပေးတဲ့ အမေသေမလိုဖြစ်တဲ့နေ့ပါ၊ သားသမီးတစ်ယောက်မွေးရတာဟာ မိဘတွေအတွက် မလွယ်ကူပါဘူး၊ အရမ်းကိုပင်ပန်းပြီး အသက်ဘေးနဲ့ရင်ဆိုင်ကျော်လွှားရတဲ့အချိန်ပါ၊ မွှေးနေစဉ်မှာ ချွေးတွေပြန် အားတွေကုန်နဲ့အရမ်းကို ခံရခက်နေတဲ့အချိန်ပေါ့၊ မွေးလာတဲ့သားသမီး လေးမျက်နှာမြင်လိုက်ရတော့မှပဲ အဲဒီအမောတွေဟာ ”သားတို့ရုပ်ရည် သီတာမြည် သား”ဆိုဒါလို မိဘတွေရင်ထဲအေးမြပြီး အမောတွေပြေပျောက်သွားတာပါ၊

ဒီလိုမိဘတွေတွေကျော်လွှားခဲ့ရတဲ့အခက်အခဲတွေကို မိဘနေရာမရောက်ကြသေးတဲ့ သားသမီးတွေက သိဖို့မလွယ်ပါဘူး၊ဘာကြောင့်လဲဆိုရင်ကိုယ်တိုင်မခံစားရသေး လို့ပါ၊ တစ်ချို့များ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ပျော်နေလိုက်ကြတာ၊ အိမ်ကမိဘကိုကြတော့ ကန်တော့ဖို့မေ့နေလိုက်ကြတယ်။ စိတ်မကောင်းစရာပါ၊

မိဘတွေမှာ ကိုယ်ဝန်စဆောင်လာတဲ့အချိန်မှာလဲ ဒီရင်သွေးလေးကြောင့် စားချင်တာ တွေမစားရ၊ နေချင်သလိုမနေရနဲ့ ရှောင်သင့်တာရှောင် ဆောင်သင့်တာတွေဆောင်ပြီး မိဘတာဝန်ကြီးကို အပြည့်အဝယူလာလိုက်ကြတာ ပြန်တွေးကြည့်ရင် မွေးနေ့ရောက် တိုင်း အိမ်ကဖေဖေနဲ့မေမေကိုရှိခိုးသင့်ပါတယ်၊ မွေးနေ့ဆိုတာ မွေးနေ့ပွဲတွေ၊ သူငယ် ချင်းတွေနဲ့လျှောက်လည်နေမှာထက် အိမ်မှာမိဘတွေနဲ့ တစ်နေ့လုံး အတူတူနေပြီး မိဘစိတ် ချမ်းသာအောင် မိဘပျော်အောင်လုပ်ဆောင်ပေးနေတာကပိုတန်ဖိုးရှိမယ် ထင်ပါတယ်၊

မိဘတွေဟာ သားသမီးတွေမွေးဖွားလာပြီဆိုရင် ဒီသားသမီးတွေအပေါ်မှာ မျှော်လင့် ချက်တွေထားပါတယ်၊ အဲဒီမျှော်လင့်ချက်တွေက ငါးမျိုးတောင်ရှိပါတယ်၊
 

အဲဒါဘာတွေလဲဆို ရင်--
(၁) တစ်နေ့ကြရင် သားသမီးတွေက သူတို့ကိုပြန်လည်ကျွေးမွေးပြုစုကြလိမ့်မယ်၊

(၂) တစ်နေ့ကြရင် ငါတို့သားသမီးတွေက ငါတို့ရဲ့အလုပ်တွေကို ဆောင်ရွက်စီမံကြလိမ် မယ်၊

(၃) တစ်နေ့ကြရင် ငါတို့ရဲ့ အမွေတွေကို လက်ခံကြလိမ့်မယ်၊

(၄) ငါတို့ဆုံးပါးသွားတဲ့တစ်နေ့ ငါတို့ကိုရည်စူးကုသိုလ်ပြုကာ အမျှဝေကြလိမ့်မယ်၊

(၅) ငါတို့မရှိတော့တဲ့အခါ ငါတို့ရဲ့အမျိုးအနွယ်တွေကိုစောင့်ရှောက်ကြလိမ့်မယ်၊

ကဲမွေးနေ့တွေဖြတ်ကျော်ကြမဲ့ စာဖတ်သူများလည်း ကိုယ့်ကိုမွေးပေးတဲ့ဖေဖေနဲ့မေမေ တို့ရဲ့ မျှော်လင့်ချက်တွေကို ဒီစာဖတ်ပြီးတဲ့အချိန်ကစပြီး ဖြည့်ဆည်းပေးနိုင်သူများ ဖြစ် ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ။

ရွှေမန်းသား

No comments:

Post a Comment