ပဌာန်းဥဒ္ဒေသနှင့် နိဒ္ဒေသတို့ကိုသုံးသပ် ရွတ်ဖတ်ခြင်း အားဖြင့် မျက်မှောက်ချက်ချင်း အခါမလင့် အောက်ပါကောင်းကျိုးများရနိုင်လေသည်။
၁။ ရင်ဆိုင်ကြုံတွေ့နေရသည့်ဘေးအန္တရယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း၊
၂။ ကျရောက်လတ္တံ့သော ဘေးအန္တရယ် တို့မှ ကင်းလွတ်နိုင်ခြင်း ၊
၃။ အပြစ်ကင်း၍ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက်ကိစ္စအ၀၀တို့ကိုပြီးစီး
အောင်မြင်နိုင်ခြင်း ၊
၎။ အပြစ်ရှိ၍မကောင်းကျိုးဖြစ်စေမည့်ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း ၊
၅။ အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့်ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်း
အောင်မြင်နိုင်ခြင်း ၊
၆။ အဆုံးစွန်သောဘ၀တွင်နိဗ္ဗာန်ကိုမျက်မှေက်ပြုရခြင်းစသည့်အကျိုးတရားတို့ပင်တည်း။
Nyo Nyo Aung
No comments:
Post a Comment