Thursday, July 14, 2011
Some of Social Team For The Aged's Activities
မင်္ဂလာပါ 
social team for the aged ဆိုတဲ.အဖွဲ.လေးကို မိတ်ဆွေတို. သိပြီးသားဖြစ်မှာပါ။ ဒီအဖွဲ.လေးဟာ ဘ၀ရဲ.နေ၀င်ချိန် မှာ စားဝတ်နေရေး အခက်အခဲတွေ.နဲ. ဇရာရဲ. ဒဏ်ကို ခံစားနေရတဲ. ဘိုးဘွားများကို အိမ်တိုင်ရာေ၇ာက်သွားရောက်ပြီး လှူဒါန်းနေတဲ. အဖွဲ.လေးဖြစ်ပါတယ်။ ဘိုးဘွားတွေကို ကုညီပေးရင်းနဲ. ရင်နဲ.မဆံအောင် ခံစားရတဲ. ခံစားမှုတွေကို ခံစားရတာလည်းအခါခါပါဘဲ၊
အဘွားနာမည်ကဒေါ်မြင်.အသက် ၇၁ နစ်ပါ။ နေရတဲ.နေရာလေးက 
လမ်းဆုံလေးရဲ.အကြော်တဲနောက်ဘက်က ကွတ်ပျစ်ကုတင်စုတ်လေး တစ်လုံးပေါ်မှာပါ။ လေးဘက်လေးတန် ဟာလာဟင်းလင်း ပတ်ဝန်းကျင်က တျွေးတာပေးတာလေးစားပြီး ဇရာကို ရင်ဆိုင်နေရာသူ။ ချော်လဲထားရတဲ. ခြေထောက်က ဆေးခန်းတောင်မပြနိင်ဘဲ လမ်းလျောက်လို.မရတဲ. အခြေအနေ။
အဘွားရဲ. မျက်ဝန်းတွေထဲက စိတ်ဖိစီးမှုဒဏ်တွေ ဘယ်လောက်ရှိလဲဆိုတာ ခံစားရမိတဲ.အတွက် ဒီမျက်ဝန်းတွေကို ခုထိမျက်စီထဲက ထုတ်လို.မရတာအမှန်ပါပဲ။
အဘွားကိုစတွေ.ပုံက အလုံမှာရျိတဲ.ဆရာမတစ်ယောက်ရဲ.အိမ်က်ု 
သွားရင်း လမ်းမှာကြုံခဲ.ရတာပါ။ အဘွားမှာတူတစ်ယောက်ရှိပြီး တူတော်သူဦးလေးကြီးကလည်း လေဖြတ်ထားလို. ချိုးထောက်နဲ. သွားနေရတဲ.သူဆိုတော. အဘွားကိုမကျွေးမွေးနိင်ပါဘူးတဲ. ဒါကြောင်.ဒီနေရာလေးမှာ နေရတာပါတဲ.။အဘွားရဲ.အမျိုးသားကတော. ပတ်ဝန်းကျင်ကလူတွေ ပို.ပေးလို. ဘိုးဘွားရိပ်သာမှာ နေရပါတယ်တဲ.။အဘွားကတော.ဘိုးဘွားရိပ်သာတစ်ချို.မှာ ချမှတ်ထားတဲ. ကျန်းမာရေးကောင်းရန်၊ ကိုယ်တိုင်လှုပ်ရှားနိင်ရမယ်ဆိုတဲ. စည်းကမ်းချက်
တစ်ချို.နဲ. မကိုက်ညီလို. နေလို.မရနိင်ပါဘူးတဲ.၊
အဘွားကိုတွေခဲ.တဲ.အချိန်က မတ်လ၊ရှေ့ဆိုမိုးတွေရွာတော.မှာ။ အမိုးအကာ မရှိတဲ.နေရာလေးကအဘွားအကြောင်းစဉ်းစားမိရင်း............
မိတ်ဆွေဒီလိုမျိုးဇာတ်လမ်းတွေအများကြီးပါဘဲ။ ဒါပေမဲ.ဖြေရှင်းနိင်မဲ. 
နည်းလမ်းတွေရှိမှာပါ။
တစ်ယောက်အားနင်.ယူသော်မရ ၊အများအားဖြင် .ယူသော်ရ၏၊ ဆိုတဲ.
စကားလေးအတိုင်း အားလုံးပါဝင်ဆောင်ရွက်ဖို.လိုပါတယ်။
မိတ်ဆွေပေးမဲ.အကြံဥာဏ် ၊စေတနာသဒ္ဒါတရားအရပါဝင်ကူညီမှု(ငွေကြေး
လုပ်အား) များကို Social team for the aged အဖွဲ.မှ ဘိုးဘွားများကိုယ်စားလက်ခံ ကြိုဆိုပြီး တကယ်ထိရောက်တဲ. နည်းလမ်းများနင်. ဘိုးဘွားများကို ကူညီလုပ်ဆောင်ပေးလျက်ရှိသည်ကို အသိပေးအပ်ပါတယ်။
written by (khwa nyo thin ) social team for the aged ...
ယခုဆိုရင် အထက်ပါပုံကအဘွားဒေါ်မြင်.ဟာ socialteamfortheaged အဖွဲ.မှ မခွာညိုသင်း ရဲ. စွမ်းဆောင်ချက်ကြောင်. ဆည်းဆာ ဘိုးဘွားရိပ်သာ သို.ရောက်ရှိသွားပါ ပြီ၊ ဆည်းဆာ ဘိုးဘွားရိပ်သာ နဲ. မခွာညိုသင်းကို social team for the aged မှ အထူးဘဲကျေးဇူးတင်ပါတယ်။
Some other photo descriptions and comments from the Page:
အမှိုက်ပုံမှာပစ်ထားခံခဲရလို ရိပ်သာရောက်လာတဲအဘွားကလည်းသ​နားစရာပါ.ယခုထိ အေ ကြာက်မေ ပြသေးပါဘူး။ ကြွက်တွေကလည်းတညလုံးကိုက်နေ​ခဲကြတယ်တဲ။ အခု ထိ ပါးစပ် က တိုးတိုးအော်နေတာကတော. ကယ်ပါ ကယ်ပါ ဆိုတဲအသံလေးပါဘဲ။ ဘာ ဘဲ ဖြစ်ဖြစ်ရိပ်သာ ရောက်လာ ပြီ ဖြစ်လိုအဘွားဘ၀တသက်တာ စိုးရိမ်စရာမလိုတော.ပါဘူး။
အဘွားကိုမနေက 10.6.11 သောကြာနေ.ကဘဲဆည်းဆာရိပ် မှလာခေါ်သွားပါတယ်။ အသက် 95 ကျော်ပြီ့ ဖြစ်တဲအဘွားဟာရွှေဘုန်းပွင်​.ဘုရားအနီးမှာတဲလေးထိုးပြီး​နေနေရတာပါ. ဒိနစ်မိုးတွင်းမှာတော.ဒိအတိုင်းဆက်နေရင်အဘွားသေဆုံးနိင်ဖွယ်ရှိနေပါတယ်။ဒါကြောင်.အ​သင်းအနေနဲ ဆည်းဆာရိပ်ကိုအဘွားအတွက်ဖော​င်ရယ် .အဘွားပုံလေးရယ်ပြီးခဲတဲ တနဂ်နွေနေ.က တင်ပေးထားခဲတာပါ။. အဘွားရဲရပ်ကွက်ကလူများကလည်း​ ဖုန်းထပ်ဆက်လို အဘွားကိုရိပ်သာကချက်ချင်းလာ​ခေါ်သွားတာပါ.။ ယခုဘီဒိုအသစ် ။ အ၀တ်အသစ်။ ခြင်ထောင်အသစ်တွေနဲ ဘ၀အတွက်အေးချမ်း လုံခြုံ မှူတွေရသွားတဲအဘွားအတွက် အသင်းသူအသင်းသားများအနေနင်.​အတိုင်းမသိဝမ်းသာပိတိဖြစ်ရြ​ပီးဆည်းဆာရိပ်ကိုလည်းအထုဘဲေ​ကျးဇူးတင်ရှိပါတယ်။
အဘိုးဦးထွန်းရင်နင်.အဘွားေ​ဒ်ါခင်မြင်. တို.ဟာ ငယ်စဉ်ထဲကပေါင်းသင်းလာတဲ. လင်မယားတွေဖြစ်ပါတယ်။အဘကနန္ဒ​၀န်ဈေးမှာ ကာယလုပ်သားအဖြစ်လုပ်ပါတယ်။ တနေ.မှ ၇၀၀ လောက်ရပါတယ်။ အဘကဈေး မလာခင်အဘွားအတွက်အကုန် လုပ်ပေးခဲ.ပါတယ်။ 
ထမင်းချက်တာ ကအစပေါ.။ နေတာကတော. တူတစ်ယောက်က အခန်းလေး တစ်ခန်းပေး နေပါတယ်။ ဒါပေမဲ. စိတ်မကောင်းစရာကတော. အဘိုးဟာ 
အသက် ၇၅ နစ်အရွယ် ၁၈-၂-၂၀၁၀ မှာ အဘွားကိုတစ်ယောက် တည်းထားကာ ဘ၀တပါးသို. ကူးပြောင်းသွားပါတယ်။ ဒါကြောင်.အဘွားဟာ အားကိုးရာမဲ. တစ်ယောက်တည်း ကျန်ခဲ.ပါတယ်။ ဆက်သွယ်လှူဒါန်းလိုကြတယ်ဆို​ လျင်အဘွားအိမ်သို. တိုက်ရိုက်ဖြစ်စေ ၊ social team for the aged သို. ဖြစ်စေ ဆက်သွယ်လှူဒါန်းနိင်ကြပါတယ်​။ ဘယ်သူဖြစ်ဖြစ် သွားရမဲ.လမ်းကို အရင်သွားနင်.တဲ. အဘို.ကောင်းရာသုဂတိလား ပါစေလို. ဆုတောင်းရင်း .........
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာရဲ.ထူးခြားချ​က်ကတော.ဂီလာန ဘိုးဘွားတွေကို လက်ခံတာပါ၊ ရိပ်သာအသစ် မို.အားလုံးဝိုင်းကူညီဖို.လိုမှာပါ၊ လှူဒါန်းချင်ရင် ဖုန်း 01- 73018007 သို.ဆက်သွယ်နိင်ပါသည်၊
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ အမှတ် ၈၀၃ -၈၀၅ မဟောသဓာလမ်း ၁၂ ရပ်ကွက် ဒဂုံမြို.သစ်အရှေပိုင်း ဖုန်း 290964
လှည်းကူးကအဘိုးနဲ.အဘွားပါ.။အဘိုးကနေမကောင်းလို. ဆေးခန်းပြဖို လစဉ်လှူနေကျ အလှူငွေလေးကိုစောင်.မျော်နေ​တာပါ၊
လှည်းကူးကအဘိုးနဲအဘွားရဲ.အိ​မ်လေးပါ။ဆောက်တာ တစ်သောင်းခုနစ်ထောင်လောက်ကု​န်ပါတယ်။ ၆ ပေ ပတ်လည်လောက်ဘဲရှိမှာပါ၊အသင်းက တလ ကို နစ်သောင်းလှူပါတယ်။ အရှေ့ကမိုးပတ်လို.ပလတ်စတစ်ကာပေးနေတာပါ။ပလတ်စတစ်စကတော.ခွာညိုအိမ်ကရတာပါ.(လှည်းကူး)
ဦးတင်ရွှေ + ဒေါ်မြရင် သီတာအေး ၆ လမ်း အောင်မင်္ဂလာရပ်ကွက်၊ လှည်းကူးမြို.
အဘတို.လင်မယားကအသက်၇၀ကျော်ေ​တွပါ ၊ ပိုက်ဆံ ၈၀၀ ကျပ်ရဖို.ဇီးထုတ်တံဆိပ်လေး၉​၀၀၀ ကို ပလတ်စတစ်အိတ် ထဲထည်.တဲ.အလုပ်လုပ်ရပါတယ်။၂​ ရက်လောက်ကြာမှ ပြီးပါတယ်။ အဘို.ကမျက်စိတိမ်ရှိသဖြင်.အ​မြင်မကြည်လင်ပါ.အဘွားက လေတခါ ဖြတ်ထားဘူးပါတယ်။ အဘ တို လင်မယား နစ်ယောက် ကို social team for the aged မှ လစဉ် တလ နစ်သောင်းလှူ ပါတယ်
social team for the aged အဖွဲ.၀င်များ ၏ လစဉ် အ စ ည်း အေ ၀း မုန့်တွေ အအေးတွေက ကိုယ်စားတာ ကိုယ်ရှင်းရတာဗျ။
အလှုငွေတွေကို အလှုကိစ္စ သက်သက်ပဲ သုံးကြပါတယ် ခင်ဗျာ။
ကိုကြီး ကိုကျော်ဝင်းထွန်းဆို သွားလာတဲ့ တက္ကစီခတောင် စိုက်ရပါသေး ခင်ဗျာ။
ဟုတ်ပါတရ် Donor fund တွေ ကို 100% ရောက်အောင် လှူပေးပါတရ် ရှင်... ကျန်တဲ့ကုန်ကျစရိတ်တွေကို member တွေကဘဲကျခံပါတရ်
တစ်သောင်းဆိုတာ မများပေမယ့်.........အဘွားအ​တွက်တော့ ဘုရားမှာ ပန်းလှုနိုင်တယ်။ အလှုခံဌာနမှာ အလှုငွေထည့်နိုင်တယ်ဆိုတာ သိရတော့ ကျွနတော်တို့ အဖွဲ့သါားတွေ ၀မ်းမြောက်ရတာပေါ့.........
အရင်ကအဘွားဆေးခန်းမသွားနိင်​ပါဘူး၊ တပြားမှမရှိလို.ပါတဲ.၊ယခုလှုတဲ.ငွေလေးရှိတော.ဆေးခန်းသွားနိင်တယ်၊ဆေးခန်းသွားတော.ဆ​ရာဝန်ကလည်းပိုက်ဆံမယူပါဘူးတဲ.၊ ခုဆို အဘွားလမ်းတောင်လျောက်နိင်နေ​ပါတယ်​..အဘွားရယ်။
‎"စေတနာမှန် ကိုယ့်ထံပြန် "
 အသိလက်ဦး၊ အသိထူးငြား၊
စိတ်ကောင်းထား၊
သနားချစ်ခင်ကူညီရ။
 ကိုယ့်ကြောင့်သူ့မှာ
စိတ်ချမ်းသာ၍၊ စေတနာမှန်၊
ကိုယ့်ထံပြန်၊
ဘေးရန်လုံ၍ ငြိမ်းချမ်းရ။
- ပရဟိတလုပ်ငန်းဆိုတာ ကူညီခံရသူထံက ဘာတစ်ခုမှ
ကပ်ငြိတာတွေ မျှော်တာတွေမထား၊ " ငါတို့ကြောင့် သူတို့ ဒုက္ခ
လွတ်ရင်တော်ပြီ၊ ငါတို့ကြောင့် သူတို့ချမ်းသာရင် တော်ပြီ " လို့
တကယ်မြင့်မြတ်တဲ့ စေတနာနဲ့ လုပ်ရတဲ့အလုပ်ပါ။ တကယ်တော့
ပရဟိတဆိုတာ လောဘကို တိုက်ရိုက်ဖြိုဖျက်ရတဲ့ အလုပ်ဖြစ်ပါတယ်။
မေတ္တာ ကရုဏာနဲ့ ဆောင်ရွက်တာဖြစ်လို့ ဒေါသကိုလဲ
တိုက်ရိုက်ဖျက်ဆီးနေရတဲ့ အလုပ်ဖြစ်တယ်။ အသိတရား ဦးဆောင်
ပြီး လုပ်လိုက်တော့ မောဟကိုလဲ သန့်စင်ခွင့်ရလိုက်ပြန်တယ်။ ဒီလို
ဆိုတော့ လောဘ ဒေါသ မောဟကို အနိုင်ယူရတဲ့ အလုပ်ပါလား။
ဒါကြောင့် မြင့်မြတ်တဲ့ အလုပ်ဖြစ်ရတာပါ။
လောကထဲမှာ ဆင်းရဲဒုက္ခ အပူပြဿနာမျိုးစုံကို ဖန်တီးနေ
တဲ့ လောဘ ဒေါသ မောဟ အပူငွေ့တွေကို ဖယ်ရှားသန့်စင်ပြီး မြင့်
မြတ်တဲ့ စိတ်ထားနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ စဉ်းစားလိုက်ရင်
အလွန်ကြည်နူးစရာ ကောင်းတဲ့အလုပ်ပါ။
ဒါကြောင့် အသိထူးသူတွေက အသိမထူးသူတွေကို အသိ
သာမန်သာရှိနေသေးသူတွေကို ကူညီရမှာပါ။ အသိလက်ဦးထားသူ
တွေက အသိနောက်ကျနေသူတွေကို, ကံအား ဥာဏ်အား လုံ့လအား
နည်းပါးသူတွေကို လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ကူညီကြရမှာပါ။
ဒီလိုကူညီလိုက်တာဟာ သန့်စင်တဲ့စိတ်ထားနဲ့ ကောင်းတာ
လုပ်တာဖြစ်လို့ ကိုယ့်စေတနာက ကိုယ့်ကိုပစ်ထားမှာမှမဟုတ်ပဲ၊
ကောင်းကျိုးကို ပေးမှာ သေချာပေါက်ပါ။ ကိုယ့်စေတနာဟာ ကိုယ့်
လုပ်ခပဲမဟုတ်လား။ သစ္စာလဲ အရှိဆုံးပဲ။
- တိပိဋကဓရ ယောဆရာတော်ဘုရားကြီး
ကုသိုလ်အလို့ငှာ Social Team For The Aged အဖွဲ့ရဲ့ စေတနာ၊ ကုသိုလ်ဖြစ် လုပ်ဆောင်ချက်လေးတွေကို ပြန်လည်မျှဝေပါတယ်။ သူတို့အဖွဲ့ရဲ့ Facebook Page Link လေးကတော့ https://www.facebook.com/profile.php?id=100000976672259 ပါ။ 
ခိုင်ခိုင်
*** ဒုက္ခရောက်သူတွေကို တွေ့ရမြင်ရတဲ့အခါ သူတော်ကောင်းဓာတ်ခံ ရှိသူတို့ရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ တုန်တုန်လှုပ်လှုပ် ခံစားရတဲ့သဘောလေးကို ဂရုဏာလို့ခေါ်တယ်။
*** ငွေပေါများတိုင်း မလှူပါ။ သဒ္ဓါဓာတ် ပေါများမှသာ လှူဒါန်းနိုင်သည်။ သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတန်းပိုနေတတ်ပေမယ့်  လောဘဓာတ်ကြီးမားသူအတွက် ယူချင်စရာပစ္စည်းတွေ အမြဲတန်းလိုနေတတ်ပေသည်။
*** အများအကျိုး ရွက်သယ်ပိုးက၊ ခနိုးခနဲ့ ဆိုးကဲ့ရဲ့လည်း၊ မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင့်လော။
ဆရာတော်ဘုရားများ၏ ဆုံးမသြ၀ါဒတချို့မှ…
No comments:
Post a Comment