Thursday, January 19, 2012

ပစ္စေကဗုဒ္ဓဟူသည်

ပစ္စေကဗုဒ္ဓဟူသည်



(က) န သဗ္ဗညုသဒိသာ ဟုတွာ၊ ပါဠိဇက္ကံ ၀ိသုံဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ- သဗ္ဗညု ဘုရားရှင်နှင့်မတူဘဲ အသီးအခြားဘုရားဖြစ်သောကြောင့် ပစ္စေကဗုဒ္ဓါမည်၏။ ပစ္စေက- အသီးအခြား၊ ဗုဒ္ဓ-ဘုရား၊ အသီးအခြားဘုရားဟု အပါဒါန် ပါဠိတော်အဋ္ဌကထာ ၁၁၂ တွင် ဖွင့်ဆိုပါသည်။



ပတိ+ ဧကာဝိသုံ+ သမ္မာသဗ္ဗုဒ္ဓတော ၀ိသဒိသာအညေ+ အသာဓာရဏ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါဟူ၍လည်း အပါဒါန်ပါဠိတော် အဋ္ဌကထာ ၂၂၆ တွင်ထပ်ဆင့်ဖွင့်ဆိုပါသည်။ (ပတိ+ဧက+ဗုဒ္ဓ= ပစ္စေကဗုဒ္ဓါ) ပတိ= အသီးအခြား+ ဧက= သဗ္ဗညုဘုရားရှင်နှင့်မတူသော မဆက်ဆံသောဘုရားသည် ပစ္စေကဗုဒ္ဓမည်၏။



အဋ္ဌကထာမှဖွင့်ဆိုချက်များ



ဤအဋ္ဌကထာဖွင့်ဆိုချက်၌ ၀ိသုံဖြင့် ပတိ၏အနက်ကိုပြ၏။ သမ္မာသမ္ဗုဒ္ဓတော ၀ိသဒိသာဖြင့် ဧကသဒ္ဒါ၏ အတုလျအနက်ကိုလည်းကောင်း၊အညေဖြင့် အညအနက်ကိုလည်းကောင်း၊ အသာဓာရဏဖြင့် အသဟာယအနက်ကိုလည်းကောင်း ဖွင့်ပြ၏။



တသီးတခြားဘုရား



သဗ္ဗညုဘုရားရှင်နှင့်မတူသော သဗ္ဗညုဘုရားရှင်မှအခြားတစ်ပါးသော သဗ္ဗညုဘုရားရှင်နှင့်မဆက်ဆံသော တသီးတခြားဘုရားဖြစ်သောကြောင့် ပစ္စေကဗုဒ္ဓမည်၏ဟု မှတ်ယူပါ။



သီးခြားဘုရားငယ်



သဗ္ဗညုဘုရားရှင်ကို သဗ္ဗညုဘုရားဟု ခေါ်ဝေါ်၏။ ပစ္စေကဗုဒ္ဓ ဘုရားကို ဘုရားငယ်ဟုသာခေါ်ဝေါ်ကြ၏။ သို့သော် သဗ္ဗညုဘုရားရှင်ကို

ဘုရားကြီးဟု မခေါ်ဝေါ်ပေ။ ဤသည်ကား ပစ္စေကဗုဒ္ဓသဒ္ဒါ၏ အနက်အဓိပ္ပာယ် ဖြစ်သည်။



ဖြစ်ရာအမျိုးအနွယ်၊ အခါကာလနှင့် အသွင်တော်



(ခ) ပစ္စေကဗုဒ္ဓသည် မင်း၊ ပုဏ္ဏား၊ သူ



(ဂ) ပစ္စေကဗုဒ္ဓသည် သဗ္ဗညုတမြတ်စွာဘုရားကဲ့သို့ သံဝဋ္ဋကပ် ကမ္ဘာပျက်ချိန်၌ မပွင့်။ ၀ိဝဋ္ဋဋ္ဌာယီကပ်ကမ္ဘာဖြစ်ပြီး တည်ဆဲအချိန်၌သာ ပွင့်၏။

ထိုတွင်လည်း သက်တမ်းတစ်သိန်းအထက်၊ တစ်ရာတမ်းအောက်တို့၌ မပွင့်ပါ။ သက်တမ်းတစ်သိန်းမှ တစ်ရာအတွင်း၌သာ ပွင့်ပါသည်။ ဘုရားမပွင့်သောကမ္ဘာ၌ ပစ္စေကဗုဒ္ဓမပွင့်၊ ဘုရားပွင့်သောကမ္ဘာ၌သာပွင့်သည်။ မြတ်စွာဘုရား သက်တော်ထင်ရှားမရှိသော အချိန်မှာသာပွင့်ပါသည်။



(ဃ) ပစ္စေကဗုဒ္ဓသည် လူ့ဘ၀လူ့အဖြစ်၌ဖြစ်၍၊ ဦးခေါင်းကို လက်ဖြင့်သုံးသပ်သောအခါ လူ့အသွင်ပျောက်သွားပါသည်။



(င) ပစ္စေကဗုဒ္ဓတို့၏အသွင်ကား မြတ်စွာဘုရားအစရှိသော ရဟန်းတော်တို့၏ အသွင်အတိုင်းဖြစ်ပါသည်။



ပရိက္ခရာများအသစ်အလှူခံတတ်ကြ၏။



ပစ္စေကဗုဒ္ဓတို့သည် တန်ခိုးကြောင့်ဖြစ်သော ပရိက္ခရာများပျက်စီး ပျောက်ပျက်သောအခါ အသစ်အလှူခံရယူတော်မူကြသည်။



ဆံတော်လက်နှစ်သစ် အမြဲတည်၏



ပစ္စေကဗုဒ္ဓတို့၏ဦးခေါင်းဆံပြင်တော်မှာ မြတ်စွာဘုရားကဲ့သို့ လက်နှစ်သစ်ခန့်မှ မရှည်တော့ပေ။ ဆံရိပ်ရရိုးထုံးစံမရှိပေ။

ဤသည်တို့ကား ပစ္စေကဗုဒ္ဓဟုခေါ်ဝေါ်ပါသော ဘုရားငယ်တို့နှင့် စပ်၍ အပါဒါန်ပါဠိတော်၊ အဋ္ဌကထာတို့တွင် ပါရှိသည်တို့ကို ဗဟုသုတအလို့ငှာ ဖော်ပြရခြင်းဖြစ်ပါသည်။



(Credit to Internet)

No comments:

Post a Comment