Thursday, January 19, 2012

ပီတိသုခနှင့်ဝိပဿနာဥာဏ်

အာဂျန်ဗြဟ္မာသည် အင်္ဂလန်၍မွေးဖွားသော ထေရဝါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်ပါသည်။ ကိန်းဘရစ်တက္ကသိုလ်၏ သီအိုရီရူပဗေဒကျောင်းသားအဖြစ် စာသင်ကြားနေစဉ် အာဂျန်ချားရဲ့ထိုင်းတောရနည်းအတိုင်းပထမဆုံးစတင်တရားအားထုတ်ခဲ့သည်။ထိုအချိန်မှစ၍အပြင်းအထန်တရားအားထုတ်ခဲ့သည်။ အသက်၃၃အရွယ်တွင်ရဟန်းပြုခဲ့ပြီး ယခုအခါအော်စတြေးလျှနိုင်ငံဗောဓိဉာဏဘုန်းကြီးကျောင်း၌ကျောင်းထိုင်ဆရာတော်အဖြစ်နေထိုင်လျှက်ရှိပါသည်။လေးစားခံထိုက်သောကမ္မဌာန်းဆရာတစ်ယောက်အဖြစ်လူသိများသည်။”သတိတရား၊ပီတိသုခမှသာလွန်သော၊ယောဂီလက်စွဲ”စာအုပ်ကိုရေးသားထုပ်ဝေခဲ့ပါသည်။

သူရဲ့သင်ကြားနည်အရ ပီတိသုခသည် တရားအားထုပ်ခါစယောဂီများ စိတ်အားတက်ကြွစေ ရန်အတွက် အလွန်ရေးပါသည်။ တရားဘာဝနာမှ ပျော်ရွှင်မူနှင့်စိတ်ငြိမ်သက်ချမ်းမြေ့ မှုကိုရရှိနိုင်ကြောင်း၊ စိတ်ဖြုစင်သန့်ရှင်းမှုနှင့်စိတ်ခွန်အား ဖွံဖြိုးတိုးတက်မှုတို့ကိုလက်တွေ့ ကိုယ်တိုင်ခံစားနိုင်ကြောင်းတို့ ကိုလေးနက်ပြောကြားခဲ့သည်။ အဆင့်မြင့်သောပီတိသုခသည်လိင်ဆက်ဆံမူမှရသောကာမအရသာထက်ပိုမိုကောင်းမွန်ကြောင်းမိန့် ကြားခဲ့သည်။



တရား၏အရသာကို တရားအားထုတ်နေစဉ်အချိန်မှာသာမက အချိန်မရွးခံစားနိုင်သည်။

တစ်ကြိမ်တစ်ခါလေ့ကျင့်တတ်မြောက်ထားရုံဖြင့် မည်သည့်ခြေအနေ၊အချိန်ခါမဆို တရားအရသာကိုရရှိခံစားနိုင်သည်။

စာတွေ့ အရ (သုတမယဥာဏ်ဖြင့်) တရားအားထုတ်ခြင်း၏အကျိုးကျေးဇူးတို့ ကိုလက်ခံနားလည်ကြသော်လည်းလူအများစုသည်ပုံမှန်တရားအားလေ့ကျင့်မှု စတင်ရန်ခက်ခဲနှောင့်နှေးနေတတ်ကြသည်။ တရားအားထုတ်ခြင်းကို တစ်ခါတစ်ရံ အားကစားရုံသို့ တာဝန်တစ်ခုနေနှင့်သွားရောက်လေ့ကျင့်သလိုမျိုးမှားယွင်းစွာစတင်ပြုလုပ်တတ်ကြသည်။

ဒါပေမဲ့တရားဘာဝနာမှရရှိတဲ့စိတ်ချမ်းမြေ့မှုကိုတန်ဘိုးထားတတ်ခဲ့ရင်နှစ်သက်စွာတရားထိုင်ဖြစ်မှာပါ။တရားအားထုတ်ချင်စိတ်အလိုလိုပေါ်လာမှာဖြစ်သည်။ချက်ခြင်းလက်ငင်းအကျိုးကျေးဇူးနှင့်ရေရှည်အကျိုးတို့ကိုလက်တွေ့ ကိုယ်တိုင်ခံစားရမည်ဖြစ်သည်။



စိတ်ကျဆင်းနေချိန်တွင် တရားထိုင်ရန် တက်ကြွတတ်သော ယောဂီများသည် အလုပ်အကိုင်တွေ၊စီးပွားရေး၊အိမ်ထောင်ရေးတွေ၊အဖက်ဖက်၌အဆင်ပြေနေချိန်တွင် တရားအားထုတ်ရန် ပျင်းရိနေလေ့ရှိသည်။တရားဘာဝနာကို စိတ်ဝေဒနာများဖယ်ရှားရန်အတွက်သာမက စိတ်ကြည်လင်ပြီး ပျော်ရွှင်ချမ်းမြေ့ရန်အတွက်ပါ အားထုတ်ရန်လိုကြောင်းပြောဆိုညွှန့် ပြခဲ့သည်။

တရားအားထုတ်ခြင်းကိုအလုပ်တာဝန်တစ်ခုအဖြစ်မယူဆဘဲစိတ်အပန်းဖြေမှုတစ်အဖြစ်ယူဆသင့်ကြောင်းရှင်းပြပြောဆိုပါခဲ့သည်။”စိတ်ကိုအမှန်တကယ်ဘယ်လိုအပန်းဖြေရမယ်ဆိုတာကိုနားလည်ရင်တရားအားထုတ်ရတာ နှစ်သက်ပျော်စရာကောင်းလာမှာပါ”ဟုလည်းပြောကြားခဲ့သည်။



တရားအားထုတ်ခြင်းမှာ ခက်ခဲပင်ပန်းမှုဆိုတာမရှိရပါဘူး။ အကယ်၍ယောဂီကခက်ခဲပင်ပန်းနေပြီဆိုရင်လွဲမှားနေပါပြီ။ဘာမှားနေသလဲဆိုရင် တည်ငြိမ်မှု(Stillness)ပါ။

သမာဓိဆိုတဲ့ပါဋိစကားလုံးကိုတရားအာထုပ်ခြင်းသို့ မဟုတ်(ပိုမိုတိကျစွာ) စိတ်ကိုအာရုံတစ်ခုပေါ်မှာကြာရှည်စွာထားနိုင်ခြင်းလိုဘာသာပြန်ဆိုနိုင်ပါသည်။ အာဂျန်ဗြဟ္မာကတော့ဘာမှလှုပ်ရှားမှုမရှိတဲ့စိတ်ရဲ့တည်ငြိမ်မှု(Stillness)ဆိုတဲ့အဓိပ္ပါယ်ကိုပို၍နှစ်သက်သည်။

ပြီးခဲ့သည့်ကိစ္စများ၊ဖြစ်ရပ်များဆိုတဲ့အတိတ်အချိန်နှင့်လုပ်ကိုင်ဆောက်ရွက်ရန်အစီအစဉ်များဆိုတဲ့အနာဂါတ်အချိန်တွေကိုသွားနေခြင်းမှစိတ်ကိုရပ်တန့် လိုက်ပါ။တွေးတွေထဲမှာလွင့်မျောနေရာကရပ်တန့် လိုက်ပါ။

ယောဂီရဲ့စိတ်ကိုပစ္စုပန်အခိုက်မှာသာသတိရှိလျှက်ရပ်နားထားလိုက်ပါ။တစ်စုံတစ်ရာကိုထိန်းချုပ်ဘို့ ကြိုးစားနေတာကိုလည်းရပ်နားလိုက်ပါ။ဘာမျှမလုပ်ဘဲနေလိုက်တဲ့အခါ ”ပြုလုပ်သူ”ဆိုတာပျောက်သွားပြီး ”သိနေသူ”ရယ်လို့ သာကျန်နေလိမ့်မည်။



တရားအားထုတ်ခြင်းဆိုတာဘာလဲ၊ဘယ်လိုတရားအားထုပ်မလဲဆိုတာကို အာဂျန်ဗြဟ္မာက ရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးနှင့်ဥပမာပြခဲ့သည်။ဘောင်ဘင်ခတ်နေတဲ့ခွက်ထဲကရေတွေကို တမင်တကာမွှေပြီးတော့ ဒီရေတွေကိုငြိမ်အောင်လုပ်မယ်ဆိုနေရုံနှင့်ရေတွေကငြိမ်သက်သွားပါ့မလား။အလားတူပဲ ယောဂီကငါတရားထိုင်မယ်၊ ငါသမာဓိထူထောင်မယ်ဆိုပြီးတော့ယောက်ယက်ခတ်နေရုံနှင့်စိတ်တွေကတည်ငြိမ်လာပါ့မလား။

ဒီပုံစံမျိုးနှင့်ယောဂီတော်တော်များများဟာတရားအားထုတ်နေကြတာပါ။ဒီနည်းနှင့်ရေတွေမငြိမ်သွားသလို၊ယောဂီတွေလည်း(သမာဓိမဖြစ်လို့)တစ်စတစ်စစိတ်ပျက်သွားကြတာများပါတယ်။



နည်းစနစ်အမှန်ကတော့ရေခွက်ကိုအောက်သို့ချလိုက်ပါ။ ချချခြင်းခဏမှာတော့ရေတွေကဟိုဘက်ဒီဘက်ပို၍ဘောင်ဘင်ခတ်နေလိမ့်ဦးမည်။ တအောင့်အကြာမှာရေတွေအားလုံး လုံဝငြိမ်သက်သွားလိမ့်မည်။ရေခွက်ကိုကိုင်ပြီးတော့ဘယ်နည်းနှင့်မျှရေတွေငြိမ်အောင်မလုပ်နိုင်ပါဘူး။



တရားအကျင့်၌ဒီဥပမာကိုသင်ခန်းစာယူသင့်သည်။တစ်ခုခုကိုဆုတ်ကိုင်ရင်းတရားအားထုတ်၍မရနိုင်ပါ။

ရှေးဦးစွာအယူဝါဒစွဲတွေ၊စိတ်ကူးတွေ၊အတွေးတွေ၊အားလုံးကိုလွှတ်ချလိုက်ပါ။ခဏတော့စိတ်မတည်မငြိမ်ဖြစ်နေလိမ့်မည်။ အားလုံးကိုလွှတ်ချနိုင်ပြီး၊ စိတ်ကိုထိန်းချုပ်ဘို့ ကြိုးစားနေတာကိုလည်းစွန့် လွှတ်လိုက်နိုင်နှင့်တပြိုင်နက် တရားအားထုတ်ရတာအလွန့် လွယ်ကူလာပါလိမ့်မည်။

အာရုံခံစားတတ်တဲ့စိတ်ဟာငြိမ်သက်လာတာနှင့်အမျှခွန်အားတွေပြည့်ဝလာလိမ့်မည်။ခွန်အားပြည့်ဝသည့်စိတ်သည်ပျော်ရွှင်မူ(Joy)ကိုဖြစ်ပေါ်စေသည်။အဲဒီချိန်ကစပြီး တရားဘာဝနာ၏ပျော်ရွှင်ချမ်းမြေ့မူ(Happiness)တွေကိုစတင်ခံစားရပါပြီ။



စိတ်တည်ငြိမ်မူကဝိပဿနာဥာက်ကိုဦးဆောင်ပါတယ်။ စိတ်သည် တည်ငြိမ်ပြီး၊တိတ်ဆိတ်လာသည်နှင့်တစ်ပြိုင်နက် သူ့အလိုလိုအရာရာကိုရှင်းလင်းမှန်ကန်စွာရူမြင်တတ်လာပါလိမ့်မည်။ ဖားလောင်းကလေးက သူရဲ့ရေအိုင်ကရေအကြောင်း၊ဘယ်အချိန်မှာ၊ဘယ်လိုမျိုးဖားငယ်ကလေးဖြစ်ဘာလိမ့်မယ်ဆိုတာသိသလို လိုအပ်သောသမာဓိရှိသည့်ယောဂီသည်ဘယ်လိုတွေးမျိုးတွေဝင်လာတယ်၊ဘာတွေနှင့်စိတ်ရှုပ်ထွေးနေတယ်၊ဘာတွေကိုတက်မက်နေတယ် ဆိုတာ အလိုလိုသိမြင်လာနိုင်သည်။



အဆင့်မြင့်သည့်သမာဓိ(အပ္ပနာသမာဓိ)ကိုထူထောင်နိုင်ခြင်းသည် တောနက်ထဲကပစ်ရမစ်ပေါ်ကိုရောက်သွားရတာနှင့်တူလှသည်။

တောနက်နှင့်တူတဲ့အတွေးစိတ်ကူးတွေ၊မိသားစုတာဝန်တွေ၊ဝတ္တရားတွေ၊လုပ်ငန်းကိစ္စတွေကို ပစ်ရမစ်ပေါ်ကနေ အားလုံးကိုအရှိအတိုင်း(သဘာဝအတိုင်း)မြင်နှိင်သည်။



မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရှိရန် အမျိုးမျိုးသောကမ္မဌာန်းကျောင်းများမှ မတူညီသောသမာဓိအဆင့်အမျိုးမျိုးလိုအပ်သည် ဟုသင်ကြားပေးကြသည်။

တချို့သောကမ္မဌာန်းဌာနများသည် ဈာန်ဆိုက်သောအဆင့်မြင့်သမာဓိထက် ခဏိကသမာဓိကိုပို၍အလေးထားသင်ကြားပေးကြသည်။



တချို့သောကမ္မဌာန်းဆရာတော်များက ဈာန်သမာဓိ(အဆင့်မြင့်တဲ့သမာဓိ)မှရရှိသောပီတိသုခသည်တွယ်တာမက်မောလွယ်သဖြင့်တားမြစ်လေ့ရှိသည်။ယောဂီအများစုသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုသာရည်ရွယ်တောင့်တသောကြောင့် ဈာန်သမာဓိကိုဖယ်ရှားလေ့ရှိသည်။



ဗုဒ္ဓဘာသာ၏အံသြနှစ်သက်ဖွယ်ကောင်းသောအချက်မှာ အပြန်အလှန်ဆွေးနွေးခြင်းကို လိုလားစွာလက်ခံခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှအတင်းအကြပ်လက်ခံခိုင်းခြင်းမပြုလုပ်ပါ။

တောရဆောက်တည်၍အချိန်ပြည့်တရားဘာဝနာပွားများသောရဟန်းတော်များသာမကသူ၏တရားစခန်း၌လူယောဂီအများစုသည်ဈာန်ဆိုက်သောအဆင့်မြင့်သမာဓိကိုအောင်မြင်စွာထူထောင်နိုင်ခဲ့ကြသည်။

ဈာန်ဆိုက်သည့်သမာဓိကိုအမှန်တကယ်လိုအပ်ကြောင်းဗုဒ္ဓက သူ၏အဆုံးအမများ၌ရှင်းလင်းစွာဖော်ပြထားခဲ့သည်။ ယခုအခါ ဗုဒ္ဓ၏အဆုံးအမများ၌ သမာဓိလိုအပ်ဟုလက်ခံကြသော်လည်း ကွဲလွဲချက်များရှိ

ထူထောင်ရမည်သမာဓိအဆင့်အတန်းအမျိုးမျိုးကို ကွဲလွဲစွာယူဆကြသည်။

အာဂျန်ဗြဟ္မာကတော့ သမာဓိမှရရှိသောပီတိသုခ၏တွယ်ငြိမှု့အန္တရာယ်ကို ကြောက်စရာမလိုကြောင်းပြောဆိုခဲ့သည်။ သမာဓိ ၌ပျော်မွေ့ လေ့ရှိသောယောဂီတစ်ယောက်သည် သောတာပန်၊သဒါဂါမ်၊အနာဂါမ်နှင့်ရဟန္တာတို့၏သွားရာလမ်းတစ်ခုခုကိုမျှော်လင့်နိုင်သည်။

သမထနှင့်ဝိပဿနာအကြောင်းစကားရည်လုပွဲများသည် တရားအားထုတ်ခါစ(သို့)တရားအားထုတ်ရန်လေ့လာနေသည့် ယောဂီသစ်တစ်ယောက်အား လွဲမှားသောနားလည်မှု့များကိုဖြစ်စေသည်။ သမထနှင့်ဝိပဿနာသည် အဆက်အစပ်မရှိသော၊ကွဲပြားသောအားထုတ်ခြင်းတစ်မျိုးစီဖြစ်ကြောင်း တစ်ချို့သောကမ္မဌာန်းကျောင်းများမှသင်ကြားကြသည်။ အဆင့်မြင့်သမာဓိကိုထူထောင်ခြင်းသည် သမထ ဖြစ်ပြီး မည်သည့်ဝိပဿနာဥာဏ်ကိုမျှမရရှိနိုင်ပါဟုသောအဆိုကို အာဂျန်ဗြဟ္မာ လက်မခံနိုင်ကြောင်းငြင်းဆိုခဲ့ပါသည်။ တစ်ကြောင်းတည်းသောနည်း၏ မတူညီသောအကျင့်တစ်မျိုးစီသာဖြစ်ပြီး သမထ(အဆင့်မြင့်သမာဓိ)သည် ဝိပဿနာဥာဏ်ဖြစ်စေရန်ုဦးဆောင်ပြီး၊ ဝိပဿနာအကျင့်ဖြင့်အဆင့်မြင့်သမာဓိကိုရရှိစေနိုင်သည်။



များပြားလှသောတရားအားထုတ်နည်းများ၊ ဝိဝါဒကွဲပြားမူများ၊ကွဲလွဲသောအယူအဆများသည် ယောဂီတစ်ယောက်အား ရောထွေးစေပြီး နားလည်ရန်ခက်ခဲစေသည်။ အာဂျန်ဗြဟ္မာ၏ အကောင်းဆုံးအကြံမှာ စတင်တရားအားထုတ်ကြည့်ပါ။ သင့်၏ကိုယ်ပိုင်တွေ့ အကြုံမှတဆင့်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာသိလာပါလိမ့်မည်။

စာအုပ်မြောက်များစွာကိုအဖတ်များပြီး တရားထိုင်ချိန်နည်းခြင်းနှင့် အငြင်းအခုံများပြီး ဝစီပိတ်မနေတတ်ခြင်းတို့မှာ အဆိုးဆုံးပြဿနာဖြစ်သည်။ မည်သည်အခါမှ စဉ်းစားတွေးခေါ်ခြင်းဖြင့် ဝိပဿနာဉာဏ်ကိုမရရှိနိုင်ပေ။ သိုသော် ဝစီပိတ်အကျင့်ဖြင့်ဝိပဿနာဉာဏ်ကိုရနိုင်သည်။



Tips for meditation (လိုက်နာရန်အချက်များ)

၁။ စတင်တရားအားမထုတ်ခင်ခန္ဓာကိုယ်တစ်ခုလုံးမှအကြောတွေကိုလျော့ချလိုက်ပါ။ နောက်ခန္ဓာကိုယ်မှအကြောတွေပြေလျော့သွားသလိုစိတ်ကိုလည်းလျော့ချ (Relax) လိုက်ပါ။

၂။ ဘာကိုမျှရရှိလာအောင်၊ဖြစ်လာအောင်မကြိုးစားပါနှင့်။ ဘာကိုမျှလည်းပျောက်ပျက်သွားအောင်ဖျက်ဆီးဘို့လည်းမကြိုးစားပါနှင့်။



၃။ဘာကိုမျှလည်းမလုပ်ပါနှင့်။ မိမိရဲ့စိတ်ကိုထိန်းချုပ်ရန်ကြိုးစားလေလေ စိတ်ကပိုပြီးခက်ထန်လာလေလေဖြစ်လိမ့်မည်။ စိတ်ကပို၍ခက်ထန်မာကြောလာလေလေ သမာဓိရန်ပိုခက်လေလေဖြစ်လိမ့်မည်။



၎။မိမိကိုယ်ကိုကြင်နာသနားပါ။ သိမ်မွေ့ ငြင်သာစွာလေ့ကျင့်ပါ။ တရားကို သိမ်မွေ့ ငြင်သာစွာအားထုတ်တတ်တဲ့အကျင့်ကောင်းမွေးမြူပါ။ ကိုယ်နှင့်စိတ်ကိုအားကုန်နှိပ်စက်သလိုမျိုးမဖြစ်ပါစေနှင့်။ အရမ်းပြင်းပြင်းထန်ထန်လည်းအားမထုပ်ပါနှင့်။ ဆန္ဒလည်းအစောပါနှင့်။ ငြင်သာသိမ်မွေ့ သောတရားအားထုတ်ခြင်းကသာလျှင်မြန်စွာတရားရကြောင်းဖြစ်သည်။



၅။ဘယ်လိုတရားအားထုတ်ရမယ်ဆိုတာကိုအလေးထားပါ။ ဘယ်လိုမျိုးကြုံတွေ့ ရမယ်ဆိုတာကိုဂရုမပြုပါနှင့်။ လွဲမှားလေ့ရှိတာက ယောဂီအများစုသည် ဘယ်လိုပုံစံမျိုှးနှင့်ရှုရမယ်ဆိုတာထက် ဘာတွေတွေ့ ရမယ၊်မြင်ရမယ်၊ဆိုတာကိုအာရုံစိုက်နေတတ်ကြသည်။ အရူခံအာရုံတွေက ဘာတွေဆိုတာထက်

၆ ။မေတ္တာဘာဝနာပွားများပါ။ ကိုယ်နှင့်စိတ်မှာဖြစ်ပေါ်နေတဲ့ နှစ်သက်တဲ့ခံစားမူ(သို့)နာကျင်တဲ့ခံစားမူ၊စိတ်တည်ငြိမ်မူ(သို့)စိတ်ပျံလွင့်မူ၊တက်ကြွနိုးကြားမူ(သို့)အိပ်ချင်ငိုက်မြည်းမူ တွေအားလုံးကို လက်ခံရှုမှတ်နိုင်ရန်ပြင်ဆင်ထားပါ။

၇။ သီအိုရီနှင့်လက်တွေ့ အကျင့်တို့မျှတပါစေ။ သီအိုရီကမြေပုံနှင့်တူပြီး လက်တွေ့ အကျင့်ကတော့လမ်းပြမီးနှင့်တူသည်။ ရတနာရှာဖွေတဲ့အခါ နှစ်ခုစလုံးလိုအပ်ပြီး သင့်လျှော်သလိုအသုံးချရန်ဖြစ်သည်။



၈။ပျော်ရွှင်ချမ်းမြေ့စွာတရားအားထုတ်နှိုင်ကြပါစေ။



ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့်



The path to bliss and wisdom

Ajahn Brahmavamso, Saturday, June 12, 2010



Truth Education

Saturday, June 12, 2010Ajahn Brahmavamso:



The path to bliss and wisdom

The best way to learn about meditation is to practise it, says Ajahn Brahm...

Bangkok, Thailand -- 'Teach what you know," says the old adage. Perhaps a more powerful directive would be to teach what you love. For Ajahn Brahm, the two come together in teaching meditation.

"I love doing meditation. Of all the things I do, meditation is the best. It's what gives you energy. It's also what gives you fun. It's also what gives you the understanding of what Buddhism truly is," said Ajahn Brahm with palpable - and contagious - enthusiasm during a public talk on meditation given in Bangkok recently.

Having first begun meditating while a student of theoretical physics at Cambridge University, the English-born monk later immersed himself more deeply in meditation in the Thai forest tradition as a disciple of renowned master Ajahn Chah. Ordained now for 33 years and currently the abbot of Bodhinyana Monastery in Australia, he has since become a widely respected meditation teacher in his own right and has published a book on meditation entitled Mindfulness, Bliss and Beyond: A Meditator's Handbook.

Bliss is certainly a key element of his teachings - especially as a motivation for people to start meditating. Meditation, Ajahn Brahm emphasizes, actually creates happiness. It leads to inner peace and the experience of the "pure and empowered" mind, which is deeply blissful ("better than sex!" is the catchy tagline he offers).

Moreover, Ajahn Brahm claims that meditation trains one to be happy when off the meditation cushion as well, for once one learns how to be happy from within one can remain at ease regardless of what's going on in the world.

Despite knowing of such benefits of meditation in theory, most people still find it difficult to establish meditation as a regular practice. Often, people make the mistake of approaching meditation like going to the gym to work out, driven by guilt. But if you focus on the happiness that comes from meditation, Ajahn Brahm says, you'll do it because you like to do it, want to do it and actually experience its immediate and long-term benefits. And for those who may be motivated to meditate during times of stress but find laziness sets in when their lives get rosier, he points out that one can practice meditation not just to get rid of acute suffering but to generate even more happiness.

Rather than thinking of meditation as work, Ajahn Brahm explains it as "mental relaxation". When you really know how to relax the mind, meditation becomes fun.

He says cheerfully, "Meditation's not hard. If it's hard, you're missing the point."

So, what is the point? In a word, "stillness".

The Pali word samadhi is often translated generally as "meditation" or more specifically as "concentration", but Ajahn Brahm prefers "stillness" as he feels it is more descriptive of the word's true meaning. It also indicates how to actually reach the state of samadhi - by being still, by not doing anything.

One stops moving in time, into the past or the present, and one stops moving in thought. One rests mindfully in the present moment. One also stops trying to control anything or do anything. "The Doer" is subdued; only "the Knower" remains.

To clarify what meditation is and how to do it, Ajahn Brahm likes to perform a little demonstration. He holds up a glass, with the water in it sloshing from side to side. How can one make the water still? Ajahn Brahm stares intently at the glass and screws his face up with exaggerated effort, intoning, "I'm going to meditate! I'm going to 'concentrate'! I'm going to hold this cup of the water until it is totally still!" He pauses briefly, then asks with mock anxiety, "Is it still yet? Is it still yet?'

"That's the way many people meditate," he chuckles. "The problem is, the water never gets still that way, and people just get frustrated. The way to do it is to put the glass down. At first, the water moves more, but then soon after it gets totally still, like it could never do if you were holding it.

"The same is true for meditation: At first, when you let go, the mind gets more restless. But then it gets still, like it couldn't if you were holding it, trying to make it still. When you put the mind down and let go of all control, meditation becomes so easy."

When the mind is still, it is energised, and that energy gives you joy - this is where the happiness of meditation comes from.

Stillness also leads to insight. Once the mind is still and silent, it automatically sees more clearly. "A tadpole can only know what water is when it becomes a frog and gets out of the water. Similarly, only when your mind is still can you know what thinking is, what all the movement and agitation and craving is," he explains.

Another evocative simile Ajahn Brahm draws on comes from his experiences travelling as a young man in South America. He had been wandering in thick rainforest when suddenly he came upon a huge pyramid. Not having seen the horizon for days, it was a revelation to get to the top of the pyramid. "Suddenly, I could see my whole world laid down in front of me and see this incredible emptiness - infinity - surrounding the noisy jungle," he recalls with wonder.

Deep meditation is like climbing the pyramid above the jungle of our thoughts, our family life, our work life, our world. Only when you rise above it and attain stillness can you see the bigger picture of reality.

Among different schools of meditation, however, varying views exist about how high up the pyramid, or to invert the simile, how deep into samadhi it is necessary to go to develop liberating insight. Some methods emphasize the development of moment-to-moment mindfulness rather than deep meditation.

In particular, some teachers caution against "getting stuck on bliss", particularly that experienced in the deep meditation states called jhanas. For while the promise of bliss through meditation may be appealing to many, it also raises red flags to those practitioners who say they are wary of meditating for "just" relaxation or bliss, being intent on meditating for wisdom.

Of the sometimes vigorous debate, Ajahn Brahm says, "it's wonderful that you can have debate in Buddhism. You're not forced to believe anything." Still, he is forthcoming in offering his views on some common points of contention, subject of course to each individual's own scrutiny and trial.

For one, he is unequivocal in teaching the necessity of developing the jhanas. Ajahn Brahm's book has been called "bold" for plainly putting forth this position and offering vivid descriptions and instructions about the jhanas, which few other books have thus far done. The jhanas may seem esoteric, but Ajahn Brahm says that it is not only monks who can practice them. He reports that many of his lay disciples have also developed them during retreats.

"It's so clear from the teachings of the Buddha that you really need those jhanas," he says. "There has been a distortion of the Buddha's teachings [in saying otherwise]. I'm quite harsh on this point, but it needs to be said."

In his view, the problem is that people, especially in Western countries, can emphasize mindfulness training (in daily life) so much that they do not recognise there are different levels of mindfulness with varying levels of effectiveness in developing higher insight.

He likens weak mindfulness to a teaspoon, "powerful mindfulness" (what he calls the mindfulness produced after developing firm samadhi but prior to jhanas) to a spade, and "superpower mindfulness" (mindfulness produced after the jhanas) to a huge backhoe, in terms of their efficiency in digging a hole or digging oneself out of ignorance, so to speak.

As for the fears of "getting stuck" on bliss, Ajahn Brahm maintains there is no such danger. "You don't get stuck on the jhanas. It is said in the suttas that anyone who indulges in jhanas can only expect one of four results - stream winner, once-returner, non-returner, arahant [the four stages of enlightenment]. If you do 'get stuck on jhanas', what'll happen is you'll be enlightened."

The misgivings some have about jhanas is related to what Ajahn Brahm calls the "Great Debate About Samatha Versus Vipassana". For new meditators, the terms can be confusing as different explanations are given about them. Some traditions hold that samatha (calm) and vipassana (insight) are separate types of meditation, and developing jhanas is "only samatha" and does not result in wisdom. Ajahn Brahm disagrees, saying "the two are indivisible facets of the same process. Calm leads to insight and insight leads to calm."

To tell it as a story, as he is wont to do, a happily married couple, Mr Sam Atha and Mrs Vi Passana, decide to go on a walk up a hill. Sam wanted to go to the top because it was so peaceful up there. Vi accompanied him, but she wanted to go up there for the beautiful view. They also took their little dog called Metta. So Sam, Vi and Metta walked up the hill. The higher they got, the more Metta wagged his tail. When they got to the top, Sam enjoyed the beautiful peace, but as he had eyes, he also saw the amazing view. Vi enjoyed the view, her original purpose, but she could also feel the calm. And Metta was running around happily. In meditation, insight, calm, and compassion always go together.

With all the different and contradictory points of view about meditation that can be confusing, Ajahn Brahm's advice is simple: Start meditating. Then one can figure things out from one's own experience.

"The problem is people read too much and practice too little, argue too much and keep silent too little," he says. "Wisdom never comes from thinking, but from silence."

Tips for meditation

1) Relax - Start by relaxing your body physically, removing any tension in your muscles. Then imagine transferring that same action of relaxing your body to relaxing your mind.

2) Let go - Don't try to gain anything or get rid of anything through your meditation.

3) Do nothing - The more you try to control the mind, the stiffer it becomes and the less suited for meditation. Just do nothing and leave the mind alone and it will become still on its own.

4) Be kind and gentle to yourself - Adopt a kind and gentle attitude in your meditation. Don't be too forceful with your body and mind. Don't try too hard or be too impatient. Gently and softly is the fastest way.

5) Focus on the how, not the what - The trick in meditation is not to focus on what you're experiencing but how you're experiencing it. What's more important than the object of meditation is how you are relating to the object (see number 6).

6) Give unconditional love to every moment - Another dimension of loving-kindness meditation (metta bhavana), in addition to giving unconditional love to yourself and other beings, is giving unconditional love to every moment. Open the door of your heart to whatever you're experiencing in your mind and body, whether it is comfort or pain, calm or restlessness, alertness or torpor, etc.

7) Keep theory and practice in balance - Theory is like a map, practice is like a flashlight. Both are needed to find treasure, but both have to be kept in balance.

8) Enjoy meditation!



အကောင်းဆုံးသောတရားအားထုတ်ပုံသင်ယူနည်းမှာ ကိုယ်တိုင်လေ့ကျင့်ခြင်းပဲဖြစ်တယ်လို့ အာဂျန်ဗြဟ္မာကဆိုပါတယ်။“သိထားတာကိုသင်ကြားဝေငှပါ”လို့ရှေးစကားပုံဆိုထားသည်။ နှစ်သက်မြတ်နိုးတာတွေကိုသင်ကြားပို့ချပါ” ဆိုတာကပိုသင့်လျှော်မှန်ကန်ပါလိမ့်မည်။ အာဂျန်ဗြဟ္မာကတော့ သိနားလည်ထားတာတွေကို နှစ်သက်မြတ်နိုးစွာ သင်ကြားပို့ချပေးသည်။



ကျုပ်ကတော့တရားဘာဝနာမှာနှစ်ခြိုက်မွေ့ လျော်ပါတယ်။



ကျုပ်ကြိုက်တာတွေအားလုံးထဲမှာတရားအားထုတ်ခြင်းကကောင်းဆုံးပါပဲ။တရားအားထုတ်ခြင်းက စိတ်ခွန်အားတွေဖြစ်ပေါ်စေတယ်။ ပျော်စရာလည်းကောင်းပါတယ်။



ဗုဒ္ဓဘာသာ၏ စစ်မှန်တဲ့အနှစ်သာရကို နားလည်နိုင်စွမ်းကိုရရှိစေနိုင်ကြောင်း သူ့ ရဲ့မိန့် ခွန်းထဲမှာထည့်သွင်းပြောကြားခဲ့သည်။



(Credit to dhammaweb)

No comments:

Post a Comment