Thursday, January 19, 2012

ဘ၀ကို ဘာနဲ့ တိုင်းမှာလဲ

“ ဘ၀ရဲ့ အဆင့်အတန်းကို များသောအားဖြင့် အိမ်ရဲ့ အဆင့်အတန်း၊
ကားရဲ့ အဆင့်အတန်း၊ ပစ္စည်းရဲ့ အဆင့်အတန်းနဲ့ တိုင်းတာမိကြတယ်။
အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အဲဒါမျိုး ပိုများတယ်။
Standard of living နှင့်ပဲ ဘ၀ကို တိုင်းတာကြတယ်။
အနောက်နိုင်ငံမှာ ဘုန်းကြီးလည်း နေခဲ့ဖူးပါတယ်။
တခြားနေခဲ့တဲ့ သူတွေကလည်း ပြောကြပါတယ်။
လူတွေရဲ့ စိတ်ဓာတ်ဟာ တော်တော်နိမ့်ကျသွားပြီတဲ့။
မိသားစုချင်းတောင်မှ တကယ်ချစ်ခင်မှု၊ ရင်းနှီးမှု၊ ပွင့်လင်းမှု၊ ရိုးသားမှု၊ စာနာမှု သိပ်မရှိကြတော့ဘူးတဲ့။
The Westerm socicty is breaking heart ပြိုကွဲသွားနေပြီတဲ့။
ဘာကိုလဲ ဆိုတော့ သူတို့ဟာ ရုပ်ကိုပဲ ဦးစားပေးတယ်။
ဘ၀ရဲ့ အဆင့်အတန်းကို ရုပ်နှင့်ပဲ တိုင်းတာကြတယ်။ စိတ်နှင့် မတိုင်းတာဘူး။

တကယ်တမ်း တိုင်းတာကြမယ်ဆိုရင် ဘ၀ကို ဘာနှင့်တိုင်းတာကြရင်ကောင်းမလဲ။
'စိတ်ရဲ့ အရည်သွေးနဲ့ တိုင်းတာကြရမှာပေါ့နော်' ဒီစိတ်နဲ့ လူလုပ်ရတာ။
စိတ်နဲ့ အသက်ရှင်ရတာ။ စိတ်နဲ့ပင် ဘ၀လို့ခေါ်ရတာ။
စိတ်နဲ့ပဲ တိုင်းတာရမှာဆိုတော့ စိတ်ဓာတ်ဘယ်လောက်သန့်ရှင်းလဲ။
စိတ်ဓာတ်ဘယ်လောက် ကျန်းမာသလဲ။ စိတ်ဓာတ်ဘယ်လောက် အားရှိလဲ။ စိတ်ဓာတ်ဘယ်လောက် မြင့်မြတ်သလဲ။
အသိဉာက် ဘယ်လောက်လေးနက်သလဲ။ ရိုးသားမှု၊ ပွင့်လင်းမှု ဘယ်လောက်ရှိလဲ။
ချစ်ခင်မှု၊ စာနာမှု ဘယ်လောက်ရှိလဲ။ ဒါတွေနဲ့ တိုင်းတာသင့်တယ်နော်။

အတိုင်းအတာမှားတော့ လုပ်တာတွေ အကုန်မှားကုန်နေပြီ။
အခု တစ်ကမ္ဘာလုံးပဲနော်။ ဒါတော်တော် အန္တရာယ်ကြီးနေပြီ။
တစ်ကမ္ဘာလုံးပဲ ရုပ်ဘက်ကို အားသန်လာတယ်။ အပျော်အပါးဘက်ကို အားသန်လာတယ်။
ပစ္စည်းရဲ့ Quality ကို ပိုပြီး အထင်ကြီးလာကြတယ်။
စိတ်ရဲ့ Quality ကို မမြင်ရလို့ သူတို့အရေးမပါဘူး လို့ သဘောထားလိုက်သလားပဲ။ ဂရုမစိုက်တော့ဘူး။
ဒါကို လေးလေးနက်နက် စဉ်းစားမယ်။
အဲဒါကြောင့် လောကကြီးက ကြာလေ ပျော်စရာ မကောင်းလေဘဲ။
လူလူချင်း ဆက်ဆံတာတောင်မှ ရိုးသားမှု၊ ပွင့်လင်းမှု၊ စာနာမှု၊ ချစ်ခင်မှု ဆိုတာတွေ မရှိတော့
သိပ်အနှစ်သာရ မရှိတော့ဘူး။ လူလူချင်း တွေ့ရတာကိုက ပျော်စရာ မကောင်းတော့ဘူး”
(ဆရာတော် ဦးဇောတိက)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၃၁၆) - စာအုပ်မှ ကောက်နှုတ်ရေးသားပါသည်။

No comments:

Post a Comment