Friday, January 20, 2012

မှတ်သားစရာ တရား အပိုင်းအစလေးများ (3)

ဣဿာ ၂ မျိုး ***** နှင့် အရေးပါ မုဒိတာ *****

ပညာမဲ့တို့ရဲ့ ဣဿာ နှင့် ပညာရှိတို့ရဲ့ ဣဿာ ....

ပညာမဲ့တို့ရဲ့ ဣဿာက ပေါ်လွင်ထင်ရှားသည် ...
ပညာရှိတို့ရဲ့ ဣဿာက သိမ်မွေ့ နူးညံ့ဧ။် .... မပေါ်လွင်မထင်ရှား ...... ။

မွေးမည့်မွေးလျှင် ကြက်တွေ ဘဲတွေပဲမွေးပါ .... မနာလိုစိတ်နဲ့ ၀န်တိုစိတ်ကိုမမွေးပါနှင့် ... ။
အဘယ်ကြောင့်ဆိုသော် အကုသိုလ်ဖြစ်တာခြင်း .... အပါယ်ကျတာခြင်းတူသော်လည်း ကြက်တွေ ဘဲတွေ မွေးတာက ကြက်ဥ .. ဘဲဥ စားပြီးမှ အပါယ်ကျတာ ..... မနာလိုစိတ်နဲ့
ဝန်တိုစိတ်ကိုမွေးတာကျတော့ ဘာမှမစားရပါဘဲ အပါယ်ကိုကျတာကြောင့်ပါ .... ။

( ၀န်းသိုမြို့ ခန္တီးဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇန )

ကုသိုလ်ဖြစ်တာခြင်းတူသော်လည်း မြန်မာအများစုသည် ကရုဏာကုသိုလ်ကိုသာ ယူတတ်ကြပြီး မုဒိတာကုသိုလ်ကိုမယူတတ်ကြပေ ...... ။

သေချာတွေးကြည့်လျှင် ကရုဏာကုသိုလ်ဖြစ်ဖို့ အတွက် မိမိအိတ်ထဲက စိုက်ထုတ်ရသေးသော် လည်း မုဒိတာကုသိုလ်ဖြစ်ဖို့အတွက်ကား တစ်ပြားတစ်ချပ်မှ မကုန်ခြင်းပင်ဖြစ်ဧ။် .... ။

သို့သော် မြန်မာအများစုသည် ပိုက်ဆံကုန်သော ကရုဏာ ကုသိုလ်သာ ဖြစ်လိုကြဧ။် ...
ပိုက်ဆံမကုန်သော မုဒိတာကုသိုလ်ကား မဖြစ်လိုကြ......
မုဒိတာကုသိုလ်အဖြစ်နည်းသောကြောင့် ယနေ့ မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းပေါကြွယ်ဝ ပါလျှက် နိုင်ငံရေး .... စီးပွားရေး .... လူမှုရေး ...ဘာသာရေးတို့တွင် အောက်ဆုံးအဆင့်သို့ ရောက်နေရခြင်းပင်ဖြစ်ပါသည် ... ။

မေတ္တာရှင် ရွှေပြည်သာ ( အရှင်ဇ၀န )

**********************************************************


" ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား "

" စပ်ပါတယ်ဘုရား.."

" ရက်ရာဇာနေ့မှာလုပ်သော အကုသိုလ်သည် မကောင်းကျိုးကိုမပေးပဲနေပါ့မလား..."

" မနေပါဘုရား.."

" ကံမကောင်းသောသူသည် ရက်ရာဇာနေ့မှာအိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား "

" မချမ်းသာပါဘုရား..."

" မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ "

" ၁၀၀ ရှိပါတယ်ဘုရား..."

" ၄င်း အိမ်ခြေ ၁၀၀ မှာ ရက်မရွေးဘဲ ဆောက်တဲ့အိမ် ပါရဲ့လား "

" မပါ ပါဘုရား "

" ရက်ရွေးပြီးဆောက်တဲ့အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေ ချည်းပဲလား "

" မွဲသော အိမ်တွေသာ များပါတယ်ဘုရား "

" ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်ပါသလား..."

" မပေးနိုင်ပါဘုရား "

" ရက်မရွေးဘဲ မဂ်လာဆောင်တဲ့ လင်မယားရှိရဲ့လား "

" မရှိပါဘုရား "

" လင်မယားတိုင်း မကွဲမကွာနှင့် ချမ်းသာတာချည်းပဲလား "

" မဟုတ်ပါဘုရား..."

" ရက်ကောင်းတွေကိုအားကိုးရတာ အလကားပေါ့ .. "

" အလကားပါဘုရား.."

" ကုသိုလ်ကိုအားကိုးမှ ဗုဒ္ဓ’ဘာသာကွယ့် မောင်စိန်ရဲ့..."

" မှန်ပါ့ဘုရား.."


**********************************************************


" ပြဿဒါးနေ့မှာ ထန်းလျက်ခဲကို စားရင်မချိုဘူးလား "

" ချိုပါတယ်ဘုရား.."

" ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား "

" ဖြစ်ပါတယ်ဘုရား "

" ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့မှာ အကျိုးမပေးသေးဘဲ ဆိုင်းငံ့နေတယ်လို့ဘုရားဟောပါသလား "

" မဟောပါဘုရား "

" ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကို ရဦးမှာလား "

" မရပါဘုရား "

" ကြောက်စရာမဟုတ် အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်လား "

" မှန်ပါ့ဘုရား "

" ဒီလိုဆိုရင် ပြဿဒါးနေ့က ကြောက်စရာမဟုတ် ... အကုသိုလ်သာကြောက်ရမယ်မဟုတ်လား ...အဲ့တာကြောင့် အကုသိုလ်ကိုမကြောက်ပဲ ပြဿဒါးကိုကြောက်နေလျှင် ဗြာဟ္မဏ ဘာသာ ..ပြဿဒါးကိုမကြောက် အကုသိုလ်ကိုကြောက် မှ

ှဗုဒ္ဓဘာသာ လို့မှတ်ကွဲ့ ..."


****************************************************************


" ဗေဒင်တိုင်းသာ သတ္တ၀ါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော် ခုနှစ်ယောက် လည်း တစ်ချိန်တည်း မွေးဖွားကြတယ် ... ဖွားဖက်တော်တို့ရဲ့ ဇာတာခွင် နှင့် သိဒ္ဓတ္ထမင်းသားဧ။် ဇာတာခွင် သည်အတူတူပဲ ...သိဒ္ဓတ္ထမင်းသား.ဘုရားဖြစ်လျှင်

ဖွားဖက်တော်တွေလည်း ဖြစ်သင့်တယ် ... အခုတော့ သတ္တ၀ါတွေ ဖြစ်ကြရတာက ဗေဒင် ဇာတာခွင်အတိုင်းမဟုတ်...ကံကြမ္မာအတိုင်း

သာဖြစ်ကြရသောကြောင့်.သိဒ္ဓတ္ထမင်းသား.့် က ဘုရားဖြစ် ...ကာဠုဒါယီတို့က ရဟန္တာ ဖြစ်ကြရတယ် မဟုတ်လား "


" မှန်ပါ့ဘုရား "


" အဲ့ဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး...ရက်ရာဇာ...ရှမ်းရက် ...တာနောရက်...ကမ္ဘာပျက်ရက်တို့သည် ပညတ်တွေဟုမှတ်...ကောင်းကျိုးဆိုးကျိုးမပေးနိုင် ...ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွဲ့ ...ပညတ်စွဲကွာအောင် ခွာရတာပဲကွယ့် မောင်စိန်ရဲ့...."


" မှန်ပါ့ဘုရား .."


****************************************************************



ဘုရားဟောထက် ဗေဒင်ကို ယုံသူတွေ နမန္တာကျမ်းကို ယုံသူတွေ များပါတယ်....တနှစ်ခေါက် ထုတ်တဲ့ သက်ြန်စာမှာဗြဟ္မာမင်းကြီးက

ှုဦးခေါင်းပြတ်ကြီးကို နတ်သမီးများတစ်ယောက် လက်က တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား ...မြတ်စွာဘုရားက နတ်ဗြဟ္မာတို့ဧ။် ခန္ဓာကိုယ်သည် ကမ္မဇ ရုပ်တွေချည်းမို့ သေလျှင် မီးတောက် သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ် ....


ဗေဒင်က ယခုအထိ ခေါင်းပြတ်ကြီးဟာ မပုပ်သေးဘူး...မြန်မာပြည်ကယုံကြည်လက်ခံနေသမျှ ပုပ်မှာမဟုတ်ဘူးကွယ့်....


ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာန ထားသကွဲ့ ....

မြတ်စွာဘုရားက ကုသိုလ် အကုသိုလ်ကို ပဓာန ထားသကွဲ့ ....

ဗေဒင်က မဟာဘုတ်ကို အဓိကထား ၍ထူသကွယ့်....

မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွယ့် ....

ကဲ ...မဆန့်ကျင်ပါလား ...မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကို ယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့....


မြတ်စွာဘုရားဟောက " သဗ္ဗေကမ္မသကာသတ္တာ ၊ ကမ္မံသတ္တေ ၀ိဘဇ္ဖတိ " တဲ့....

ကဲ...ဘယ်မှာလဲကွယ်....နဂါးခံတွင်း ကျရင် ပျက်စီးတတ်တယ်လို့လဲမပါ....မသာကိုစုန်ချရင် တစ်လောင်းနဲ့ ကိစ္စမပြီးတတ်ဘူးလို့လဲ

မပါ.....အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင်ပျက်ဆီးတတ်တယ်လို့လဲမပါ....ဓမ္မာ..သောက...အင်းဝ..ရာဇာ ကျလို့ပျက်ဆီးတာလည်းမပါ....တနဂ်နွေ...တနလာ်..အဂ်ါ...ဆိုတာတွေဟာ ပညတ်သက်ေတတွေပဲ...လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး...အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်


ဒီတော့ အကုသိုလ် ဆိုရင် မြွေဆိုး ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကံကို က္ကုစ္ဆာသယပတ္တမြားကဲ့သို့ သဘောထား

ကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မဟုတ်လား......


ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဥာဏ


ဆရာ မင်းနန် ( မော်ကျွန်း) ဧ။် ဆရာတော်ကြီးများဧ။် သြ၀ါဒတော်များ ပေါင်းချုပ်မှ ထုတ်နှုတ်တင်ပြ အပ်ပါသည် ရှင် .

*****************************************************

ပွဲကျ ..... စွဲကြ........တကယ်ပဲမထချင်သလို....လို.......
အစအဆုံး တစ်ညလုံး နေလို.........
ဘုရားအကြိုက် တရားစိုက်တော့ ......
ခါးကိုက် သလိုလို .........
သြော် ..... အကျိုးမဲ့ .... ဆိုးတဲ့ ..... ဟောဒီ့ကိုယ် .....။


အရပ်စကား ... ဇာတ်စကား ...တဟားဟား နေလို......
သူ့အတင်း.....ငါ့အတင်း......ခုမငြင်းပြောဆို ........
ဘုရားစကား .....တရားစကား ......နားခါးသလိုလို ......
သြော် .... အကျိုးမဲ့ .... ဆိုးတဲ့....ဟောဒီ့ကိုယ် .... ။


ပျော်ပွဲရွှင်ပွဲ .... နင်ပဲခေါင်ဗိုလ် .....
သူမရ .... ငါမရ .... တိုးကြရှေ့ကို .....
တရားကျ ... အနားမကြွ .... အဖျားကချောင်ခို .....
သြော် ... အကျိုးမဲ့.....ဆိုးတဲ့ ဟောဒီ့ကိုယ် ...........။


မင်းသမီး .. .မင်းသား.....သီချင်းသားဘယ်လို ..........
ရယ်လုံး ... ပြက်လုံး ... .တစ်သက်လုံးမမေ့သကို ......
ဟောသမျှ ပြောသမျှ .....သောတမနာလို ...........
သြော် ......အကျိုးမဲ့ ..... ဆိုးတဲ့ ..... ဟောဒီ့ကိုယ် ........ ။

အမရပူရမြို့ ( ပထမ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး )

*******************************************************


**** တရားသဖြင့်နေထိုင်သူ .. ****

ကိုယ်မလိုချင်တာ သူများကိုလုံးဝမပေးပါနှင့် ... ~
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ .....
ကိုယ်ပေးထားတဲ့အတိုင်း ပြန်ရပါလိမ့်မယ် .... ။

( တောရ ဆရာတော်ကြီး )

ကိုယ်တွေ့ ကြုံ ခံစားရတဲ့အခါ
" ဒါကတော့ သက်သက်မတရားတာပဲ .. ကျေကိုမကျေနပ်ဘူး " ဆိုတာမျိုးကို
သူများကိုလုံးဝ မပေးမိအောင်နေပါ .. ။ အဲ့ဒါဆို မတရားမှု ကင်းပြီး အသက်ရှင် နေထိုင်သူ
ဖြစ်မယ် ... ။

ကိုယ်တွေ့ ကြုံ ခံစားရတဲ့အခါ
" ဒါမျိုးတော့ တရားတယ် ... မျှတတယ် .. ၀မ်းသာ ကျေနပ်စရာကောင်းတယ် "
ဆိုတာမျိုး သူများကို ပေးနိုင်သလောက်ပေးပါ .. ။ ဒါဆိုရင် လောကမှာ တရားသဖြင့် အသက်ရှင် နေထိုင်သူဖြစ်ပြီ တဲ့ .. ။

မြတ်ဗုဒ္ဓ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ် ..
" ပြုလုပ်ပိုင်ခွင့် " နဲ့ .. " ခံစားခွင့် "
( ကံ နဲ့ ကံဧ။် အကျိုး ) ဖြစ်ပါတယ် .. ။
ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါးအသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရပါလိမ့်မယ်
ခံစားချိန်ရောက်မှ ငြင်းပယ်ခွင့်မရှိပါဘူး .. ။
ပြုလုပ်ပိုင်ခွင့်ကို ကောင်းကောင်းမွန်မွန်အသုံးချသူဟာတော့ ခံစားခွင့်ကို လဲကောင်းကောင်းမွန် မွန် ရရှိမှာ ဖြစ်ပါတယ် .. ။ တောင့်တနေစရာ မျှော်လင့်နေစရာ ကို မလိုအပ်ပဲနဲ့ပေါ့ .. ။

ဒါဟာ ကမ္မသကတ လမ်းစဉ်အမှန်ပဲ ဖြစ်ပါတယ် ...
သတိထားအသိပွားပြီး တရားသဖြင့် အသက်ရှင်နေထိုင်သူများ ဖြစ်နိုင်ကြပါစေ လို့ .. ဘုန်းဘုန်း ဓမ္မဘေရီ အရှင် ၀ီရိယ ( တောင်စွန်း ) ဆရာတော် က ရေးသားထားတာလေးတွေကို ဒို့ရုပ်ရဲ့ ... ဓမ္မမိတ်ဆွေတွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ရပါတယ် ရှင် ..

********************************************************


ရွှေဆိုတာ ငရဲမီးနဲ့ တို့လို့ မစား ....
မီးဖုတ်လို့ မမဲ .... ~
တူထုလို့ မကွဲ ....
နန်းဆွဲလို့ မပြတ်ရဘူး .......
ဒီစမ်းသပ်ချက်တွေကို မခံနိုင်ရင် ရွှေရည်မပြည့်တဲ့အတွက် ရွှေမစစ်ဘူး .... ။

လူတိုင်းကြုံတွေ့ ရမဲ့လောကဓံဆိုတာလဲ .. ငရဲမီးလိုပဲ .. စားလဲစားတတ်တယ် ...
မီးလိုလဲပူတတ်တယ် ...
ထူနဲ့ထုခံရသလိုလဲ ပြင်းထန်မယ် .. ~
နန်းဆွဲပေါက်ထက်လဲ ကျဉ်းချင် ကျဉ်းမယ် ......
ဒီစမ်းသက်ချက်တွေကို မခံနိုင်ရင်တော့ .. .
" လူရည်မပြည့်ဘူးလို့ပဲ " ဆိုရလိမ့်မယ် .....

ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )
မထေရ်မြတ်တို့ စကားဝိုင်း ( ၃ ) မှ ထုတ်နှုတ်မျှဝေပါတယ်ရှင် ..


Shared from Doh Yote

No comments:

Post a Comment