Thursday, January 5, 2012

ပဋိစ္စသမုပါဒ် စက်ဝိုင်း လင်္ကာကဗျာ

အ၀ိဇ္ဇာ နှင့် တဏှာ ရင်းခံ.. ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင် မှ မျိုး၊ မျိုး မှ အပင်၊ အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန် ဖြစ်ပြန်နည်းအလျော်။

ဗြဟ္မာသိကြား စသည်များက၊ ထင်ရှားပြုပြင် စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ သတ္တ၀ါတို့၊ ဖြစ်လာရမှု မဟုတ်ဟု၊ ဥာဏ်ဖြင့် ရှု၍မျှော်.......


မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။ ။








No comments:

Post a Comment