Sunday, January 8, 2012

ဝိပဿနာ ရှုပုံရှုနည်း

ဝိပဿနာ ရှုပုံရှုနည်း

ဒကာ, ဒကာမတွေ သိကြားမင်းအကြောင်း မဟောခင် ၀ိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ် - (မှန်လှပါဘုရား)၊ ၀ိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။

ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊

ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။

ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊... အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။

ထွက်တာသိ ၀င်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ် - (မှန်လှပါဘုရား)၊ ထွက်တာသိ ၀င်တာသိ ဖြုတ်ပြီးအောင့်တဲ့ နေရာကလေးကို ဥာဏ်က လှည့်လိုက်၊ သြော် - ဒါဖောက်ပြန် တာပါလား၊ အင်း - ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး။ ခုမှ ဒီနေရာလေးက အောင့်လာတယ်။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာကလေးက ပျက်စီးသွားတယ်။

ထွက်တာသိ ၀င်တာသိ လုပ်နေတုန်း တစ်နေရာက ဘာဖြစ်လာသတုံး - (အောင့်လာပါတယ် ဘုရား)၊ အောင့်တဲ့အခါကျတော့ ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ - (မှန်လှပါဘုရား) အောင့်တဲ့နေရာ ကလေး ဥာဏ်လှည့်လိုက်ပါ - (မှန်လှပါဘုရား) အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ၊ ခြေသလုံးက အောင့်ရင် ခြေသလုံး၊ ပေါက်ကအောင့်ရင် ပေါင်၊ ခါးကအောင့်ရင် ခါး၊ နောက်ကျောအောင့်လို့ရှိရင်လဲ အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ။

အဲဒါ ကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကိုသဘောမှ ဖောက်ပြန်လာတာ။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေးကို ဒကာသစ်, ဒကာကြွယ်, ဦးလှဘူးတို့က ဥာဏ်လှည့်လိုက်ပြီဆိုမှဖြင့် ဥာဏ်ပေါ်နေတဲ့ အတွက် သတ္တ၀ါသန္တာန်မှာ အောင့်တဲ့စိတ်ကလေးက ချုပ်သွားပြီး ဥာဏ်စိတ်ကလေးက ပေါ်နေတယ်။ ဥာဏ်စိတ်ကလေး ပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီးသကာလ ပျက်စီးသွားတာ တွေ့ပါလိမ့် မယ်၊ ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ရပါလိမ့်မယ်။

ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါနော် - (မှန်လှပါဘုရား)။

အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ၊ အနိစ္စဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခသစ္စာဆိုလဲ ဟုတ်တာပဲ။ သြော် - ဒါက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါ ဒီနေရာကလေးက အောင့်တာကလေးက ပျောက်သွားလို့ ဟိုနေရာက အောင့်လာပေါ်လာတယ်။ ဟိုစိတ် ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်။ အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲ ရှိ,မရှိ ကြည့်ပေးပါ။ ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကြည့်တဲ့ဥာဏ် ပေါ်လာလို့ ရှိရင်ဖြင့် သတ္တ၀ါသန္တာန် နှစ်စိတ်မပေါ် ကောင်းတဲ့အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်, ဒကာသစ်တို့ ဖြစ်ပြီး ပျက်သွားတယ် - (မှန်လှပါဘုရား)၊ သူလဲ ခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာ ဘာသစ္စာ ခေါ်ကြမလဲ - (ဒုက္ခသစ္စာပါဘုရား)။

အင်း … ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာလို့ အောက်မေ့ကြပါ (မှန်လှပါဘုရား)၊ ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ လှည့်လိုက်ပြီး သကာလနေတော့ အသိခံတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာဆိုတော့ သြော် - ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် … သိနေတဲ့ မဂ္ဂသစ္စာရယ် … ။

ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလနေတော့ သမုဒယသစ္စာဆိုတဲ့ လောဘက ချုပ်ငြိမ်းရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘ တဏှာချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် မချုပ်ဘူးလား - (ချုပ်ပါတယ်ဘုရား)။

ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘ၀ လာလတ္တံဖြစ်တဲ့ ပဋိသန္ဓေနေမှု အိုမှု သေမှုရော … (ချုပ်ပါတယ်ဘုရား)။

သြော်…ဒါ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ ဒကာကြွယ်, ဒကာသစ်တို့, ဦးလှဘူးတို့က မေးလို့ရှိရင်ဖြင့် ဖောက်ပြန်ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာဆိုတာ သေချာပြီလား … (သေချာပါတယ်ဘုရား)။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ၀ိပဿနာရှုဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့ အလုပ်လို့ မှတ်လိုက်စမ်းပါ - (မှန်လှပါဘုရား)၊ ၀ိပဿနာအလုပ်ဆိုတာ ဘာပါလိမ့် - (ခန္ဓာကိုယ် စောင့်ကြည့်တဲ့ အလုပ်ပါဘုရား)။

ဒါကြောင့် “ကာယမိမံ သမ္မသထ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊ စောင့်ကြည့်ပြီး သုံးသပ်စမ်းပါကွာ၊ ရှင်သာရိပုတ္တရာက မှာရှာတယ်၊ ခန္ဓာကိုယ်ကြီး စောင့်ကြည့်ပြီး သုံးသပ်စမ်းပါ၊ ဆင်ခြင်စမ်းပါဆိုတော့ ဖြစ်ပျက်မဂ် မလာပေဘူးလား - (လာပါတယ်ဘုရား)။

ပျက်စီးသွားတာဖြစ်ပျက်၊ စောင့်ကြည့်တာ - (မဂ်ပါဘုရား) သြော် - မဂ်ဆိုတာက ဒကာ, ဒကာမတို့ စောင့်ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ - (မှန်လှပါဘုရား)။

စောင့်မကြည့်ရင် … (မရပါဘုရား)၊ မရဘူး၊ ရှာရင်တော့မရဘူး၊ စောင့်ကြည့်ရင်တော့ - (ရပါတယ် ဘုရား)၊ တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူးတဲ့။ အဖမ်းတော့ မြန်သလို မိလိန္ဒပဥှာက စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ် … (မှန်လှပါဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အိမ်ရောက်လို့ရှိရင် ဘုန်းကြီးပြောတဲ့အတိုင်းသာ လုပ်ကြစမ်းပါ။ ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့ စောင့်ရမလဲဆိုတော့ ရှုမှုလေး မှန်မှန်ရှု, ရှိုက်မှုလေး မှန်မှန် ရှိုက်၊ ရှိုက်ရာကမှ အထူးတရားလေး ပေါ်လာလို့ရှိရင် သြော် … ဒါ ၀ိပရိနာမလက္ခဏာ ဒုက္ဒသစ္စာပါလားလို့ စောင့်ကြည့်လိုက် …(မှန်လှပါဘုရား)။

ဒါဖြင့် ၀ိပရိနာမလက္ခဏာ ဒုက္ခသစ္စံက ဒုက္ခသစ္စာ၊ စောင့်ကြည့်တာကလေးက (မဂ္ဂသစ္စာပါဘုရား)၊ သေတာက သမုဒယသစ္စာ၊ နောက် ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓဆိုတော့ သြော် … တို့ သစ္စာ အလုပ် လုပ်နေပါကလား ဆိုတာ ပေါ်မလာဘူးလား … (ပေါ်လာပါတယ်ဘုရား)။

သြော် … ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ အားလုံး တရားနာတဲ့ ဒကာ,ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် … (မှန်လှပါဘုရား)။

ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့် (စောင့်ကြည့်တဲ့အလုပ်ပါဘုရား)၊ စောင့်ကြည့်တဲ့အလုပ်ဆို တော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူးဘုရား ဆိုရင် စောင့်မကြည့်လို့သာ မှတ်ပေတော့ … (မှန်လှပါဘုရား)။

စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊ ဒီနေရာကပြ လိုက်နဲ့ ပြတဲ့နေရာကိုပဲ စောင့်ကြည့်နေတဲ့အခါကျလို့ရှိရင

် ပြတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက … (သမုဒယသစ္စာပါဘုရား)။

နောက် ခန္ဓာမလာတာက … (နိရောဓသစ္စာပါဘုရား)၊ နိရောဓသစ္စာဆိုတာ သြော် … တို့တစ်တွေ သစ္စာလေးပါးအလုပ် လုပ်နေပါကသလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

ဒကာကြွယ်ရေ … ဒကာကြွယ်တို့ လုပ်တော့လဲ စောင့်ကြည့်ရတယ်မဟုတ်လား … (မှန်လှပါဘုရား)၊ လိုက်ဖမ်းရင် မိပါ့မလား (မမိပါဘုရား)။

အေး … ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ စောင့်ကြည့်လို့ရှိရင် ခန္ဓာကိုယ်ကြီးက ပင်ကိုက အနာ ခန္ဓာကိုယ်ကြီးကိုး … (မှန်လှပါဘုရား)။

အနာတွေပဲ မပြရပေဘူးလား … (ပြပါတယ်ဘုရား)၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့ ဒီအနာခန္ဓာတွေကလဲ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်နဲ့ ပြနေတော့ သြော် … ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာပါလားဆိုတာ အခုအချိန်မှာ ဥာဏ်ထဲမှာ ပေါ်လာတယ် … (မှန်လှပါဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့ မဂ်ဥာဏ်, ဖိုလ်ဥာဏ် ရပါတယ် … (မှန်လှပါဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ ကိလေသာ မခိုရင် … (ခုနစ်ရက်နဲ့ ရနိုင်ပါတယ်ဘုရား)၊ ဒကာကြွယ် မမြန်လား (မြန်ပါတယ်ဘုရား)။

ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာလားလို့ဆိုတော့ သတိပဋ္ဌာန် ပါဠိတော်မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ, ဒကာမတွေ စောင့်ကြည့်တဲ့အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည်ရပါတယ်ဆိုတာ သဘောကျပလား … (ကျပါတယ်ဘုရား)။

သြော် … ဒါဆို ၀ိပဿနာဆိုတာ အားစိုက်ရှုရတာလား၊ ဒကာ, ဒကာမတို့ စောင့်စားပြီး ရှုရတာလား … (စောင့်စားပြီးရှုရပါတယ်ဘုရား)၊ သေသေချာချာ ပြောနေပါတယ် ဒကာ, ဒကာမတို့ … (မှန်လှပါဘုရား)၊ လေးလေးစားစားနဲ့ မှတ်စမ်းပါ (မှန်လှပါဘုရား)။

လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့်စရာ မရှိလို့ရှိရင်ဖြင့် သြော် … လေကလေးထုတ်တဲ့ စိတ်ကလေးလဲ ထုတ်ပြီး ပျက်တာပဲ … (မှန်လှပါဘုရား)။

လေကလေး ပြန်သွင်းတဲ့စိတ်ရော … (သွင်းပြီး ပျက်ပါတယ်ဘုရား)၊ အဲဒါကလေး ဘယ်ကမှ မရှိတော့ဘူးဆိုရင် သူပြန်ထိုင်လိုက် … (မှန်လှပါဘုရား)၊ သဘောကျပလား … (ကျပါတယ်ဘုရား)။

ဟာ … သူ့ပြန်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယားသလို, ဒီနေရာကအောင့်သလို၊ ဒီနေရာက ကောင်းသလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် … (မှန်လှပါဘုရား)၊ ခုနင်က ယားတဲ့နေရာ ကောင်းတဲ့ နေရာတွေ လှည့်လည်ပြီး သြော် … ဒါတွေ ဒုက္ခသစ္စာပါလား၊ ဒါတွေ ဒုက္ခသစ္စာပါလားလို့ ရှုပါ … (မှန်လှပါဘုရား)။

ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခရောက်တာပဲ … (မှန်လှပါဘုရား)၊ ဆိုတဲ့စိတ် ကလေးလဲ ဖြစ်ပြီး ပျက်တော့ … (ဒုက္ခရောက်ပါတယ် ဘုရား)၊ အလယ်အလတ် စိတ်ကလေးလဲ ဖြစ်ပြီး ပျက်တော့ … (ဒုက္ခရောက်တာပါပဲဘုရား)။

အဲဒီ ဒုက္ခသစ္စာတွေချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာလို့ ဒကာ, ဒကာမတွေ ကြိုးစားနေကြမယ် ဆိုလို့ရှိရင် ကြာတော့ ဒုက္ခသစ္စာ တွေ့တာက ဘုရားက …

“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ ဟောသောကြောင့် ခန္ဓာငါးပါးစလုံး ပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့ ဒကာကြွယ်, ဒကာသစ်တို့ ဒုက္ခသစ္စာပဲပြတယ် … (မှန်လှပါဘုရား)။

အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် သြော် … လူ့ဘ၀ရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိမလာပေဘူးလား … (သိလာပါတယ်ဘုရား)၊ လူ့ဘ၀ရတာ ဘာရတာပါလိမ့် … (ဒုက္ခသစ္စာကြီး ရတာပါ ဘုရား)၊ ဒုက္ခသစ္စာကြီး ရတယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား)။

အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကို ပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား, ဒီကနာ၊ ဒီကအောင့်, ဟိုကကိုက်၊ ဒီကခဲ, ဟိုက တစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာတာ ဟူသရွေ့ ပျောက်တာပဲတွေ့ရ၊ စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား … (တွေ့ရပါတယ်ဘုရား)။

ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေ

းရင် ဘယ့်နှင်ဖြေကြမလဲ … (စောင့်ကြည့်ရပါတယ်ဘုရား)၊ စောင့်ကြည့်တာပဲတဲ့၊ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဥာဏ်က မဂ္ဂသစ္စာ၊ အကြည့်ခံရတာက … (ဒုက္ခသစ္စာပါဘုရား)၊ ကြည့်ဥာဏ်က … (မဂ္ဂသစ္စာပါဘုရား)၊ မဂ္ဂသစ္စာဆို တော့ သြော် … မဂ်ဟာ ဆုတောင်းအလုပ်လား၊ စောင့်ကြည့်တဲ့ဥာဏ်အလုပ်လား … (စောင့်ကြည့်တဲ့ ဥာဏ်အလုပ်ပါဘုရား)။

စောင့်ကြည့်တဲ့ ဥာဏ်အလုပ်လို့ ဒကာ,ဒကာမတွေက အသိကြီး သိလာပြီဆိုမှဖြင့် သြော် … ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပလားဆိုတာ ပေါ်ပါလိမ့်မယ် … (ပေါ်လာပါတယ် ဘုရား)၊ သုခကြားမညှပ် … (ဒုက္ခသစ္စာ တရစပ်ပါဘုရား)၊ ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူး လား … (ပေါ်လာပါတယ်ဘုရား)။

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် … ဒုက္ခသစ္စာကြီးပါလား၊ သုခဆိုတာ ဘာမှ မပေါ်လာပါ လားဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့လာပါလိမ့်မယ် … (မှန်လှပါဘုရား)၊ ဒါဖြင့် ဖြစ်ပျက်မြင်တာသည် ယထာဘူတဥာဏ် … (မှန်လှပါဘုရား)၊ ဖြစ်ပျက်ဒုက္ခသစ္စာကြီး မုန်းလာတာသည် …(နိဗ္ဗိန္ဒာဥာဏ်ပါဘုရား)။

ကြာတော့ ဥာဏ်ကထက်ထက်၊ ထက်ထက်, ထက်ထက်ပြီး ကြည့်ပါများလာတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ၌တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ မနေချင်တဲ့ဥာဏ် မလာပေဘူလား … (လာပါတယ်ဘုရား)။

မနေချင်တဲ့ဥာဏ် လာတဲ့အခါကျတော့ ခုနင်က ဒုက္ခတွေ အကုန်ပျောက်သွားပါလိမ့်မယ် … (မှန်လှပါဘုရား)၊ မနေချင်တဲ့ ဥာဏ်လာတော့ ဘာတွေပျောက်သလဲ - (ဒုက္ခတွေ ပျောက်ပါတယ်ဘုရား)၊ ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက … (မဂ္ဂသစ္စာပါဘုရား)။

မဂ္ဂသစ္စာဆိုတော့ မဂ်စစ် ပေါ်လာလိမ့်မယ်၊ (မှန်လှပါဘုရား)၊ ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊ ဒုက္ခတွေ့ရင် ၀ိပဿနာမဂ်ပေါ်လိမ့်မယ် … (မှန်လှပါဘုရား)၊ ဒုက္ခတွေ့ရင် … (၀ိပဿနာမဂ် ပေါ်လိမ့်မယ် ဘုရား)။

ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့် ဘာပေါ်လာမလဲ … (မဂ်စစ်ပေါ်လာလိမ့် မယ်ဘုရား)၊ မဂ်စစ်ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … (မှန်လှပါဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … (မှန်လှပါဘုရား)၊ မရှိမှန်းသိတာက … (မဂ္ဂသစ္စာပါဘုရား)။

အဲဒီကျအောင် စောင့်ကြည့်ရင်းမတ္တနဲ့ ဆုံးသွားအောင် လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿထ” ဒုက္ခဿ၊ ဒုက္ခ၏။ အန္တတံ၊ အဆုံးကို။ ကရိဿထ၊ မဂ်ဥာဏ်က မျက်မှောက်ပြုလိမ့် လတ္တံလို့ ရှင်သာရိပုတ္တရာကလဲဟော၊ ဘုရားကလဲဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့အလုပ် လုပ်စမ်းပါ … (မှန်လှပါဘုရား)။

ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ် … (မှန်လှပါဘုရား)၊ ဖြစ်ပျက်တွေ လာသရွေ့ကို (စောင့်သာကြည့်ရပါတယ်ဘုရား)၊ စောင့်ကြည့်ပါ၊ ဒီ့ပြင် ဘာမှမလုပ်ပါနဲ့၊ စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ ဒကာကြွယ်တို့, ဦးလှဘူးတို့ စိပ်လာလိမ့်မယ် … (မှန်လှပါဘုရား)။

စိပ်လာပြီဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် … အသေတယ်များပါကလား၊ သြော် … ဒုက္ခတွေ တယ်များပါလား၊ သြော် … ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများကိုယ်က ဒုက္ခများတယ်လို့သာ မြင်အောင်ကြည့်နေ … (မှန်လှပါဘုရား)၊ ကြာတော့ သြော် … ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲ … ဒီကဲ့သို့ ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲ မသာယာ၊ အဖြစ်ရော… (မသာယာပါဘုရား)၊ အပျက်ရော … (မသာယာပါဘုရား)။

မသာယာပါဘူးတဲ့။ ထိုကဲ့သို့ မသာယာတဲ့အခါကျတော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲချုပ်တာပဲ … (မှန်လှပါဘုရား)၊ သာယာတဲ့ ဒိဋ္ဌိလဲ ချုပ်ပါရော … (ဖြစ်ပျက်လဲချုပ်တာ ပါဘုရား)၊ ဖြစ်ပျက်လဲ ချုပ်သွားတာပဲဆိုတော့ ဖြစ်ပျက်ချုပ်တာ နိဗ္ဗာန်၊ ချုပ်မှန်းသိတာ မဂ်ဥာဏ်၊ ဖြစ်ပျက် ချုပ်တာက … (နိဗ္ဗာန်ပါဘုရား)၊ ချုပ်မှန်းသိပြီဆိုတာက … (မဂ်ဥာဏ်ပါဘုရား)။

သြော် … ဒါဖြင့် ဒကာကြွယ်တို့, ဒကာဦးလှဘူးတို့, ဒကာသစ်တို့ နိဗ္ဗာန်ဝေးသလား … နီးသလား … (နီးပါတယ်ဘုရား)၊ နီးလျက်နဲ့ မရောက်တာ ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့ အလုပ်လဲ မလုပ်ဘူး … (မှန်လှပါဘုရား)၊ စောင့်ကြည့်တဲ့အလုပ်ကို … (မလုပ်ပါဘုရား)။

ဒါကြောင့် ခင်ဗျားတို့သည် သံသရာထဲမှာ ငရဲအိုးတွေကလဲ ငရဲမီးတွေတောက်ပြီး တပွတ်ပွတ် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘက မချုပ်တာတဲ့။ ဒကာ,ဒကာမတို့ တဏှာ ကနေပြီး ငရဲအိုးကို ဖန်တီးနေတယ် … (မှန်လှပါဘုရား)။

ဒိဋ္ဌိကနေပြီး ငရဲအိုး ဖန်တီးနေတာ … (မှန်လှပါဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ကတော့ တရားနာ လျက် ဒုက္ခက မချုပ်တော့ကို နောက်တဏှာက ကျန်မနေဘူးလား … (ကျန်နေပါတယ်ဘုရား)။

နောက် တဏှာကျန်တော့ တဏှာက ဘယ်ခန္ဓာလုပ်ရပါမလဲဆိုပြီး အချိုးကျ သူက စီမံနေတယ် … (မှန်လှပါဘုရား)၊ အချိုးကျ စီမံပြီးသကာလ နေတော့ တဏှာက ငရဲသွားတဲ့ တဏှာလဲရှိတယ်၊ သုဂတိသွား တဲ့ တဏှာလဲရှိတယ် … (မှန်လှပါဘုရား)။

အဲဒီကဲ့သို့ တဏှာက အမျိုးမျိုး အဖုံအဖုံ စုတိစီမံလိုက် ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာမချုပ်လို့ ဖြစ်ရတာ … (မှန်လှပါဘုရား)၊ ဒိဋ္ဌိမချုပ်လို့ … (ဖြစ်ရတာပါဘုရား)။

ဝိစိကိစ္ဆာမချုပ်လို့ … (ဖြစ်ရတာပါဘုရား)၊ အခုတော့ဖြင့် ဒကာ, ဒကာမတွေ စောင့်ကြည့်ဖြစ်ပျက် မြင်ရင် ယထာဘူတဥာဏ်၊ ဖြစ်ပျက်မုန်းရင် … (နိဗ္ဗိန္ဒဥာဏ်ပါဘုရား)။

ဖြစ်ပျက်တွေများ ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ, ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူးလို့၊ လိုချင်စရာ ရချင်စရာ ဘာမှ မရှိဘူးလို့ ဒီခန္ဓာကို ဆုံးဖြတ်ချက်ချလို့ရှိရင်လဲ အဲဒါ … ဒုက္ခသစ္စာ ပိုင်းခြားသိတာပဲ … (မှန်လှပါဘုရား)။

ထိုကဲ့သို့ ပိုင်းခြားသိလိုက်တဲ့ အခါကျလို့လိုရင် ဒုက္ခတွေ ဒကာကြွယ် ဘာဖြစ်သွားသလဲ … (ချုပ်သွားပါတယ်ဘုရား)၊ ဒုက္ခတွေ ဆုံးသွားတယ် … (မှန်လှပါဘုရား)။

ဒုက္ခဆုံးတာ ဘာခေါ်ကြမယ် … (နိဗ္ဗာန်ပါဘုရား)၊ ဆုံးပေါ့လို့ သိတာက … (မဂ်ဥာဏ်ပါဘုရား)။

သြော် … ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ နိဗ္ဗာန်သည် ခန္ဓာအဆုံး ရှိတယ်ဆိုတာ ယနေ့ တစ်ထစ်ချ မှတ်ဖို့ … (မှန်လှပါဘုရား)။

နိဗ္ဗာန်သည် အထက်မှာရှိသလား၊ အောက်မှာရှိသလား၊ ဘေးမှာရှိသလားလို့မေးရင် ဘယ့်နှယ်ဖြေ ကြမလဲ … (ခန္ဓာအဆုံးမှာ ရှိပါတယ်ဘုရား)။

အဲ … ခန္ဓာဆိုတာ ဖြစ်ပျက်ပဲ … (မှန်လှပါဘုရား)၊ အဲဒီ ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတာ ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့်တဲ့ အပါယ်လေးပါး တံခါးတွေတင် မဟုတ်ပါဘူး၊ ငရဲမီးငြိမ်း၍ ငရဲအိုး သိမ်းပါတယ်ဆိုတာကို ကိုယ့်ဥာဏ်က မဂ်ဥာဏ်ကနေ သိမ်းလိုက်တယ် လို့ ဆုံးဖြတ်ချက်ချလိုက် … (မှန်လှပါဘုရား)။

ဘယ်သူက သိမ်းတာပါလိမ့် … (မဂ်ဥာဏ်က သိမ်းတာပါဘုရား)၊ ဒကာကြွယ် ရှင်းပြီလား … (ရှင်းပါပြီဘုရား)၊ သဘောပါပလား … (ပါ, ပါတယ်ဘုရား)၊ ဒါက အလုပ်စဉ်ကလေး ရှေ့ပိုင်းကပြတာပါ။

ဒကာ ဒကာမတို့ ရှင်းပေပါတော့မယ်ဆိုတော့ နှလုံးသွင်းမှန်မှုကလေး ရှင်းမယ်နော် (မှန်လှပါ ဘုရား)။

ကိုင်း … ဒကာ ဒကာမတို့ နှလုံးသွင်းမှန်မှု ဆိုတာတော့ဖြင့် ဒကာ ဒကာမတို့ အလုပ်ထိုင်မှပဲ နှလုံး သွင်းမှန်လာတယ် (မှန်ပါ့)၊ အလုပ်မထိုင်ဘဲနဲ့ သားရေး, သမီးရေး စီးပွားရေးကြားထဲမှာတော့ နှလုံးသွင်းမှန် မှု မလာဘူး (မှန်ပါ့)။

ကဲ … ဒါဖြင့် ဒကာဒကာမတွေက ပထမရှေးဦးစွာ အိမ်မှာလုပ်လုပ်၊ ကျောင်းမှာပဲ လာလုပ်ကြ လုပ်ကြပေါ့ဗျာ၊ ခင်ဗျားတို့ အကုန်လုပ်နေကြတာပဲ၊ သိပြီးသားတွေပဲ။



ရှေးဦးစွာ သမာဓိတည်အောင်လုပ်

ရှေးဦးစွာ လေကလေးထွက်တာသိ ၀င်တာသိပြီး သမာဓိတည်အောင် နည်းနည်းကလေး ၁၅-မိနစ်၊ မိနစ်-၂၀ လောက်လုပ်ကြည့်လိုက်နော် (မှန်ပါ့)၊ မလုပ်သေးတဲ့ ပုဂ္ဂိုလ်အတွက် ပြောတာပါ(မှန်ပါ့)၊ လုပ်ပြီး သား ဖြစ်ပျက်စတေ့တဲ့ ပုဂ္ဂိုလ်မျိုး ဒါကစ, နေဖို့မပါဘူး (မှန်ပါ့)။

မလုပ်သေးတဲ့ ပုဂ္ဂိုလ်ကျတော့ ထိုင်ပြီးသကာလ၊ လေကလေး ထွက်လာလဲ ဒီနားမှာ တိုက်သွားတာကလေး ထွက်ပြန်ပြီလို့ သိလိုက်ရင် ပြီးတာပဲ၊ ၀င်လာပြန်လဲ ၀င်ပြီလို့သိလိုက်ရင် (ပြီးပါတယ် ဘုရား)။



ထွက်တိုင်းသိ ၀င်တိုင်းသိ

ဒီလိုချည်းထွက်တိုင်းသိ၊ ထွက်တိုင်းသိ ၀င်တိုင်းသိဆိုတော့ စိတ်ဟာ သမာဓိဟာ ဘယ်မှမပြေး တော့ဘူး၊ တစ်သိတည်း သိနေတာပဲ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒီစိတ်ကို ကိုယ်နိုင်ပြီလို့ ဆိုရင်ဖြင့် သူခါတိုင်း တောင်ပြေး မြောက်ပြေး ပြေးတယ်၊ အခု ပြေးသေးရဲ့လား၊ (မပြေးပါဘုရား)။

ထွက်သက် ၀င်သက် ချည်တိုင်မှာ သတိတည်းဟူသော ကြိုးနဲ့ချည်ထားပြီးပြီ၊ ဒီစိတ်ကို၊ ၀မ်းထဲက စိတ်ကို ချည်ထားပြီးပြီ (မှန်ပါ့)။

အဲဒါ သူနဲ့ သူ့သမာဓိနဲ့ တွဲမနေဘူးလား (တွဲနေပါတယ်ဘုရား)၊ အဲ တွဲနေတဲ့အခါကျတော့ အဲဒီလို တည်ပြီး နေတဲ့ အခါကျတော့မှ တော်တော်ကလေး တည်ဖော်ရပြီဆိုလို့ရှိရင်၊ သူ့ကို အသာကလေးထားပြီး ရှုမြဲတိုင်း ရှု၊ ရှိုက်မြဲတိုင်း ရှိုက်သိနေတာပေါ့ (မှန်ပါ့ဘုရား)။



ထူးထူးခြားခြားဘာပေါ်သတုံး

သိရာကနေပြီးတော့ ခန္ဓာကိုယ်ထဲမှာ ပူလာသလား၊ အေးလာသလား၊ လှုပ်လာသလား၊ ရွလာသလား၊ ထူးထူးခြားခြား ဘာပေါ်သတုံးဆိုတာကို ခင်ဗျားတို့ သမာဓိ တည်လာတော့ ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ သဘောကျပလား (ကျပါပြီဘုရား)။

ဘယ်သူက ပြောမယ်ထင်သတုံး (ခန္ဓာကိုယ်က ပြောမှပြါဘုရား)။

ခန္ဓာကိုယ်က ပြောလိမ့်မယ်

ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ ယားတယ်၊ နာတယ်၊ ကိုက်တယ်၊ ကျဉ်တယ်၊ ညောင်းတယ် ဒီလိုလည်း ပြောချင်ပြောလိမ့်မယ်၊ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ငြိမ်တယ် ဒါလဲပြောချင်ပြောလိမ့်မယ်၊ သမာဓိရှိတော့ ဘယ်ဟာကပြောပြော မသိပေဘူးလား (သိပါတယ်ဘုရား)၊ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာကပြောပြော (မသိပါဘုရား)။

လောကီဥပမာနဲ့ ဘုန်းကြီး နည်းနည်းယှဉ်ပြရင် ခင်ဗျားတို့ ရှင်းပါတယ်၊ ညလူခြေတိတ်နေတဲ့ အချိန်ကတော့ ဟောဒီတိုက် တော်တော်မြင့်ပါတယ်၊ ၁၈-ပေလောက်မြင့်ပါတယ်၊ အဲဒီပေါ်ကနေပြီး သကာလ အိမ်မြှောင်ငယ် ကလေးကျလာတာတောင် အောက်မှာ ဘယ်သူမှမရှိတဲ့ အချိန်မှာ ကြားနိုင်တယ်၊ မကြားနိုင်ဘူးလား (ကြားနိုင်ပါတယ်ဘုရား)။

ခုလို လူများတဲ့အချိန်ကျတော့ အိမ်မြှောင်ကျတာ သိပါ့မလား … (မသိပါဘုရား)၊ ဘာဖြစ်လို့တုံး ဟိုက စက်သံကလဲ ရှုပ်နေတယ်၊ နောက်ပြီး ဒီက လူသံတွေကလဲ ရှုပ်နေတယ်၊ (မှန်ပါ့)၊ မငြိမ်မဆိမ်ရင် တော့ တော်ကြာကျတော့ ပြင်းထန်တဲ့ အသံတောင်ကြားရရဲ့လား (မကြားရပါဘူး ဘုရား)။

အဲ … ထိုနည်းအတူပဲ စိတ်ငြိမ်ငြိမ်ခိုင်တဲ့ ဒီနေရာမှာ သမာဓိလေး တည်တည် ဒီနေရာက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဟိုက လှုပ်တာလဲ သိတာပဲ၊ ဒီက ပူတာလဲ သိတာပဲ၊ အေးတာလဲ သိတာပဲ ဟုတ်လား … ယားတာလဲ သိတာပဲ၊ နာတာလဲ သိတာပဲ၊ ကောင်းတာလဲ သိတာပဲ … ရှင်းပလား (ရှင်းပါပြီဘုရား)။

အဲဒီလို သိလာလို့ရှိရင်ဖြင့် သမာဓိအားကြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာကိုယ်က ပြောတာဟူ၍ အကုန် မသိဘူးလား (သိပါတယ်ဘုရား)။

အဲဒီလို သိလာတာသည် ခန္ဓာ၏ ပင်ကိုယ်သဘောလား၊ အခုမှ သမာဓိရလို့ သူပြောတာတွေ အကုန်သိတာလားလို့ မေးလို့ရှိရင် ဘယ်နှယ့်ဖြေကြမယ် (ခန္ဓာ၏ သဘောပါဘုရား)။

ခန္ဓာ၏ သဘောတွေ … (မှန်ပါ့)၊ ဘယ်သူက ပြောသတုံး (ခန္ဓာက ပြောပါတယ်ဘုရား)၊ ခန္ဓာ၏သဘော ခန္ဓာကပြောတယ် (မှန်ပါ့)၊ ခန္ဓာကြီးက သူ့သဘောက ဒီလိုပဲဆိုတာ ဘယ်သူပြောသတုံး (ခန္ဓာကပြောတာပါဘုရား)။



အလုပ်သင်နေတယ်လို့ အောက်မေ့စမ်းပါ

သြော် … ခန္ဓာက ပြောတယ်ဆိုတော့ ဒါဒီနေ့ည အလုပ်သင်နေတယ်လို့ အောက်မေ့စမ်းပါနော် (မှန်ပါ့ဘုရား)။

ခန္ဓာက ပြောတယ်ဆိုတော့၊ သြော် … ခန္ဓာသည်ကားလို့ဆိုလို့ရှိရင် သူ့သဘောဖြင့်၊ ဟိုနေရာ တစ်မျိုး, ဒီနေရာ တစ်ဖုံပါကလားဆိုတာ မပေါ်လာဘူးလား … (ပေါ်လာပါတယ်ဘုရား)။

အင်း … အရင်သမာဓိ မရခင်တုန်းကတော့၊ စိတ်မတည်ခင်တုန်းကတော့ ဖောက်ပြန်နေငြားသော် လည်း ဘယ်လိုမှ မသိဘူး၊ (မှန်ပါ့)၊ သိရဲ့လား (မသိပါဘုရား)။

အခုတော့ သမာဓိကလေး ၁၅-မိနစ်၊ မိနစ် ၂၀ ဖမ်းပြီးတော့မှ ဖမ်းနေရင်းမတ္တနဲ့ ခန္ဓာကဖောက်ပြန် နေတာတွေ ကြည့်လိုက်တော့ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဖောက်ပြန်တာသည် ခန္ဓာထဲက ထူးခြားတာတွေ၊ နာတာတွေ၊ ကိုက်တာတွေ၊ ကောင်းတာတွေ စိတ်အမျိုးမျိုးပေါ်တာတွေ သိလာပါလိမ့်မတုံး မေးလို့ရှိရင် မောင်နိုင် ဘယ့်နှယ်ဖြေပါ့မလဲ (သမာဓိ ရလို့ပါဘုရား)။

ဒါကြောင့် ဘုရားက “သမာဟိတော ယထာဘူတံ ပဇာနာတိ” သမာဓိသုတ်တွေ နည်းတာတွေ မဟုတ်ဘူး၊ သံယုတ်တို့, အင်္ဂုတ္တိုရ်တို့မှာနော် (မှန်ပါ့)။

သမာဟိတော-သမာဓိရှိသော ပုဂ္ဂိုလ်အား၊ ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ - ခန္ဓာ အပေါ်၌ သိ၏။ ရှင်းပလား (ရှင်းပါပြီဘုရား)။

သမာဓိတရားရှိတဲ့ ပုဂ္ဂိုလ် ခန္ဓာအပေါ်၌ ဘာတွေသိသလဲ (ဟုတ်တိုင်းမှန်စွာ သိပါတယ်ဘုရား)။



ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာ

ဟုတ်တိုင်းမှန်စွာသိတယ်ဆိုတော့၊

ဘယ်လိုဟုတ်ပြီး ဘယ်လိုမှန်တာ သိပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့၊ ခန္ဓာက ယားတယ်လို့ပြောလို့ရှိရင် ကျုပ်ဟာ ဝေဒနာက္ခန္ဓာပဲလို့ ပြောတာ (မှန်ပါ့)၊ နာတယ်လို့ ပြောလဲ ဝေဒနာက္ခန္ဓာလို့ပြောတာပါ)။

ဝေဒနာက္ခန္ဓာလို့ ပြောတာပဲ၊ အလတ်စားကလေးရှိတယ်လို့ ပြောပြန်တော့ကော … (ဝေဒနာက္ခန္ဓာလို့ ပြောပါတယ်ဘုရား)။

ဒါဖြင့် ဘယ်သူက ပြောသတုံး … (ခန္ဓာက ပြောပါတယ်ဘုရား)။

သြော် … ခန္ဓာကပြောတာကိုး၊ ခန္ဓာထဲက ဝေဒနာအမျိုးမျိုး ပေါ်နေပါကလားလို့ကော မသိဘူးလား (သိပါတယ်ဘုရား)၊ စိတ်တွေအမျိုးမျိုး ပေါ်နေတယ် (သိပါတယ်ဘုရား)၊ ရုပ်တွေက ပူလိုက်၊ အေးလိုက်၊ လှုပ်လိုက်၊ ငြိမ်းလိုက်ကော (သိပါတယ်ဘုရား)။

ဘယ့်နှယ်ကြောင့် သိပါလိမ့် မတုံးမေးတော့ … (သမာဓိတည်လို့ပါဘုရား)။

ဒါဖြင့် ပါဠိတော်နဲ့ ကိုက်သလား (ကိုက်ပါတယ်ဘုရား)၊ သမာဟိတော = တည်ကြည်ပြီးသော ပုဂ္ဂိုလ်အား ယထာဘူတံ = ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ = ခန္ဓာကပြောတာသိ၏။ မသိသေးဘူးလား (သိပါတယ်ဘုရား)။



ခန္ဓာက အမျိုးမျိုးပြောနေတယ်

ဒီတော့ အိမ်ရောက်စမ်းကြည့်ပါ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ စမ်းကြည့်တဲ့အခါကျတော့ သြော် … ခန္ဓာက ဒီလို ဒီလိုပြောနေပါကလား၊ တော်တော်ကြာ ဒီကနာ၊ ဟိုကကိုက်၊ ဒီကကိုက်၊ ဟိုစိတ်ကလေးတွေ သီးသန့် ပေါ်လာလိုက်၊ ဟိုအရုပ်တွေက ပူလိုက် - အေးလိုက်၊ တုန်လိုက်လှုပ်လိုက်၊ ဟာ … ပိန်လိုက်ဖောင်း လိုက်၊ အမျိုးမျိုးအဖုံဖုံ ခန္ဓာက ပြောနေတယ်၊ မပြောဘူးလား (ပြောပါတယ်ဘုရား)။

အဲဒါ ဘယ်သူကပြောတာတုံး ဒကာ ဒကာမတို့ (ခန္ဓာကပြောတာပါဘုရား)၊ ခန္ဓာက ပြောတာဆို တာ သေချာပလား (သေချာပါပြီဘုရား)။



ခန္ဓာဆိုတာ ဖောက်ပြန်ပျက်စီးတာ

ခန္ဓာက ပြောတာ သေချာတော့ကို ဘုန်းကြီးတို့ ဒကာဒကာမတွေက သြော် … ဒီဥစ္စာ၊ ခန္ဓာဆိုတာ နဂိုက ဒို့ဘုရားက ဟောထားတာက ဖောက်ပြန်ပျက်စီးတာကို ဟောတယ် (မှန်ပါ့)၊ ဒီခန္ဓာဆိုတာ ဖောက်ပြန်ပျက်စီးတာ (မှန်ပါ့)။

ခန္ဓာဆိုတာ (ဖောက်ပြန် ပျက်စီးပါတယ်ဘုရား)။

အဲဒီတော့ အခု အသစ်ပေါ်လာတာကလေးဟာ နဂိုက ပင်ကိုယ်သဘောစွန့်ပြီး ပေါ်လာတာ (မှန်ပါ့)၊ ဒါဖြင့် သူ့ကို ဖောက်ပြန်တယ်လို့ မဆိုရဘူးလား (ဆိုရပါတယ်ဘုရား)။

အဲဒီ ဖောက်ပြန်တာကလေးပဲ သမာဓိရှိတဲ့ပုဂ္ဂိုလ်က ကြည့်လိုက်ပြန်တော့ ဖောက်ပြန်တာကလေး ပျောက်သွားတယ် (ပျောက်သွားတယ်ဘုရား) မပျောက်ဘူးလား (ပျောက်သွားပါတယ်ဘုရား)။

ဒါဖြင့် ဖောက်ပြန်တာက ပေါ်လာတာ၊ ပျက်စီးတာက ပျောက်တာ (မှန်ပါ့)။

ဖောက်ပြန်တာက (ပေါ်လာတာပါဘုရား)၊ ပျက်စီးတာက (ပျောက်တာပါဘုရား)။

ပျောက်သွားတော့ သြော် … ဖြစ်လိုက်, ပျက်လိုက်ပဲ ပြန်ရောက်ပါတယ် ဘုရား။

ဖြစ်လိုက်,ပျက်လိုက် ပြန်ရောက်တော့ သြော် …. ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အပျက်သာရှိပါကလား၊ မတွေ့ကြုံသေးဘူးလား (တွေ့ပါတယ်ဘုရား)။

ဦးဘကလေး ဘာတွေတွေ့သလဲ (အဖြစ်အပျက်တွေ တွေ့ပါတယ်ဘုရား)။

ခန္ဓာကိုယ်ထဲ ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိတယ် (မှန်ပါ့)၊ အိမ်ကျလို့ရှိရင် တစ်ခါတည်း သမာဓိကလေး ၁၅ မိနစ်လောက် ဖမ်းပြီးတော့ ခန္ဓာစောင့်ကြည့်နေကြ၊ စောင့်ကြည့်နေတဲ့ အခါကျတော့ ခန္ဓာကဖောက်ပြန်တာ နဲ့ ပျက်စီးတာကို သူပြောလိမ့်မယ် (မှန်ပါ့)။

ဝေဒနာကလေး ပေါ်လာရင် ဖောက်ပြန်တာ (မှန်ပါ့)၊ နဂိုက မရှိဘဲကိုးဗျ၊ အခုမှ ဖောက်ပြန်လာတာ။

သုခပေါ်လဲ ဖောက်ပြန်လာတာပဲ၊ သုခကလေး ပျောက်သွားတော့ (ဖောက်ပြန်တာ)၊ ပျက်စီးတာ၊ ပျောက်တော့ ပျက်စီးတာ ကိုပေါ်ရ၊ (မှန်ပါ့)၊ ပေါ်လာတော့ (ဖောက်ပြန်တာပါဘုရား)။

ပေါ်လာတာက ပင်ကိုသဘောထဲကမှ ထူးခြား ပေါ်လာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။

ထူးခြားပေါ်တာက ဘာတုံး … (ဖောက်ပြန်တာပါဘုရား)။

ဖောက်ပြန်တာကလေးပဲ စိုက်ကြည့်တော့ (ပျက်စီးပါတယ်ဘုရား)၊ ပျက်စီးတာမြင်တော့ သြော် … ခန္ဓာကိုယ်ထဲမှာ ဖောက်ပြန်ပျက်စီးတာသာ ရှိပါကလား (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ဖောက်ပြန်ပျက်စီးတာသာ ရှိပါတယ် ဘုရား)၊ ဖောက်ပြန်ပျက်စီးတာသာ ရှိတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဟောဒီကျတော့မှ သြော် … ခန္ဓာထဲမှာ ဖောက်ပြန်တာနဲ့ ပျက်စီးတာပဲရှိတယ်၊ အသစ်ပေါ်လာတာ က ဖောက်ပြန်တာ၊ ပေါ်လာတာကလေး ပျောက်သွားတာက ပျက်စီးတာ (မှန်ပါ့၊ ပျက်စီးတာပါဘုရား)။ သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ဖောက်ပြန်ပျက်စီးတာကလေးချည့် တွေ့နေတော့ သြော် … ယောက်ျားလဲမဟုတ်ဘူး၊ မိန်းမလဲ မဟုတ်ဘူး၊ ဒိဋ္ဌိတွေ ဘာတွေ ခွာစရာမလိုတော့ဘူး၊ ဖောက်ပြန် ပျက်စီးတာပဲ တွေ့နေတယ်၊ ဒီအခါကျတော့ မျက်နှာကလေးကလည်း မပေါ်လာဘူး၊ ဆံပင်တွေလဲ မပေါ်လာဘူး၊ ကိုယ့်ဟာ ကိုယ်ဥာဏ် ကလေးနဲ့ ကြည့်နေတော့၊ ဖောက်ပြန်တာနဲ့ ပျက်စီးတာ တွေ့နေတော့၊ ယောက်ျား, မိန်းမ အလိုလိုပျောက် နေတယ် (မှန်ပါ့)၊ မပျောက်ဘူးလား (ပျောက်ပါတယ်ဘုရား)။

ဖောက်ပြန်ပျက်စီးတာကလေးသာ ကြည့်နေစမ်း ဒကာ ဒကာမတို့ ဘာတွေပျောက်သွားတုံး … (ယောက်ျား, မိန်းမ ပျောက်သွားပါတယ်ဘုရား)။



ဥာဏ်ထဲဘာတွေပေါ်နေသတုံး

ယောက်ျား၊ မိန်းမ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ (ပျောက်သွားပါတယ်ဘုရား) ကိုယ့်ခန္ဓာ မှာလည်း ငါလည်းပျောက်၊ သူလည်းပျောက်၊ လက်လည်းပျောက်၊ ခြေလည်းပျောက်၊ ဒါတွေပျောက်၊ အကုန်ပျောက်၊ ဥာဏ်ထဲဘာတွေပေါ်နေသတုံး (ဖောက်ပြန်ပျက်စီးတာပဲ ပေါ်ပါတယ်ဘုရား)။

အင်း …. အသစ်ပေါ်လာတာရယ်၊ ပျက်စီးသွားတာရယ်၊ ယားတာကလေးကြည့်လိုက်ပြန်လည်း ပေါ်လိုက် ပျောက်လိုက်၊ နာတာကလေးကြည့်လိုက်ပြန်တော့လည်း

ပေါ်လိုက်၊ ပျောက်လိုက်၊ ခံသာတာ လေးလာပြန်တော့လည်း (ပေါ်လိုက် ပျောက်လိုက်ပါဘုရား)။

စိတ်အမျိုးမျိုးပေါ်ပြန်ကော (ပေါ်လိုက် ပျောက်လိုက်ပါဘုရား) ရုပ်တွေက ပူလိုက် အေးလိုက်တာ ကော (ပေါ်လိုက် ပျောက်လိုက်ပါဘုရား)။ အပူကလေး ပေါ်လာလိုက်၊ အပူကလေး ပျောက်သွားလိုက်၊ အအေးကလေး ပေါ်လာလိုက်၊ (အအေးကလေး ပျောက်သွားလိုက်ပါဘုရား)။

သြော် … ခန္ဓာကိုယ်ထဲမှာ ဘယ်မှာ ယောက်ျား၊ မိန်းမဆိုတာက အရပ်ကပြောတာပါကလား၊ ဒို့အမေ အဖေ သင်ထားလိုက်တဲ့ အသွားပါကလား၊ သေသေချာချာ သမာဓိ တည့်တည့်နဲ့ ဥာဏ်မျက်လုံးနဲ့ မျက်လုံးမှိတ်လိုက်တဲ့ အချကျတော့ ဥာဏ်မျက်လုံးက လာပွင့်တယ်၊ သဘောကျပလား (ကျပါပြီဘုရား)။



ဥာဏ်မျက်လုံးဖွင့်ကြည့်

ပကတိ မျက်လုံးပိတ်ပြီး သကာလ ငါးဒွါရပိတ်ပြီး သကာလ မနောဒွါရဆိုတဲ့ ဥာဏ်မျက်လုံး ဖွင့်ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဘာတွေ တွေ့နေသလဲ (ဖောက်ပြန် ပျက်စီးတာတွေ တွေ့နေပါတယ်ဘုရား)။

အဲ … ဖောက်ပြန်ပျက်စီးတာတွေချည်း တွေ့နေမယ် ပေါ်လာရင် ဖောက်ပြန်ပြီး ပေါ်လာတာ ကလေး မရှိပြန်ရင် … (ပျက်စီးသွားပါတယ်ဘုရား)။

အဲ … ဒီလိုချည်း ဒကာ၊ ဒကာမတွေက ငါးမိနစ်လောက် ကြည့်ကြည့်၊ ဆယ်မိနစ်လောက် ကြည့်ကြည့်၊ ကြည့်ချင်သလောက်ကြည့်၊ ကြာတော့ ခန္ဓာထဲမှာ ဖောက်ပြန် ပျက်စီးမှုမှတစ်ပါး၊ ယောက်ျား လည်းမရှိဘူး၊ မိန်းမလည်းမရှိဘူး၊ သဘောကျပလား (ကျပါပြီဘုရား)။



ဖောက်ပြန်ပျက်စီးတာတွေချည်းတွေ့

တယ်

No comments:

Post a Comment