Friday, January 20, 2012

မှတ်သားစရာ တရား အပိုင်းအစလေးများ (4)

မြန်မာအစ်

မောင်စိန် ၊ ၊ ဘုရားစေတီကြီးတွေကို ဘုရားပွဲလုပ်ပြီး ပူဇော်ကြတာကော ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
မဟုတ်ဘူးလားဘုရား .. ။
ဆရာ ၊ ၊ အဲဒီ့ဘုရားပွဲတွေမှာ ဘုန်းကြီးရော လူတွေပါ ဘုရားအကြိုက်ဖြစ်တဲ့ဗုဒ္ဓါနုဿတိ
တို့ ၊ သတိပဌာန သုတ်တို့ကို ရွတ်ဖတ်ပြီး ပူဇော်နေကြတာလား .. သို့မဟုတ်
ဘုရားမကြိုက်တဲ့ ဒုစရိုက်တွေကို လုပ်နေကြတာလား .. ။
မောင်စိန် ၊ ၊ ဘုရားမကြိုက်တဲ့ ဒုစရိုက်တွေကိုသာ လုပ်နေကြပါတယ် ဘုရား .. ။
ဆရာ ၊ ၊ အဖြစ်အပျက်ကလေး တစ်ခုပြောမယ်ကွယ့်မောင်စိန် .. ။
မြို့တစ်မြို့မှာ ပသီအစ်နေ့ကျတော့ အမဲသားတွေ ရဲနေတာကို မြန်မာမက
မြင်တော့ " အောင်မလေးတော် .. ဘ၀ဆက်တိုင်း ပသီများ မဖြစ်ပါရစေနဲ့ ...
ကြောက်စရာ လန့်စရာ အမဲသားတွေကို ရဲနေတာပဲ " လို့ အရပ်ထဲ အော်ကျယ်
အော်ကျယ် ပြောသတဲ့ .. ။ နောက်တစ်လလောက်ကြာတော့ မြန်မာဘုရားပွဲ
ကြုံရော ဆိုကိုးကွဲ့  .. ။ ဘုန်းကြီးစာက ၀က် ၊ ကြက် ၊ ငါး .. ။
လူတွေက နွားတွေ သတ်ပြီး စဉ်းသူစဉ်း .. ၊ အိုးပြင်သူက အိုးပြင် ၊ ဒါတွေကို
ပသီကုလားမကမြင်တော့ " အောင်မလေးတော် မြန်မာတော့ ဘ၀ဆက်တိုင်း
ဆက်တိုင်း ဘုရားမလို့ မဖြစ်ပါရစေနှင့် ၊ ငါတို့ပသီက နွားတစ်မျိုးတည်း ... ၊
သူတို့မြန်မာအစ်က သတ္တ၀ါပေါင်းစုံ သေရတာပါကလား " လို့ လက်စားချေ
တာနဲ့ မြန်မာက ရှုံးသကွဲ့  .. ။
မောင်စိန် ၊ ၊ မှန်ပါ .. ပသီအစ်ထက် မြန်မာအစ်က သတ္တ၀ါတွေ အသေများတော့ ရှုံးသွား
တာပါဘုရား ... ။
ဆရာ ၊ ၊ ဒါကြောင့် နာမည်ကတော့ ဘုရားပွဲတဲ့ .. ၊ စင်စစ် သတ္တုချပြီးကြည့်မယ်ဆိုရင်
သတ္တ၀ါတွေ သေရတဲ့ ပွဲ .. ၊ ကစားဝိုင်းချ၍လူတွေ မွဲတဲ့ပွဲ .. ၊ လူတွေ
အရက်မူးတဲ့ပွဲ .. ၊ ရန်ငြိုးရှိသူတွေ တစ်ယောက်နဲ့တစ်ယောက် ရိုက်တဲ့ပွဲ .. ၊
ကခုန်မြူးထူး၍ ပျော်ကြတဲ့ပွဲ .. ၊ ဒါကြောင့် လယ်တီဆရာတော်က
" တစ်နှစ်တစ်ခါ ငရဲရှာ ၊ လူ့ရွာ ဘုရားပွဲ " လို့ဆိုခဲ့တာ ကွဲ့ ။
မောင်စိန် ၊ ၊ မှန်ပါ .. စေ့စေ့တွေးရင် ဆိုလည်း ဆိုစရာပါပဲဘုရား .. ။
ဆရာ ၊ ၊ မောင်စိန်ရေ .. ပသီမှာ တစ်နှစ် အစ်ဘယ်နှခါ လုပ်သလဲကွဲ့  .. ။
မောင်စိန် ၊ ၊ တစ်နှစ်မှာ တစ်ခါသာ လုပ်ပါတယ် ဘုရား .. ။
ဆရာ ၊ ၊ မြန်မာကတော့ တစ်နှစ်မှာ တစ်နှစ်လုံးကွဲ့  ... ။ ဘုရားပွဲ အစ် .. ။ ဘုန်းကြီးပျံ
ချတဲ့အစ် .. ။ သားရှင်ပြုတဲ့အစ် .. ။ မသာချတဲ့အစ် .. ။ မင်္ဂလာဆောင်တဲ့
အစ် ။ ဖျားတဲ့အခါ ရောစုန်းခေါက်ရတဲ့ အစ် .. ။ အစ်တွေ စုံနေတာပဲကွဲ့  ။
အဲ့ဒီ့လို အရူးတွေနဲ့တူအောင် လုပ်နေကြတာကြောင့် သဒ္ဓါတရားနုကြတဲ့ အချို့
မြန်မာတွေ ဗုဒ္ဓဘာသာကို အထင်သေးပြီး ဘာသာခြားကို ၀င်သွားကြတာ
ပေါ့ကွယ် .. ။ မိမိသန္တာန်မှာ အနုဗုဒ္ဓဘုရားမရှိသမျှတော့ အရူးဘ၀က
မလွတ်သေးဘူးကွဲ့  .. ။

နမ္မားမြို့ သီရိမင်္ဂလာမြို့မကျောင်း ( နမ္မားဆရာတော် အရှင်ဥာဏ ) ရဲ့ တရားစစ်တမ်းဆွေးနွေး
ခန်း စာအုပ်မှ ထုတ်နုတ် ဝေမျှရပါတယ် ရှင် . ။

*****************************************************************


အရိပ်နှင့်တူသော ကျော်ကြားမှု

ကျော်ကြားထင်ရှားမှုဟူသည် အရိပ်နှင့်တူသည် ...

အရိပ်နောက်သို့လိုက်လေ မမီလေဖြစ်ဧ။်.....

အရိပ်နောက်သို့ မလိုက်ဘဲ ကိုယ့်လမ်းကို မှန်မှန်သွားလျှင် အရိပ်ကနောက်မှ ပြန်၍လိုက်ဧ။် ..

ထို့အတူ ထင်ရှားကျော်ကြားမှုနောက်သို့မလိုက်ဘဲ မိမိလုပ်ဆောင်နေသော မည်သည့်လုပ်ငန်းအပေါ်ကိုမဆို

မေတ္တာ .. စေတနာ ... လုံ့လ၀ီရိယ အပြည့်ဖြင့် နှစ်ရှည်လများ ကြိုးစားအားထုတ်သော အခါ ...

ကျော်ကြားမှုနှင့် ထင်ရှားမှုသည် မိမိနောက်မှ ပြန်၍လိုက်လာဧ။် ....

( မေတ္တာရှင် ရွှေပြည်သာ )

*****************************************************************


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စစ်တမ်း

" တပည့်တော်တို့ရဲ့ အရေးအကြီးဆုံးကတော့ အပါယ်တံခါးပိတ်ရေးပါပဲ ဘုရား .. ဘယ်လိုလုပ်မှ အပါယ်ဒုက္ခ ပြုတ်ကျမယ်ဆိုတာ

သိချင်ပါတယ် ဘုရား .... "

" သရဏံဂုဏ် ၃ ပါးတည်ရင်ပဲ အပါယ်ဘေးကတော့ အေးပါတယ်ကွယ် .. အပါယ်ဘေးတင်ဘယ်ကမလဲ ... ခပ်သိမ်းသောဒုက္ခမှ

အေးရပါတယ်လို့ မြတ်စွာဘုရားက ဟောတော်မူသကွဲ့  ... "


" ဒီလိုဆိုရင် တပည့်တော်တို့ မြန်မာပြည်က ဘုန်းကြီးရော လူတွေပါ အပါယ်သွားရမည့် သူဟာ မရှိသလောက်ဖြစ်နေတာပေါ့ဘုရား .. "

" ဘယ်ဟုတ်မလဲကွယ့် မောင်စိန်ရဲ့ .. ဘုန်းကြီး ၁၀၀ မှာ သရဏံဂုဏ်တည်တဲ့ ကိုယ်တော်ဟာ ၃၀ ရှိချင်မှ ရှိမယ် ... လူဆိုရင်လည်း

၁၀၀ မှာ ၁၀ ရှိချင်မှ ရှိမယ်ကွဲ့  .... "


" ဘယ့်နှယ့်မရှိတာလဲဘုရား ... ဘုန်းကြီးတွေက " ဗုဒ္ဓံသရဏံ ဂစ္ဆာမိ .. ဓမ္မံသရဏံ ဂစ္ဆာမိ....သံဃံသရဏံ ဂစ္ဆာမိ " လို့ ရှေ့ကချပေး

လူတွေက နောက်ကလိုက်ဆိုကြရတာ .. အမြဲလိုပဲမဟုတ်လားဘုရား ... "

" အဲ့ဒါက ကြက်တူရွေးသရဏဂုံကွဲ့ ....ဘုရားသရဏဂုံမဟုတ်သေးဘူး မောင်စိန်ရဲ့ ... "


" ရှင်းပါအုန်းဘုရား ... "

" ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ကိုကြက်တူရွေးကို သင်ပေးရင် မဆိုတတ်ဘူးလား ... "

" ဆိုတတ်ပါတယ် ဘုရား ... "

" ဆိုတော့ဆိုတတ်တယ် ... ဘုရားဂုဏ်တော် ကိုးပါးသိပြီး အားထားရဲ့လား ... "

" သိလဲမသိ .. အားလဲမထားပါဘုရား ... "

" ဒီလိုပေါ့ကွဲ့ ..... ဘုန်းကြီးစာရလို့ ချပေး ... လူတွေက နောက်ကလိုက်ဆို ... ဆိုသာဆိုရတယ် ...ဘုရားဂုဏ်တော်တွေကိုမသိကြ ..

အားလည်းမထားကြ ... အားထားတာက ဘိုးဘိုးအောင်တို့ ... မင်းမဟာဂီရိတို့ .... ရေငံပိုင် ဦးရှင်ကြီးတို့ ... ဒါကြောင့် ကြက်တူရွေး

သရဏ ဂုံလို့ ဆိုတာကွဲ့ ......"


" ဒါဆို ဘယ်လိုမှ ဗုဒ္ဓံသရဏံ ဂစ္ဆာမိမှာပါလဲဘုရား ...."

" ဘုရားဧ။် ဂုဏ်တော်ကိုးပါးကို သေချာစွာသိပြီး "ဗုဒ္ဓေါ မေ သရဏံ အညံ နတ္တိ " လို့ ဆိုသည့်အတိုင်း ... ဂုဏ်တော် ကိုးပါးမှ တစ်ပါး

ကိုးကွယ်ရာကိုမထားပါမှ ဂစ္ဆာမိမှာကွဲ့ ...မဟုတ်ပဲ .. နတ်စိမ်းတွေကိုရောကြော်နေရင် လဲ ဂစ္ဆာမမိဘူးကွဲ့ ....စင်စစ်မှာတော့ဘုရားဟာ

မိမိသန္တာန်မှာ ပွင့်မှသာ သေသေချာချာ ဂစ္ဆာမိမှာကလားကွဲ့ ..... "


" မိမိသန္တာန်မှာ ဘုရားက ဘယ်လိုပွင့်ရဦးမှာလဲ ဘုရား ... "

" ဂေါတမဘုရားဟာ သစ္စာလေးပါးမသိမီ တောထွက်ပြီး ဒုက္ကစရိယာ ၆ နှစ်ကျင့်ပြီး ကဿပမြတ်စွာဘုရားကို ပြစ်မှားခဲ့တဲ့ ၀စီကံ ၀ဋ်ကြွေး တွေကို ကျေပျောက်သွားသောအခါ .. ငါကျင့်နေတာ အတ္တကိလမထာနုယောဂအကျင့်ပါလားလို့အမှန်သိ၍ ထိုအကျင့်ကို

ပယ်ပြီး ခန္ဓာကိုယ်မျှတအောင် ကျင့်တော်မူတယ် ... ခန္ဓာကိုယ်မျှတလာမှ မယ်သူဇာလှူ ဒါန်းတဲ့ ဃနာနို့ဆွမ်းကိုဘုဉ်းပေး ၍ ပဋိစ္စသမုပ္ပာဒ်ကို ဆင်ခြင်သဖြင့် သစ္စာ၎ပါးကိုသိမှ ဘုရားဖြစ်တာမဟုတ်လား .. "

" ဟုတ်ပါတယ်ဘုရား ... "

" အဲ့တာကြောင့် သစ္စာလေးပါးကို ဆရာမရှိ ကိုယ်တိုင်သိတဲ့ဥာဏ်သာလျှင်မုချအားဖြင့် ဘုရားကွဲ့ ....၄င်းဥာဏ်တည်ရာ ခန္ဓာငါးပါးက ငှာနူပစာ အားဖြင့်သာ ဘုရားလို့ဆိုရတာကွဲ့ .. အဲ့ဒါကြောင့် ပုထှုဇဉ်ဆိုတာ ဘုရားကိုဘယ်လိုကြည့်ကြည့် မမြင်ပါဘူးကွဲ့ ... "


" မြင်အောင်ဘယ်လိုလုပ်ရမှာပါလဲဘုရား ...."

" သစ္စာလေးပါးကိုပြနိုင်သူ သပ္ပုရိသကိုရအောင်ရှာ ... ရလျှင်တရားကိုနာ .. ရိုရိုသေသေဆင်ခြင် .. သစ္စာလေးပါးကိုသိအောင်ပွားများ

ပွားများလို့ မြင်လာရင် မိမိသန္တာန်မှာ သစ္စာလေးပါးသိတဲ့ ဥာဏ်ဘုရား ပွင့်မလာပါလား ... "

" ပွင့်ပါတယ်ဘုရား ...."

" အဲ့တာက သူများဟောလို့ တစ်ဆင့်သိမို့ အနုဗုဒ္ဓတဲ့ကွဲ့  ... သမ္မာသမ္ဖုဒ္ဓမဟုတ်ဘူး .... သစ္စာလေးပါးမြတ်တရားကို မြင်မှ ဘုရားကို

မြင်တယ်ကွဲ့ ...ဒါကြောင့် မြတ်စွာဘုရားက ... ဗုဒ္ဓံသရဏံ တကယ်စစ်စေဖို့ ...မိမိကိုယ်သာ ကိုယ်စိတ်နှလုံး ၃ပါးစလုံးကို ဆုံးမပဲ့ပြင်သွန်သင် အားထုတ်ပြီး သစ္စာ တရားကို အမှန်မြင်နိုင်မှသာ ... ငါဘုရားကို မြင်မယ်လို့ .. ဟောထားခဲ့တာကွယ့် .. " ...


( ကျေးဇူးတော်ရှင် နမ္မားဆရာတော်ဘုရားကြီး အရှင် ဥာဏ )

တရားစစ်တမ်း ဆွေးနွေးခန်း စာအုပ်မှ ထုတ်နှုတ်ဝေမျှလိုက်ရပါတယ်ရှင် ...

***********************************************************


" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။

" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..


Shared from Doh Yote

No comments:

Post a Comment