ဦးဇင်း က ပုံပြောတော့ သိပ်မကောင်းဘူးနော် .. ပြောတက်သလို ပဲ ပြောမယ် .....
ဒီလို ... ငှက် ကလေး တစ်ကောင် ကောင်းကင်မှာ ပျံနေတယ် ။ အဲဒီအချိန် နှင်းတွေ တအားကျလာလို့ ငှက်ကလေးက မပြန်နိုင်တော့ဘဲ အောက်ကို ပြုတ်ကျလာတယ် ။ သူ့ပေါ်ကို နှင်းတွေ ကျလာတော့ အရမ်းအေးတဲ့ ဒဏ်ကို ငှက်ကလေးက မခံနိုင်တော့ဘူး ။ အဲလို မခံနိုင်တော့ဘဲ သေတော့မယ့် အချိန်မှာ ''ကျွဲ'' တစ်ကောင်က ဖြတ်သွားရင်းနဲ့ ငှက်ကလေး အပေါ်ကို ''အီး'' တွေ ပါချလိုက်တယ် ။
အဲဒါနဲ့ ငှက်ကလေး က ''အီးပုံ'' ရဲ့ အပူရှိန်နဲ့ တဖြည်းဖြည်း နွေးလာပြီး ..... လှုပ်ရှားနိုင်လာတယ် ။ နောက်တော့ သူမသေနိုင်တော့ဘူး ဆိုတာ သိပြီး ငှက်ကလေးက အီးပုံ ထဲက ထိုးထွက်ဖို့ ကြိုးစားတယ် ။ အဲလို ကြိုးစားရင်းနဲ့ ပျော်လို့ ငှက်ကလေးက '' ငါ မသေနိုင်တော့ဘူး ၊ ငါမသေနိုင်တော့ဘူး '' ဆိုတဲ့ သီချင်းကို အကျယ်ကြီးဆိုတယ် ။ အဲဒါ ကို ကြားသွားတော့ ''ကြောင်'' တစ်ကောင် ရောက်လာပြီး ငှက်ကလေးကို အီးပုံ ထဲက စွဲထုတ်ပြီး စားပစ်လိုက်တယ် ။
ပုံပြင်က ဒါပဲ ..... ပြီး ပြီ ။ ဒါပေမယ့် ဆက်ပြီးဖတ်ပါ အရေးအကြီးဆုံး အပိုင်းက ခုမှ စမှာ ....
ဒီ ပုံပြင်မှာ သင်ခန်းစာ ယူစရာ သုံးခု ရှိတယ် လို့ ယူဆတယ်
၁. ကိုယ့်အပေါ်ကို အီးပါချတိုင်း လည်း ရန်သူလို့ မသက်မှတ်နဲ့
၂. ကိုယ့်ကို အီးပုံထဲက စွဲထုတ်ပေးတိုင်း လည်း မိတ်ဆွေမဖြစ်နိုင်ဘူး
၃. အီးပုံထဲက ရုန်းထွက်ဖို့ ကြိုးစားတဲ့ အခါ သီချင်း(ငါမသေနိုင်တော့ဘူး) မဆိုနဲ့ ..........
ဒါပဲ ... ပြီးပြီ .. ဦးဇင်း ကတော့ စကားပြောရင် ခပ်တိုတိုပဲ ပြောတက်တယ် ။
Shared from Ko Ye Win Tun
No comments:
Post a Comment