ဆရာဝန်ကပြုံးပြီးပြောခဲ့တယ် ။ `စိတ်မကောင်းပါဘူးဗျာ ကျနော် အမြန်ဆုံးလာခဲ့ပါတယ် ဆေးရုံက ဖုန်းဆက်ဆက်ခြင်းကျနော် က ဆေးရုံမှာမရှိနေခဲ့ပါဘူး ဖုန်းဝင်လာလာခြင်းအမြန်လာခဲ့ပါတယ် ဒါကြောင့်အခုချိန်မှာ စိတ်အေးအေးထားပါ ဒါမှကျနော်အေးအေးအလုပ်လုပ်နိုင်မှာမို့ပါ ´
` ဘာ . . စိတ်အေးအေးနေရမလား ခင်ဗျားရဲ့သားသာ အခုလို အခန်းထဲမှာ ရှိနေရရင်ခင်ဗျားဘယ်လိုနေမလဲ ခင်ဗျားရောစိတ်အေးအေးထားနိုင်မလား ? အခုချိန်ခင်ဗျားသားသေသွားခဲ့ရင် ခင်ဗျားဘယ်လိုလုပ်မလဲပြော ´ လူနာရဲ့ဖခင်က ဒေါသတကြီးပြန်ပြောခဲ့တယ် ။
ဆရာဝန်က ထပ်ပြီးပြုံးလိုက်ပြီးပြန်ပြောတယ် ။ `ဒီလိုရှိတယ်ဗျ အလုပ်အကိုင်နဲ့ပတ်သတ်လို့ Holy Book မှာ ဒီလိုရေးထားတယ် . . ကျွန်တော်တို့အားလုံးဟာ မြေမှုန်တွေကနေလာကြရတယ် ပြီးနောက် မြေမှုန်တွေအဖြစ်ပြန်သွားကြရတယ် ဘုရားသခင်ရဲ့ ဂရုဏာတော်နဲ့ ကောင်းချီးပေးတော်မူပါလိမ့်မယ် ´ တဲ့ ဆရာဝန်တွေလည်း သက်တမ်းအကြာကြီးနေရတာမဟုတ်ပါဘူး ခင်ဗျားရဲ့သားကို အကောင်းဆုံးဆုတောင်းပေးပါ ဘုရားသခင်ရဲ့ ဂရုဏာတော်အတိုင်း ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြပါမှာ ´
`တစ်ခုခုဟာ မလွယ်ကူတော့ဘူးဆိုရင် ဒီလိုပဲ ပြောကြတာပါပဲ ´ လို့ လူနာအဖေက စိတ်မသက်မသာနဲ့ ညည်းတွားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ ခွဲစိတ်မှုဟာ နာရီပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် ဆရာဝန်က ပျော်ရွှင်စွာ ခွဲစိတ်ခန်းထဲကနေ ထွက်လာခဲ့တယ် ။ ` ဘုရားသခင်ကိုကျေးဇူးတင်ပါ ခင်ဗျားသားရဲ့ အသက်ကို ကျွန်တော်တို့ကယ်လိုက်နိုင်ပါပြီ ´ အဲဒီလို ပြောပြီး ဆရာဝန်က လူနာဖခင်ရဲ့ ပြန်ပြောတာကိုတောင်မစောင့်နိုင်တော့ပဲ သူ့လမ်းအတိုင်းအပြေးထွက်သွားခဲ့တယ် ။ ` ခင်ဗျားမှာ မေးစရာရှိရင် နာ့စ်ကိုသာမေးပေတော့ဗျို့ ´ လို့ ပြေးရင်းနဲ့ပြောသွားခဲ့တယ် ။
` ဘာကြောင့် သူ ဒီလောက်အလျှင်လိုနေရတာလဲ ငါ့သားအကြောင်း ကို မေးဖို့ မိနစ်အနည်းငယ်ကိုတောင် သူမစောင့်နိုင်ပါလား ´ လို့ ဆရာဝန်ထွက်သွားလို့ မိနစ်အနည်းငယ်မှာ နာ့စ်ရောက်လာတဲ့အခါ သူက နာ့စ်ကို ပြောဆိုခဲ့တယ် ။ အဲဒီအခါ နာ့စ်က မျက်ရည်တွေကျရင်းနဲ့ လူနာရဲ့ဖခင်ကို ယခုလိုပြန်လည်ပြောဆိုခဲ့တယ် ။
`မနေ့က ဆရာသားဟာ ကားတိုက်မှုဖြစ်လို့ သေဆုံးသွားခဲ့ရပါတယ် ရှင့်သားရဲ့ခွဲစိတ်မှုအတွက် ဆရာ့ကို ခေါ်တုန်းက ဆရာက သူ့သားနာရေးအတွက် သုဿန်မှာရှိနေခဲ့ပါတယ် အခု သူက ရှင့်သားအသက်ကို ကယ်ပေးခဲ့ပါပြီ အခု သူ့သား အလောင်းမြေကျဖို့အတွက် သူ သုဿန်ကိုပြေးသွားရခြင်းဖြစ်ပါတယ် ´
လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုတာမှာ မည်သူတစ်ဦးတစ်ယောက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဥပဒေသရယ်လို့မရှိပါဘူး ။ ခင်ဗျားဟာ သူတို့ရဲ့ ဘ၀မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ဘာကြောင့် ပြေးလွှားနေရသလဲဆိုတာ သိနိုင်မှာမဟုတ်ပါဘူး ။ ဒီအရာကို လူသားဆန်မှုလို့ ခေါ်ပါတယ် ။ ဒါကြောင့် ကိုယ့်ဘ၀ချည်းပဲ အဆိုးတွေကြုံနေရတယ်လို့ မတွေးပါနဲ့ လူတိုင်းမှာ လည်း သူတို့ဒုက္ခနဲ့သူတို့ရှိကြပါတယ် ။ ကိုယ့်ဒုက္ခအတွက် သူများကို အပစ်တင်မစောပါစေနဲ့ သူတို့မှာလည်းသူတို့အကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ် ။ ကျွန်တော်တို့အားလုံးမှာ စာနာနားလည်နိုင်မှုနဲ့ တွေးတောဆင်ခြင်တတ်ခြင်းတွေသာရှိနေရင် ကမ္ဘာမြေကြီးက ပိုပြီး လှပလာမှာအမှန်ပါပဲ ။
သက်တန့်ချို
ဇန်န၀ါရီ လေးရက်နေ့
No comments:
Post a Comment