Thursday, February 20, 2014

ခေတ်(၅)ခေတ်


၁။ ၀ိမုတ္တိယုဂခေတ် နှစ်ပေါင်း ၅၀၀
၂။ သမာဓိယုဂခေတ် နှစ်ပေါင်း ၅၀၀
၃။ သီလယုဂခေတ် နှစ်ပေါင်း ၅၀၀
၎။ သုတယုဂခေတ် နှစ်ပေါင်း ၅၀၀
၅။ ဒါနယုဂခေတ် နှစ်ပေါင်း ၅၀၀
ရှည်လျားသောအချိန်ကာလကြီးတစ်ခုကိုခေတ်(၅)ခေတ်တို့ဖြင့်ပိုင်းခြား၍ လည်ပတ်နေသည်ဆို၏။ဘုရားပွင့်ချိန်မှစပြီးနှစ်ပေါင်း (၅၀၀)အတွင်း ၀ိမုတ္တိယုဂခေတ်ဖြစ်သောကြောင့်ဈာန်မဂ်ဖိုလ်တရားထူးများရကြသည်။

ဒုတိယနှစ်ပေါင်း(၅၀၀)
အတွင်း၌ကားသမာဓိယုဂခေတ်ဖြစ်သောကြောင့်သမာဓိတည်ရုံမျှသာဖြစ်၏၊တရား ထူးများမပါဟုဆိုလိုဟန် တူသည်။

တတိယနှစ်ပေါင်း(၅၀၀)အတွင်း၌သီလယုဂခေတ်ဖြစ်သောကြောင့်သီလကိုသာဦးစားပေး၊သီလစင်ကြယ်အောင်ထိန်းကြ၍သီလ မျှသာရှိကြ၏ဟုဆိုလိုသည်။

စတုတ္ထနှစ်ပေါင်း(၅၀၀)အတွင်း၌လည်း သုတယုဂခေတ်ဖြစ်သောကြောင့်ဗဟုသုတကြွယ်ဝဖို့သာဦးစားပေးကြ၏။ကျမ်းဂန်တတ် မြောက်ရေးအတွက်သာအာရုံစိုက်ကြသည်။

ပဉ္စမနှစ်ပေါင်း(၅၀၀)အတွင်း၌မူဒါနယုဂခေတ်ဖြစ်သောကြောင့်ဒါနပြုမှုအားသန်ကြ၏။လှူကြ၊တန်း ကြ၊ပေးကြ၊ကမ်းကြများ၏။ ဘုရားတည်ကျောင်းဆောက်ပေါများသည်။

ထိုမှလွန်သော် ၀ိမုတ္တိယုဂ ခေတ်တွင်းသို့ ပြန်ဝင်လာပြီး၊ သာသနာနှစ်(၂၅၀၀)၊ ကောဇာသက္ကရာဇ် (၁၃၁၈)ခုနှစ်ကစ၍
ဤ ဘက်တွက် ၀ိမုတ္တိယုဂခေတ်သို့ပြန်လည်
ဆိုက်ရောက်လာပြီဖြစ်ပါသည်။

(ကိုးကား။ ။ မိုးကုတ်ယောဂီလက်စွဲအမှတ်(၁) စာအုပ်မှပြန်လည်ကောက်နုက်ဖော်ပြအပ်ပါသည်။
သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ။)


- [အရှင်တေဇနိယ(အုတ်ဖို)]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment