Friday, February 7, 2014

တဏှာ အယားတွေ


ပတ်မကြီးက ဗေထိဗေထိဆိုရင် သွားကြည့်ချင်တယ်၊ ဒီလို ကြည့်ချင်လို့ ကြည့်လိုက်ရတော့ စိတ်သက်သာတယ်၊ ဆပ်ပြာမွှေး မတိုက် ပါနဲ့ဆို ခိုးတိုက်တယ်၊ ရသာရုံကို ခံစားချင်တာရယ်၊ ဖောဋ္ဌဗ္ဗာရုံလေးကို တွေ့ထိချင်တာရယ်၊ ဒါတွေဟာ တို့တဏှာ ယားတာ၊

အရက်သမား အရက်သောက်လိုက်တော့ သောက်ခါစတော့ တဏှာအယား ပြေသွားတယ်၊ နောက် အရက် တဏှာပိုးက ရွလာတယ်၊ ထပ်သောက်ပြန်တာပဲ၊ လောကီ အာရုံ ကာမဂုဏ်တွေဟာ မယားသေ လင်သေ အရွယ်ရှိတုန်း ထပ်ပြီး မယူကြဘူးလား၊ ယူတယ်၊ ဒါဟာ တဏှာယားတာပဲ၊ ဒီတဏှာက တစ်သံသရာလုံး မပျောက်ဘူး၊ နတ်ပြည်ဆိုရင် ဒီတဏှာက သာပြီး ယားလိုက်သေးတယ်။


Shared from မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ

No comments:

Post a Comment