Monday, February 24, 2014

အလှဟူသည်


နေ့တိုင်းသွားလာ
ဆက်ဆံရာဝယ်
လိမ္မာယဉ်ကျေး
စိတ်ကောင်းမွေးလျှက်
ချိုအေးသံသာ
နှုတ်ဝါစာဖြင့်
ကြင်နာသနား
မေတ္တာထား၍
ထောင်လွှားမာန
ကင်းစင်ပမူ အလှဟူ၏ ။
( နတ်သျှင်နောင် )

လူတစ်ယောက်ရဲ့အလှစစ်
အလှမှန်ကိုသီးကုံးထားသော
ကဗျာလေး ပါ လူတိုင်း
ဖတ်ဖူးကြမှာပါ ရွာဘုန်းကြီးကျောင်းမှာ
ကိုရင်လေးဘဝကတည်းကမှတ်စု
စာအုပ်ထဲမှာသဘောကြမိလို့
ရေးထားမိသော ကဗျာလေးပါ
တော်တော်အဓိပ္ပာယ်ရှိပါတယ်။
အလှစစ်အလှမှန်တွေကိုပိုင်ဆိုင်
နိုင်ကြပါစေလို့…………။

{အရှင်ဇနက (မန္တလေးစာသင်သား)}

No comments:

Post a Comment