Wednesday, February 19, 2014

“ စိတ်ချမ်းသာမှု ဟာ ပါဝါ ”


ကိုယ့်ကို သူက စိတ်ချမ်းသာအောင်
လုပ်ပေးမယ်လို့ မျှော်လင့်တာဟာ
ကိုယ့်စိတ်ချမ်းသာမှုကို သူ့လက်ထဲမှာ
အပ်ထားလိုက်တာ။

အဲဒီတော့မကြာခဏ ငါ့ကိုစိတ်ချမ်းသာအောင်
လုပ်မပေးဘူး။ စိတ်ဆင်းရဲအောင်လုပ်တယ်လို့
တွေးပြီး ဒေါသဖြစ်ရတယ်။ စိတ်ဆိုးရတယ်။
ကိုယ့်ကိုစိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူဟာ
ကိုယ့်ဘ၀ကို လွှမ်းမိုးနိုင်တဲ့သူ ဖြစ်နေပြီ။

ချစ်တာ ကောင်းပါတယ်။
ကိုယ့်စိတ်ချမ်းသာမှုကို သူ့လက်ထဲမှာ
အပ်ထားတာ မကောင်းပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ့်လက်ထဲမှာပဲထားပါ။
ဒါမှ ကိုယ့်မှာ Power ရှိမယ်။
www.facebook.com/youngbuddhistassociation.mm
♦ ကိုယ့်စိတ်ချမ်းသာမှုဟာ ပြင်ပမှာရောက်နေရင်
Powerless ဖြစ်မယ်။ အားငယ်မယ်။
ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်
နေတတ်တဲ့သူဟာ Power ရှိတယ်။
အဲဒီPower ကိုရအောင်ယူထားပါ။
အဲဒီ Power ကို ဘယ်သူ့ကိုမှမပေးလိုက်ပါနဲ့။

ဘယ်သူမှ ငါ့ကို စိတ်ချမ်းသာအောင်
လုပ်ပေးနေဖို့ မလိုဘူး၊ မမျှော်လင့်ဘူး ဆိုမှ
လူအများနဲ့ဆက်ဆံရေးပိုကောင်းလာမယ်။

Happines is power.
စိတ်ချမ်းသာမှုဟာ ပါဝါ။
အဲဒါကိုနားလည်ပါ။
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ
အဲဒီစိတ်ချမ်းသာမှု ပါဝါနဲ့ ဆက်ဆံပါ။
အဲဒါမှ ဘဝမှာ အောင်မြင်တဲ့သူဖြစ်မယ်။


【ဆရာတော် ဦးဇောတိက၏
“စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ”
နှာ ၁၂၁ & ၁၂၂ မှ-】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment