Wednesday, February 26, 2014

ဝိဝေကသုခကို ရှာဖွေကြရာတွင်


လူဟာအသိုင်းအ၀ိုင်းနဲ့နေရတာမှန်ပေမယ့် တစ်ခါ
တစ်ရံမှာတော့ အသိုင်းအ၀ိုင်းနဲ့ ခပ်ဝေးဝေးနေချင်
ကြတယ်။ လူဟာအပေါင်းအသင်းနဲ့ ဆက်ဆံနေရ
ပေမဲ့ တစ်ခါတစ်လေကျတော့ အပေါင်းအသင်းတွေ
ကို ငြီးငွေ့လာတတ်ပေတယ်။ လူဟာပတ်ဝန်းကျင်
မှာ ကျင်လည်နေကြရပေမဲ့ အချိန်ကာလတွေ ကြာ
လာရင် ပတ်ဝန်းကျင်ကို စွန့်ချင်လာတတ်ကြလေရဲ့၊
သဘောတရားချင်းဆိုလို ချက်ချင်းတူပေမဲ့ အသိုင်း
အ၀ိုင်း အပေါင်းအသင်း ပတ်ဝန်းကျင်တို့နဲ့ ထိစပ်
ဆက်နွယ်မှုကို ပေါ်အောင် ၀ါကျတွေထပ်ဖွဲ့ပြလိုက်
တာပါ။

အရိယာ ပုဂ္ဂိုလ်တွေကျတော့ ပတ်ဝန်းကျင်ကိုငြီးငွေ့
သွားကြတယ်။ အသိုင်းအ၀ိုင်းကိုစွန့်ခွါသွားကြတယ်။
အပေါင်းအသင်းတွေကို ချန်ထားပစ်ခဲ့ကြတယ်။ တစ်
ယောက်တည်းနေပြီး တစ်စိတ်တည်းထားရတဲ့ ဓမ္မ
ရသကို တွေ့ရှိတော်မူကြလို့ပါပဲ။ အရိယာ ရဟန္တာ
ပုဂ္ဂိုလ်တွေအတွက် တစ်ယောက်တည်းနေ တစ်စိတ်
တည်းထားရတာလွယ်ကူပေမဲ့ ပုထုဇဉ်တွေအဖို့တော့
မလွယ်ပါဘူး။ တစ်ယောက်တည်းနေနိုင်ပေမဲ့တစ်စိတ်
တည်းကြာရှည်စွာ မထားနိုင်ကြဘူးလေ။ ဘာဖြစ်လို့
လဲဆိုတော့ `စိတ်´ဆိုတဲ့ ´စိတ်´ဟာ တစ်စိတ်တည်း
ကြာရှည်လေးမြင့်စွာ နေတတ်တာမှမဟုတ်ဘဲကလား၊
တစ်စိတ်ပြီးတစ်စိတ်ဖြစ်နေတာ၊

အဲဒီဖြစ်တဲ့စိတ်နောက်ထပ်ပေါ်လာတဲ့စိတ်အစားထိုးလိုက်
တဲ့စိတ်ကလည်း စိတ်ကောင်းဖြစ်ချင်မှဖြစ်မှာပါ။ ဘာဖြစ်
လို့လဲဆိုရင်ပုထုဇဉ်တွေရဲ့စိတ်ဟာ ``မကောင်းမှုမှာ မွေ့
လျော်ပျော်ပါးတတ်´´လို့ပဲ။ တစ်စိတ်တည်းထားတတ်တဲ့
စိတ်ဟာ ဘာမျှမကြာပေမဲ့ စိတ်ကောင်းဖြစ်ဖို့ မလွယ်တဲ့
အပြင် ထားတဲ့စိတ်ကလည်းစိတ်ဆိုး စိတ်ညစ်အပြစ်တွေ
ဗလပွဖြစ်နေရင် တန်ခိုးမရှိနိုင်ပါဘူး။

သူတော်ကောင်းတွေဟာ ဆိတ်ငြိမ်မှုငြိမ်းအေးမှုချမ်းသာ
`၀ိဝေကသုခ´ကို ရရှိချင်လို့ ခံစားချင်လို့ တစ်ယောက်
တည်း တစ်ပါးတည်း နေကြတာပါ။ `ကာယ၀ိဝေက´လို့
ဆိုတဲ့ ကိုယ်ဆိတ်ငြိမ်မှုချမ်းသာကို ခံစားဖို့အတွက် တစ်
ယောက်တည်းနေကြတာပါ။ ကာယ၀ိဝေကဆိုတာ ဂဏ
သင်္ဂဏိကံ ၀ိနောဒေတိလို့ ဖွင့်ဆိုထားတဲ့အတိုင်း ဂိုဏ်း
တွေ အပေါင်းအသင်းတွေကို ဖယ်ရှားပြီး နေထိုင်ခြင်းပါ
ပဲ။အပေါင်းအသင်းတွေနဲ့ ပျော်မွေ့တတ်တဲ့ လူသားဟာ
တစ်ယောက်တည်း တစ်ကိုယ်တည်း မနေနိုင်ပါဘူး။ တစ်
ယောက်တည်းနေတဲ့လူ တစ်ကိုယ်တည်း ဖြစ်နေတဲ့သူကို
တောင် `အထီးကျန်´လို့ဆိုကြသေးတယ်။ `တစ်ကောင်
ကြွက်´လို့ခေါ်ကြသေးတယ်။ `ဥတစ်လုံး´လို့လည်း သုံး
နှုန်းပြောဆိုကြသေးတယ်။

အဲတရားဓမ္မနဲ့ ဓမ္မရသခံစားပြီး အေးချမ်းငြိမ်သက်ချမ်းသာ
စွာနေလိုတဲ့ အရိယာ ပုဂ္ဂိုလ်တွေနဲ့ ဆန့်ကျင်ဘက်ပေါ့။ ဓမ္မ
ရသ ဓမ္မအငွေ့အသက်ကို ရှုရှိုက်ပြီးနေလိုကြတဲ့ သူတော်စင်
အတွက် အပေါင်းအဖော်တွေဟာ အနှောင့်အယှက်ဖြစ်ပေမဲ့
ပုထုဇဉ်အပူအပင်တွေကြားမှာ အတူယှဉ်ကာ မျှဝေခံစားချင်
ကြတဲ့ လူတွေအတွက်တော့ အပေါင်းအသင်းဟာခင်မင်စရာ
ပဲ။ ပတ်ဝန်းကျင်ကပျော်မွေ့စရာပဲဖြစ်မှာပေါ့။

ကာယ၀ိဝေကဆိုတဲ့ ကိုယ်အေးငြိမ်းမှုကိုလိုချင်ရင်တော့
အပေါင်းအဖော်တွေကို ခွါရှောင်ပြီး တစ်ယောက်တည်းနေမှ
ဖြစ်မှာပါ။

ဧက၀ိဟာရီ(တစ်ပါးတည်းနေတဲ့)မထေရ်ဟာ တစ်ပါးတည်း
နေတယ်။ တစ်ပါးတည်း ကျိန်းစက်(အိပ်)တယ်။ တစ်ပါး
တည်းနေထိုင်ပြီး မပျင်းမရိ လုံ့လ ၀ီရိယရှိစွာ တရားအား
ထုတ်တော်မူတယ်။ တစ်ယောက်တည်းနေပြီး မိမိကိုယ်ကို
(တစ်စိတ်တည်းဖြစ်အောင်) ဆုံးမတော်မူပြီး တောအရပ်မှာ
သာ ပျော်မွေ့တော်မူပါတယ်။
(ဓမ္မပဒ၊ ဧက၀ိဟာရီထေရ်)

ကာယ၀ိဝေက ကိုယ်ငြိမ်းချမ်းမှုရချင်ရင် တစ်ယောက်တည်း
နေပါ။ စိတ္တ၀ိဝေကဆိုတဲ့ စိတ်ငြိမ်းချမ်းမှုရချင်ရင် တစ်စိတ်
တည်းထားနိုင်အောင် ကြိုးစားပါ။ သို့မှသာ ဥပဓိဝိဝေကဆို
တဲ့သန္တိသုခ ငြိမ်းအေးမှုချမ်းသာဆိတ်ငြိမ်အေးမြတဲ့ နိရောဓ
ဓမ္မနိဗ္ဗာန်အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်ပေလိမ့်မယ်။

ကာယ၀ိဝေကကို ရှေးဦးစွာရအောင်ယူပါ။ ဒုတိယစိတ္တ၀ိဝေ
က ရရှိအောင် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာ
အညစ်အကြေးတွေ စိတ်မှာဝင်မလာအောင်နှင်ထုတ်ပါ။
အဲဒါကိုတစ်စိတ်တည်းထားတယ်လို့ ဆိုလိုတာပါ။ အဲဒီကမှ
တစ်ဆင့် ရင့်ကျက်ပြည့်ဝလာပြီ ဆိုရင်တော့ ဥပဓိဝိဝေက၊
စိတ္တ၀ိတော၊ ဥပဓိဝိဝေကဆိုတဲ့ ၀ိဝေကတရား သုံးပါးတို့ကို
မဇ္ဈိမနိကာယ်၊ မူလပဏ္ဍာသ ပါဠိတော်မှာ အသေအချာ ပြ
ထားပါတယ်။

တစ်ယောက်တည်းနေခြင်း(ကာယ၀ိဝေက)

သမာဓိတရား ကမ္မဋ္ဌာန်းတရား ပွားများနေခြင်း၊ သမာပတ်
ဝင်စားခြင်း
(စိတ္တ၀ိဝေက)

`စိတ္တ၀ိဝေကော ကိလေသသင်္ဂဏိကံ ၀ိနောဒေတိ=
စိတ္တ၀ိဝေကသည် လောဘ၊ ဒေါသ၊ မောဟစသော
အပေါင်းအသင်းများကို ပယ်ရှား၍ နေထိုင်ခြင်းဖြစ်
သည်။

သန္တိသုခ လွန်အေးမြတဲ့ ဆိတ်ငြိမ်ရာနိဗ္ဗာန်ကို အာရုံ
ပြုခြင်း(ဥပဓိဝိဝေက)လို့မှတ်သားနိုင်ပါတယ်။

ဝိဝေကသုခဖြင့် ငြိမ်းချမ်းမှုကိုရယူနိုင်ကြပါစေ။

ဒါကြောင့်မို့ တရားဓမ္မကို လုံ့လကြိုးကုတ် အားထုတ်
တော်မူကြတဲ့ သူတော်စင်တွေဟာ ဆိတ်ငြိမ်ရာ
(၀ိဝေက)နေရာကို ယူတော်မူခြင်းဖြစ်တယ်။

အရညဂတောဝါ- တောအရပ်သို့ချဉ်းကပ်သွားရောက်
ပြီး တရားအားထုတ်ခြင်း၊

ရုက္ခမူလဂတောဝါ- နေပူ၊ လေမိုးလုံခြုံတဲ့ သစ်ပင်ရိပ်
ကောင်းကောင်းကိုအမှီပြုရခြင်း။

သုညာဂါရဂတောဝါ - ဆိတ်ငြိမ်ပြီးအေးချမ်းမှုရရှိနိုင်တဲ့
နေရာမျိုးကိုရွေးချယ်ခြင်း။ ဒီနေရာသုံးမျိုးအနက် တစ်
နေရာရာကိုရွေးချယ်ပြီး ကိုယ်ခန္ဓာကိုဖြောင့်မှန်စွာထား
လျက် တင်လ္လင်ခွေ ထိုင်ကာ သတိကိုပဓာနပြု တရား
အားထုတ်ပါလို့ မဟာသတိပဋ္ဌာနသုတ်မှာ ဗုဒ္ဓမြတ်စွာ
ဘုရားက မိန့်ကြားတော်မူပါတယ်။

ဆိတ်ညငိမ်မှုဝိဝေကရဖို့ဟာ ဘယ်လောက်အရေးကြီး
တယ်ဆိုတာ ထင်ရှားပါတယ်။

အဲသလို စိတ်ငြိမ်ရာသို့ ချဉ်းကပ်ပြီး တရားရှုမှတ်ကြရာမှာ
တောဖြစ်စေ၊ သစ်ပင်ရင်းမှာဖြစ်စေ၊ ဆိတ်ငြိမ်မှုရတဲ့နေရာ
မှာဖြစ်စေ၊အကယ်၍အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ပေါ်
ကြုံတွေ့လာရင် ကာကွယ်နည်းကိုလည်း ဗုဒ္ဓဘုရားရှင်က
လမ်းညွှန်မိန့်ကြားချက်များရှိသေးတယ်။

``ရဟန်းတို့ ငါဘုရားသည်ကား ဤသို့ဟောတော်မူ၏။
ရဟန်းတို့ တောအရပ်ဒေသသို့ကပ်ရောက်သည်မူလည်း
ဖြစ်ကုန်သော၊ သစ်ပင်ရင်းသို့ ကပ်ရောက်တောမူသည်
လည်းဖြစ်ကုန်သော၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်
တော်မူသည်လည်းဖြစ်ကုန်သောသင်တို့အာ ကြောက်ရွံ့
ထိတ်လန့်ခြင်းသည်လည်းကောင်း၊ ထိတ်လန့်တုန်လှုပ်
ခြင်းသည် လည်းကောင်း ကြက်သီးမွှေးငြင်းထခြင်းသည်
လည်းကောင်း၊ အကယ်၍ဖြစ်ပေါ်ငြားအံ့(ဖြစ်လာအံ့)။

ထိုအခါ ငါဘုရားကိုသာလျှင် အဖန်တလဲလဲ အောက်မေ့
ကြကုန်လော့´´(သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊
သက္ကသံယုတ်၊ ဓဇဂ္ဂသုတ်)

ဆိုလိုတာကတော့ ၀ိဝေကသုခရဖို့အတွက် တစ်ယောက်
တည်းနေတစ်စိတ်တည်းထားရန် ကြိုးစားကြရန်မှာ
ကြောက်ရွံ့ထိတ်လန့်မှု၊ကိုယ်တုန်လှုပ်မှု၊ ကြက်သီးမွှေးညှင်း
ထမှု၊ ( တစ်ဦးတစ်ယောက်၊တစ်စုံတစ်ယောက်၏ နှောက်
ယှက်မှု) တွေ့ကြုံလာပါက ငါဘုရားကို အောက်မေ့လိုက်ပါ
လို့ ( မကြောက်ဆေးကို ) ပေးခြင်းဖြစ်ပါတယ်။

``ငါဘုရားကို အောက်မေ့ပါ´´ဆိုရာမှာဗုဒ္ဓဘုရား၏ ဂုဏ်
တော်ကိုးပါးတို့ကို နှလုံးသွင်းဆင်ခြင်အောက်မေ့ခြင်းဖြစ်ပါ
တယ်။ ငါဘုရားရဲ့ဂုဏ်တော်ကိုးပါးသာမက တရားဓမ္မရဲ့
ဂုဏ်တော်ခြောက်ပါး၊ သံဃာတော်ရဲ့ဂုဏ်တော်ကိုးပါးတို့ကို
အောက်မေ့ရန် ညွှန်ကြားထားတော်မူပါတယ်။

ဘေးရန်ခပ်သိမ်းကင်းငြိမ်းစွာ ဆိတ်ငြိမ်အေးချမ်းမှုကို ရရှိ
နိုင်ကြပါစေ။

ဘဒ္ဒ န္တဇနိန္ဒသာရ ( သဒ္ဓမ္မဇောတိကဓဇ )
ဓမ္မ၀ီရဂျာနယ်၊ ၂၀၀၉၊ ဧပြီ(၂၈)ရက်

No comments:

Post a Comment