Thursday, February 27, 2014

မြူရွက်သုပ်


မြူရွက်လေးတွေမြင်တော့..ဟိုးတက္ကသိုလ်တက်ချိန်...တောင်သမန်အင်းဘေးကို သတိရမိပါတယ်...ငါးကပ်ကြော်၊ လယ်ပုစွန်ခွက်ကြော် ၊ ပုစွန်ကြော်တွေနဲ.မြူရွက်သုပ်စားရတာကိုနှစ်သက်လို.ကျောင်းကနေတောင်သမန်အင်းထိ..စက်ဘီးစီးပြီးသွားစားခဲ့ရတဲ့..အချိန်တွေကို

မြူရွက်သုပ်
*******

မြူရွက်..............၂ စည်း
ကြက်သွန်နီ+ဖြူဆီချက်
မြေပဲလှော်ထောင်း
နှမ်းလှော်
ပဲမှုန်.အကျက်
ဆား+ ဟင်းခတ်မှုန်. ..အနည်းငယ်စီ

မြူရွက်တွေကို..နုတဲ့အပိုင်းလေးတွေသင်ပြီး..ရေဆေးထားပါတယ်..။

ကြက်သွန်ဖြူ +နီ ကိုရောပြီး..နနွင်းမှုန်.လေးနဲဆီချက်ချက်ပါတယ်..။

မြေပဲလှော်..အခွံတွေဖယ်ကာ..မညှက်တညှက်လေးထောင်းထားပါတယ်..။

ပွက်ပွက်ဆူနေတဲ့ရေမှာ..မြူရွက်တွေကို အရောင်မပြောင်းအောင်ရေနွေးဖျော
ကာ ရေအေးလောင်းအအေးခံကာ..ရေတွေကိုကုန်စင်အေင်ညှစ်ထုတ်လိုက်
ပါတယ်။

ခပ်ကြမ်းကြမ်းလေးလှီးဖြတ်ကာ...နီ+ဖြူ ဆီချက် ၊ ပဲကျက်မှုန်. ၊မြေပဲထောင်း၊ နှမ်းလှော်တွေရောထည့်ကာ ဆား၊ ဟင်းခတ်မှုန်.တို.ကိုပါသည်ဆိုရုံလေးထည့်ကာ..စိမ့်စိမ့်လေးစားရတဲ့မြူရွက်သုပ်ကို..အကြိုက်ဆုံးပါ။

Shared from ဟင်းချက်နည်းများ (FB)

No comments:

Post a Comment