Monday, February 24, 2014

အတွေးအခေါ်လေးများ


၎။ ထပ်မျှခံစားခြင်း (Empathy)
ကောင်းသောခေါင်းဆောင်းတစ်ဦးသည် ထပ်တူထပ်မျှခံစားတတ်မှုရှိသည်။ ထပ်မျှခံစားတတ်မှုသည် အခြားသူမှ မည်သို့ ခံစားရသည်ကို သိရှိနားလည်းသော အရည်အချင်းတခု ဖြစ်သည်။
ထပ်မျှခံစားတတ်မှုရှိသောသူတွင် လူ့စွမ်းရည် ရှိသည်။ အဓိပ္ပါယ်မှာ လူများကို စောင့်ရှောက်ခြင်းနှင့် ဆက်ဆံရေးပြေပြစ်ခြင်းတို့ဖြစ်သည်။ ထပ်မျှခံစားတတ်သောသူသည် သူ့အတွက်
အလုပ်လုပ်ပေးသောသူများတို၏ ခံစားမှုများကို စဉ်စားပေးသည်။ သင်ချီးမွှမ်းကြည်ညိုသောသူတစ်ဦးချင်းအကြောင်းကို စဉ်းစား၍ ၄င်းတွင်ရှိသော အရည်အချင်းကောင်းများကို ကြိုးစား၍
အတုယူပါ။ သင်ကိုယ်တိုင် ၀န်ထမ်းများ၏နေရာအတွင် နေကြည့်ပါ။ သင်ပြုမှုဆက်ဆံလိုသည့်အတိုင်း သူတို့အား ပြုမှုဆက်ဆံပါ။

၅။ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချခြင်း (Self-confidence)
ကောင်းသောခေါင်းဆောင်တဦးသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိသည်။ မအောင်မြင်မှုအပေါ် မစိုးရိမ်နှင့်။ အောင်မြင်မှုအတွက် သင်၏ ကျွမ်းကျင်မှုအရည်အချင်းများဖြင့် အနာဂတ်အတွက် ချမှတ်ရမည့်
ပန်းတိုင်များ တနေ့တာဆောင်ရွက်ရမည့် အလုပ်များအတွက် အစီအစဉ် ချပါ။ ခေါင်းဆောင်တစ်ဦးဖြစ်လိုခဲ့သော် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အလွန်အကျွံ မဟုတ်သော ရည်မှန်းချက်ပန်းတိုင်၊
တိုတောင်းသော ရည်မှန်းချက်ပစ်မှတ်များ ချမှန်ခြင်း ဖြစ်သည်။ အကယ်၍ မူလ အစီအစဉ်က သင်မျော်လင့်သည့်အတိုင်း အောင်မြင်မှုမရပါက ၄င်အတွက် အကူအညီပေးမည့် အရံအစီအစဉ်တခုကို
အဆင်သင့် လုပ်ထားရမည်း။

၆။ တီထွင်ဖန်တီးနိုင်မှုနှင့် စွမ်းပကား (Creativity and Drive)
ခေါင်းဆောင်းကောင်းတစ်ဦးသည် အစီအစဉ်သစ်များ အရေယူဆောင်ရွက်ရာတွင် ဖန်တီးနိုင်မှုနှင့် စွမ်းပကားများကို အသုံးပြုသည်။ သင့်အလုပ်ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ပိုမိုကောင်းမွန်သော
နည်းလမ်းများအတွက် လမ်းဖွင့်ထားပါ။ ၀န်ထမ်းများ၏ ထင်မြင်ယူဆချက်များကို သင်အားပြောပြနိုင်ရန်အတွက် အားပေးအားမြှောက်မှုပြု၍ ၄င်တို၏ ထင်မြင်ယူဆချက်များကို သင်အသုံးပြုသောအခါ
သူတို့အား သင့်တော်သလို ဂုဏ်ပြုချီးကျူးပါ။

၇။ အင်အား၊ စိတ်တက်ကြွခြင်းနှင့် အကောင်းမြင်ခြင်း (Energy, Enthusiasm and Optimism)
ခေါင်းဆောင်ကောင်းတစ်ဦးသည် အင်အားများစွာနှင့် အပြုသဘောဆောင်မှုရှိသည်။ စိတ်ထက်သန်၍ ပျော်ရွှင်သောအခါ သင်နှင့် အခြားသူများကို လှုံ့ဆော်ပေးနိုင်သည်။ သင့်ပတ်ဝန်းကျင်၌
ဖြစ်ပေါ်လာသော အခြင်အရာများကို သင်စိတ်အားရုံ၌စူးစိုက်ထားပါက ကောင်ေးသာ စိတ်ခံစားမှုများကို သင်က ထုတ်ဖေါ်ပြသနိုင်မည်ဖြစ်သည်။ အတွင်းမှ စိတ်ခံစားမှုသည် အပြင်သို့ ထုတ်ဖေါ် ပြခြင်းဖြစ်သည်။

၈။ ရိုးသားဖြောင့်မတ်ခြင်း ( Integrity)
သင့်အား ကောင်းသောခေါင်းဆောင်တစ်ဦးဖြစ်စေသော အရည်အချင်းကောင်းတခုမှာ ရိုးသားဖြောင့်မတ်ခြင်းဖြစ်သည်။ဖြောင့်မတ်ခြင်းရှိသောခေါင်းဆောင်များသည် မိမိပြောသောစကား၊ ပေသောဂတိများ
ဖောက်ဖျက်ခြင်း မရှိပါ။ သူတို့ ပြောဆိုသော အရာနှင့် လုပ်သောအလုပ် ကွားခြားချက်မရှိပါ။ သူတို့၏ နမူနာစံပြ အဖြစ်ဦးဆောင်နိုင်သည်။

၉။ ဟာသဥာဏ်ရွှင်ခြင်း (Sense Of HUmor)
ဟာသဥာဏ်ရွှင်ခြင်းသည် အခြားသူများနှင့် မိမိကိုယ်၌စိတ်ပိုင်းဆိုင်ရာ ကျန်မာခြင်းတို့အား များစွာအကူအညီပေးသည်။ ခေါင်ဆောင်းကောင်းတစ်ဦးသည် ဟာသဥာဏ်ရွှင်မှု တိုးပွားစေရန်နှင့် ဆက်လက်
ထိန်းထားခြင်းတို့ ကြိုးစားဆောင်ရွက်သင့်သည်။

၁၀။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းခြင်း (Self-Control)
၎င်၏ ဘ၀၊ ခံစားမှုများ၊ လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်သောသူသည် အခြားသူတို့အား ၄င်၏ လုပ်ဆောင်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ဆွဲဆောင်နိုင်သည့် အတွင်တန်ခိုးအာဏာများကို
တိုးတက်လာစေသည်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်မှုသည် ခေါးဆောင်တစ်ဦးအား စိတ်ဖိစီးကျပ်တည်းမှုများကို အောင်မြင်စွားဖြေရှင်းစေနိုင်သည်။

၁၁။ ထိရောက်သောဆက်ဆံရေ (Effective Communication)
ထိရောက်သောဆက်ဆံရေးကြောင့် လူများတစ်ဦးနှင့်တစ်ဦး နားးလည်လာကြသည်။ ထိရောက်သော ဆက်ဆံရေးသည် နားထောင်ခြင်းနှင့် ပြောဆိုခြင်းအရည်အချင်း နှစ်မျိုးစလုံး လိုအပ်နေသည်။
သင်မပြောမှီ သေချာစွာစဉ်စားပါ။ ထိရောက်သော ဆက်ဆံရေးဖြင့် ၀န်ထမ်းများ၏ စိတ်ကို လှုံ့ဆော်ပေးနိုင်ခြင်းနှင့် သူတို့သည် အရေးကြီးကြောင်း စိတ်ခံစားမှုဖြစ်လာစေသည်။

၁၂။ သူများအတွက်ကိုယ်အနစ်နာခံခြင်း (Self-Denial)
တခါတရံ ခေါင်ဆောင်တဦးသည် အဖွဲ့အစည်လိုအပ်ချက်များအား မိမိကိုယ်ပိုင်လိုအပ်ချက်များထက် ရှေ့တန်းတင် ဆောင်ရွက်ပေးရမည်။ ခေါ်းဆောင်တဦးသည် လုပ်ငန်းအခက်အခဲများကိုလက်ခံ၍
မိမိမကျေနပ်မှု၊ ငြီးတွားမှုများ ထုတ်ဖော်ခြင်းမပြုပေ။

၁၃။အကျင့်စာရိတ္တ မြင့်မားခြင်း (High Character)
အောင်မြင်သောခေါင်ဆောင်မှုတဦးသည် မိမိ အပေါ်နှင့် အခြားသူများအပေါ် ရိုးသားဖြောင့်မတ်ရမည်။ အခက်အခဲများ၊ စိတ်ပျော်ရွှင်မှု မရှိသောအခြေအနေများနှင့် ကြုံတွေ့ရသောအခါ သတ္တိရှိစွာဖြင့်
ရင်ဆိုင်နိုင်သည်။ သူသည် ရိုးသား၍ အားထားနိုင်သောသူ ဖြစ်ပြီး သူ့အမှာများအား ဝေဖန်သောအခါ ကြောက်ရွံ့မှု မရှိပေ။

၁၄။ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း (Job Competence)
ခေါင်းဆောင်တဦးဖြစ်ရန်အတွက် ထိုသူသည် မိမိကြီးကြပ်ဆောင်ရွက်ရသော အလုပ်ကို ကောင်မွန်စွာ ဆောင်ရွက်နိုင်ရန် အတွက် မိမိလိုအပ်သော အသိပညာနှင့် စွမ်းဆောင်ရည်များရှိရမည်။

၁၅။ အမြော်အမြင်၊ တီထွင်ဆန်းသစ်မှုနှင့် တိုက်တွန်းနိုင်ဆောင်မှုအရည်အချင်း(Vision and the Ability to Innovate and Inspire)
ခေါင်းဆောင်ကောင်းတစ်ဦးသည် အနာဂတ်ကို မျှော်ကြည့်သည်။ ရည်မှန်းချက်များချမှတ်၍ ညွန်ကြားချက်အသစ်များကို စီစဉ်ဆောင်ရွက်၍ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကြောင်းအရာတို့ကိုလည်း
ပါဝင်ဆောင်ရွက်နိုင်သည်။ သူသည် သဘောထားကြီး၍ အယူအဆအသစ်မျကို လက်ခံနိုင်သည်။ ၀န်ထမ်းများမှ ပြောင်းလဲမှုများကို ကြိုဆိုလက်ခံနိုင်ရန်အတွက် စိတ်ဓါတ်မြင့်တင်ပေးနိုင်သည်။

ကိုမျိုး
www.kanaung.net

No comments:

Post a Comment