ယောက်ျားမာယာက မိန်းမမာယာထက်
သာတာတော့ အမှန်ပဲ၊ ညောင်ကန်ဆရာတော်
လုံးလုံး မကြည့်တဲ့ ကျမ်းစာ တစ်အုပ်ရှိတယ်။
အဲဒီကျမ်းကို သံပျင်ဋီကာလို့ခေါ်တယ်။ ဘာဖြစ်
လို့မကြည့်တာလဲဆိုတော့ ဏှာပူးကျပြီးရေးထား
တဲ့ကျမ်းမို့လို့ မကြည့်တာလို့ဆိုတယ်။
ဦးသုမနနှင့်ဦးခေမိန္ဒတို့က စိတ်ဝင်တစားပြိုင်တူ
မေးလိုက်မိကြသည်။
ဘယ်လို ဏှာပူးကျတာလဲ
ပုဂံခေတ်ကပေါ့၊ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်
ကို ကျကျနနတတ်မြောက်ကျွမ်းကျင်လို့ ကျစွာ
လို့အမည်ရတဲ့မင်းကြီးတစ်ပါးပေါ်ဖူးတယ်။ သဒ္ဒါ
ငယ်၁၅ စောင်ထဲက သဒ္ဒါဗိန္ဒုကျမ်းဆိုတာ ကျစွာ
မင်းကြီးရေးသားခဲ့တာပေါ့။ အဆင့်မြင့်တယ်။ ပါဠိ
ဂါထာတွေနဲ့ရေးထားတာ။
အဲဒီမင်းကြီးမှာ သူ့လိုပဲ ပိဋကတ်ကိုကျွမ်းကျင်တဲ့
သမီးတော်တစ်ပါး ရှိတယ်။ သံပျင်မင်းသမီးလို့ ခေါ်
တယ်။ သမီးတော်ကလည်းဘယ်လောက် စာတတ်
သလဲဆိုရင် ရဟန်းတော်တွေကိုတောင် စာချပေးရ
တယ်။ အမျိုးသမီးနဲ့ ရဟန်းတော်တွေဆိုတော့ မြင်
နေရင်မသင့်တော်လို့ တင်းတိမ် ကန့်လန့်ကာ ကာပြီး
စာပေပို့ချပေးတယ်။
ဒီအချိန်တုန်းက ပေရွက်တွေပဲရှိသေးတာပေါ့။ ရဟန်း
တော်တွေကပါဠိလိုရေးထားတဲ့ ပေရွက်တွေကိုကြည့်
နေရတယ်။ သမီးတော်က တင်းတိမ် ဟိုးဘက်ကနေ
အနက်၊ မြန်မာပြန်ပြီး အဓိပ္ပါယ်ရှင်းရတာပေါ.။ အဲဒီ
စာသင်သားရဟန်းတော်တွေထဲက အသက်ငယ်ငယ်
ရဟန်းတော်တစ်ပါးဟာ မင်းသမီးအသံကိုကြားရတာ
နဲ့ ချစ်ခင်သွားသတဲ့
ဒီတော့ ၊ အဲဒီကိုယ်တော်က သမီးတော်ကိုမြင်ဖူးချင်
တော့ နောက်တစ်နေ့ စာတက်အလာမှာ ပေရွက်ထဲ
စာကြောင်းတစ်ကြောင်း သူ့ဟာသူရေးတည့်လာတယ်။
သူရေးထည့်လာတဲ့ ပါဠိက ဟိံဇာလေ၊ဟေဟေယျုံ တဲ့၊
အဲဒီနေ့က စာတက်ပြီးလို့ တခြား ကိုယ်တော်တွေ ပြန်
သွားတော့ သူကတစ်ပါးတည်းကျန်မှ တင်းတိမ်ထဲက
မင်းသမီးကို အသံပြုလိုက်သတဲ့
မင်းသမီး အနက်ပြန်ရအောင် စာတစ်ကြောင်းကျန်နေ
ပါတယ် ဆိုတော့ မင်းသမီးက ဒီပေစာကို တပည့်တော်
ပို့ချနေတာ အတော် ကြာပါပြီ၊ မကျန်ပါဘူး ဘုရားလို့
လျှောက်တော့ အကြံသမား ကိုယ်တော်က မယုံရင်
အသင်မင်းသမီးကိုယ်တိုင်ကြည့်ပါလို့ပြောတော့မင်းသမီး
လည်း ရုတ်တရက် တင်းတိမ်ကိုမပြီး ကြည့်မိသတဲ့
စာတစ်ကြောင်းကိုတွေ့တာနဲ့ ထပ်ဖြည့်ထားမှန်း
မင်းသမီးကသိပါသတဲ့၊ ဒါပေမဲ့ကိုယ်တော်ကျေနပ်အောင်
အနက်ကတော့ပေးလိုက်ပါတယ်။ဟိံ၊တံငါသည်တို့သည်၊
ဇာလေ၊ ကွန်ယက်ကို။ ဟေဟေယျုံ၊ ပစ်လွှင့်ကြကုန်၏
တဲ့။ မင်းသမီးကတော့အနက်ပေးပြီး သူ့နေရာသူပြန်သွား
တယ်။ ဘာမှမဖြစ်ဘူး။မင်းသမီးကိုမြင်သွားတဲ့ကိုယ်တော်
မှာတော့ အဲဒီနေ့ကစပြီးရာဂမီးလောင်လိုက်တာ စာလည်း
မလိုက်နိုင်၊ ဆွမ်းလည်းမစားနိုင်တော့ဘူးတဲ့။
ထိုစကားအရောက်တွင် ဦးခေမိန္ဒက စကားတစ်ချက်
ထောက်ပေးသည်။
ဦးသီလာစာရ၊ မိန်းမဆိုတာ ရဟန်းတော်တွေ သတိ
ထားသင့်တဲ့ အန္တရာယ်တစ်ခုပါပဲလား
ဟုတ်တာပေါ့ ဦးခေမိန္ဒ၊ ဒါကြောင့်ရှေးပညာရှိများက
ဘိက္ခုသေမင်း ဓားနှစ်စင်းလို့ ဆိုထားကြတယ်။
မိန်းမနဲ့ငွေဟာ ရဟန်းဘ၀က လူ့ဘ၀ရောက်အောင်
သေအောင်သတ်ဖြတ်တတ်လို့ ဓားနှစ်စင်းလို့နာမည်
ပေးခဲ့တာပေါ့။
ဒါနဲ့နောက်ဆုံး ကျစွာမင်းကြီးသိသွားတော့ အသက်
တစ်ချောင်းတော့ အလဟဿ မဆုံးရှုံးပါစေနဲ့၊ သမီး
တော်ကိုလိုချင်ရင် ဋီကာကျမ်းတစ်ကျမ်းကို အဆင့်မှီ
အောင်ရေးပြီး ဆက်သွင်းပါလို့ အမိန့်ချတော့ အဲဒီ
ရဟန်းလည်းကျမ်းမျိုးစုံကို မွှေနောက်ခြောက်ခြားပြီး
ရေးလိုက်တာအခုပြောနေတဲ့ သံပျင်ဋီကာဆိုတာ ဖြစ်
သွားတာပေါ့။
ကတိအတိုင်း ကျစွာမင်းကြီးကလည်း ရဟန်းတော်
ကို လူဝတ်လဲစေပြီးသမီးတော်နဲ့ပေးစားခဲ့ပါတယ်
သြော် ဒါကြောင့် ဆရာတော် ဦးဗုသ်က ဏှာပူးကျ
ပြီးရေးတဲ့ကျမ်းမဖတ်ချင်ပါဘူးလို့ ဆိုတာကိုး
ဟုတ်တာပေါ့။ ဒီဖြစ်ရပ်မှာ အပေါ်ယံကြည့်ရင်တော့
ရဟန်းတော်ဟာ သူလိုချင်တဲ့ ဘုရင့်သမီးတော်ကိုရ
သွားလို့ ၀မ်းသာစရာပေါ့။ နက်နက်နဲနဲကြည့်ရင်တော့
ဝမ်းနည်းစရာကြီးပါ။
ဘယ်လိုဝမ်းနည်းစရာလဲ ဦးသီလာစာရ
ဦးသုမနပင်စိတ်ဝင်တစား မေးလိုက်မိသည်။
ဦးသီလာစာရက
ဦးသုမနစဉ်းးစားကြည့်လေ ဂေါတမဘုရားတောင်
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တဲ့ အချိန်
အတွင်းမှာ ရဟန်းဘ၀ကို ကိုးဘ၀ပဲရခဲ့တယ်။ အရှင်
ဘုရားတို့တပည့်တော်တို့လို လူတွေမှာတော့ ရဟန်း
ဘ၀ တစ်ဘ၀တောင်ရဖို့ မလွယ်ပါဘူး။
ဒါကြောင့်လဲ အဂုတ္ထိုရ်ပါဠိတော်မှာ ပဗ္ဗဇ္ဇိတဘာဝေါ
ဒုလ္လဘော ရဟန်းဘ၀ကိုရခဲတယ်လို့ ဘုရားကဟော
တာပေါ့။ ဒီလောက်ရခဲတဲ့ ရဟန်းဘ၀ကို စွန့်ပြီး
မင်းသမီးကိုယူလိုက်တယ်ဆိုတာ သာသနာ့မျက်စိနဲ့
ကြည့်ရင်သူ့အတွက် ဆုံးရှုံးသွားတာဖြစ်လို့ ၀မ်းနည်း
စရာကြီးပါ။
ဥပမာ ရိုင်းရိုင်းပြောရရင် သလေးထမင်းနဲ့ ခွေးအန်
ဖတ်ကိုလဲစားရသလိုဘဲပေါ့။ လူတွေဟာ အရလွယ်
တဲ့အရာကို အထင်သေးတတ်တာ ဓမ္မတာပါပဲ။ အရှင်
ဘုရားတို့ တပည့်တော်တို့မြန်မာပြည်က ရဟန်းတော်
တွေဟာ ရဟန်းဘ၀ကို လွယ်လွယ်ကူကူရခဲ့ကြတော့
တန်ဖိုးမထားကြဘူး။ အထင်သေးကြတယ်။
နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားကနေ
ဗုဒ္ဓဘာသာ ရဟန်းတော်ဖြစ်လာရတဲ့ အီတာလျှံလူမျိုး
ဦးလောကနာထဆိုရင် သူ့ဦးလေးက အီတလီကနေ
မြန်မာပြည်ကို ပြန်ခွင့်မပေးဘူး။ သာသနာပြုခွင့်မပေး
ဘူးလို့ အကျပ်ကိုင်တော့အစာငတ်ခံပြီးဆန္ဒပြတယ်
လေးငါးခြောက်ရက် သေခါနီးမြော့မြော့ကျန်တဲ့အထိ
ဆန္ဒပြမှ သူ့ဦးလေးက အလျှော့ပေးပြီး မြန်မာပြည်ကို
ပြန်ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ပညာရှိ နှိပ်စက်နည်းနဲ့
လမ်းစားရိပ်တစ်ပြားမှ မထောက်လိုက်ဘူး။ရဟန်းတော်
ဆိုတော့ဘယ်ကမှလည်းငွေမရနိုင်လို့ ဦးလောကနာထ
ဟာ အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ သြစတေးလျ၊
ပါလက်စတိုင်း၊ အိန္ဒိယစတဲ့ နိုင်ငံပေါင်းဆယ်နိုင်ငံကိုခြေ
ကျင်ကျော်ဖြတ်ပြီးမြန်မာနိုင်ငံကို အရောက်ပြန်ခဲ့တယ်။
မြန်မာနိုင်ငံက ပြင်ဦးလွင်မြို့မှာပဲ ပျံလွန်တော်မူတဲ့အထိ
သီတင်းသုံးသွားခဲ့တယ်။
ရဟန်းဘ၀ကို ဘာဖြစ်လို့ဒီလောက်ထိအောင်တန်ဖိုးထား
ရသလဲဆိုရင် နောက်ဘ၀မှာ
လူဖြစ်ဖို့
ယောက်ျားဖြစ်ဖို့
မြန်မာပြည်မှာဖြစ်ဖို့
ဗုဒ္ဓဘာသာဖြစ်ဖို့
ရဟန်းဖြစ်ဖို့ဆိုတဲ့ အချက်ငါးချက်နဲ့ပြည့်စုံဖို့ မလွယ်လို့ဆို
တာ သေချာသိထားလို့ဘဲ။ အရှင်ဘုရားတို့ တပည့်တော်
တို့လည်း ရဟန်းဘ၀ကို လွယ်လွယ်ရခဲ့တာဆိုပြီးအထင်
မသေးသင့်ဘူး။ နောက်ဘ၀မှာ ဒီအချက်ငါးချက်နဲ့ပြည့်စုံ
ဖို့ဆိုတာ တော်တော် ခဲယဉ်းတာ မဟုတ်လား။
မေတ္တာရှင် ရွှေပြည်သာ
စာရိတ္တသတ္တိ
စာရိတ္တသတ္တိ
No comments:
Post a Comment